By Kyi Soe (IC), Shweproperty.com
Updated at 30 November 2017
ဂရန်ထဲက မူလပိုင်ရှင်ထံ နို့တစ်စာသဘောမျိုး စာရေးပါ။ (ပိုင်ရှင်မရှိတော့လို့ ဘယ်အကြောင်း ပြန်ပါ့ မလဲ)
ဒီတော့ မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးစေလိုမှုနဲ့ တရားစွဲပါ။ (ဥပဒေထဲမှာ အတိအလင်း ပါရှိနေလို့ တရားစွဲရတာ လွယ်ပါတယ်)
ဂရန်ထဲက အမည်ပေါက်ပိုင်ရှင် မရှိလို့မလာ၊ မလာလို့တစ်ဖက်သတ် ဆက်စစ်၊ ပြီးတော့အနိုင်ရမယ်။
ပြီးရင် "ဇာရီ"မှုဖွင့်ပြီး မြေပုံရာဇဝင် ထုတ်မယ်။ စာချုပ်ချုပ်မယ်။ (နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ ရှေ့နေ လိုပါတယ်။ ဒါပေမဲ့ ကိုယ်ကအသေးစိတ် သိထားသင့်တယ်။)
ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၅၅(ဃ) အရ "မရွှေ့" ပစ္စည်းရောင်းချသူသည် မှတ်ပုံတင် စာချုပ် ချုပ်ဆိုပေးပါမည်ဟု အဓိပ္ပာယ် သက်ရောက်နေပါသည်။
ဒါကြောင့်မို့ တရားစွဲရ လွယ်ကူပါတယ်။
တရားစွဲဆိုရာမှာ ပိုင်ရှင်ဖြစ်သူမရှိသည့်အတွက် တစ်ဖက်သတ် အနိုင်ရမှာဖြစ်ပါတယ်။
အဲဒီလို "အနိုင်ဒီဂရီ" ရပြီးလျှင် ထို "အနိုင်ဒီဂရီစာရွက်" ကနေ "လူ" ဖြစ်လာပြီးတော့ လိုတာတွေ လုပ်ကိုင်ပေး စာချုပ်ကြီး ဖြစ်သည်အထိ အကျိုးတော်ဆောင်ပေးတဲ့ အလုပ်တွေလုပ်တာကို "ဇာရီ" မှုလို့ပဲ မှတ်ထားပါ။ ကိုယ်က ရှေ့နေမှ မဟုတ်ဘဲ ဒီလောက်သိလျှင်တော်ပြီ။ ရင်းနှီးပြီး သားရှေ့နေတစ်ယောက်လဲ လိုအပ်ပါသည်။
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties