By Kumudra, Shweproperty.com
Updated at 23 June 2018
မြေချပါမစ်တွေကို၂၀၁၂ခုနှစ် နောက်ပိုင်းက စပြီး အတုအစစ်တွေကို ခွဲခြားဖို့ လိုအပ်လာပြီး မြေချပါမစ်ထုတ်ပေးပုံ အဆင့်ဆင့်ကို လေ့လာသိရှိထားဖို့ လိုပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ရှင်းလင်းချက်အရ မြေချပါမစ် ဆိုတာ စည်ပင်သာယာရဲ့ အုပ်ချုပ် မှုမရှိသေးတဲ့ မြို့သစ်တွေမှာ အိမ်ရာဆောက်လုပ်ဖို့ စည်းကမ်းချက်တွေ သတ်မှတ်ပြီး ချထားတာ ဖြစ် ပါတယ်။
လွှဲပြောင်းရောင်းဝယ်ခွင့် ရှိမရှိ
မြေချပါမစ်တွေကို သတ်မှတ်စည်းကမ်းချက်တွေရှိလို့ တစ်ဆင့်ရောင်းဝယ်တာတွေ၊ လက်လွှဲခြင်း မပြုနိုင်ဘဲ အိမ်ရာအဆောက်အအုံ ဆောက်လုပ်ပြီးစီးရင်မြေအငှားစာ ချုပ်လျှောက်ထားရမှာဖြစ်ပါတယ်။
လွှဲပြောင်း
၂၀၁၂ခုနှစ်က သည်နေ့အထိ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းတွေကို ပြန်လွှဲပြောင်းပေးနေပြီး ဆောင်ရွက်ဆဲအိမ်ရာစီမံကိန်းတချို့သာ ကျန်ရှိပြီး ၉၅ရာခိုင်နှုန်းခန့်အထိ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ အိမ်ရာစီမံကိန်းတွေကိုလည်း အပြီးသတ်လွှဲပြောင်းဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ညွှန်ကြားမှ မြေချပါမစ် ထုတ်ပေး
၂၀၁၂ခုနှစ်ကစပြီး မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အစီအစဉ်နဲ့ မြေချပါမစ်ချပေးတဲ့ လုပ်ငန်းကို ဆောင်ရွက်ခြင်းမပြုတော့ဘဲ ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကသာ ချပေးနေကြောင်း သိရပါ တယ်။ အစိုးရအဖွဲ့က မြေချပါမစ် ထုတ်ပေးဖို့ညွှန်ကြားလာရင်မြေချ ပါမစ်တွေကိုဆောင်ရွက်ပေးပါတယ်။
ဌာနဆိုင်ရာ လုပ်သက် ၁၅ နှစ်အထက် ရသူတွေ မြေချပါမစ်ရ
၁၉၈၈ခုနှစ်နောက်ပိုင်းမှာ ဝန် ကြီးဌာနတွေ၊ အုပ်ချုပ်ရေးမှူး အဖွဲ့အစည်းတွေက မြို့သစ်မြေတွေကို ရွှေ့ပြောင်းပေးတဲ့အခါ သိမ်းပြီး မြေချပါမစ် ထုတ်ပေးခဲ့ပါတယ်။ လုပ်သက် ၁၅နှစ်အထက် ဝန်ထမ်း မြေကွက်ရရှိသူတွေနဲ့ ကာကွယ် ရေးဝန်ကြီးဌာနက ထိခိုက်၊ ကျ ဆုံး၊ ဒဏ်ရာရ စစ်သည်တွေနဲ့ သူတို့ရဲ့ အမွေဆက်ခံသူတွေကို ချထားပေးတဲ့မြေကွက်တွေကို မြေချပါမစ်ထုတ်ပေးခြင်းတွေ ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
အိုးအိမ်က ထုတ်မပေးတော့ပါ
မြေယာလက်ရောက် ရယူမှု မရှိဘဲနဲ့ မြေချပါမစ်ကိုသာရယူပြီး အဆင့်ဆင့်လက်လွှဲရောင်းချနေ ခြင်းတွေနဲ့ မြေချပါမစ် အတုတွေ ပြုလုပ်ရောင်းဝယ်မှုတွေ ဖြစ်ပေါ် လျက်ရှိပြီး မြို့ပြအိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနဲ့ ၂၀၁၂ ခုနှစ်က စလို့ မြို့သစ်တွေမှာရှိတဲ့ မြေကွက်တွေကို ဦးစီးဌာနအနေနဲ့ မြေချပါ မစ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းမရှိတော့ကြောင်း သိရပါတယ်။
ပါမစ်အတုအစစ် သတိပေး
၂၀၁၇ ခုနှစ် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်နဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွေမှာ ပါမစ်အသစ် တွေ ထွက်လာလို့ ဝယ်ခဲ့မိတဲ့သူတွေအနေနဲ့ မိမိတို့ဝယ်တဲ့ မြေချပါမစ်အသစ်တွေကို အတုအစစ် ခွဲခြားစစ်ဆေးဖို့ မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန သွားရောက်အစစ်ဆေးခံသင့်ပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ထုတ်ပေးဖို့ ညွှန်ကြားမှ သာ မြို့ပြနဲ့အိုးအိမ်က ထုတ်ပေးကြောင်း သိရပါတယ်။
Ref : Kumudra
Photo Credit : NST
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties