By Sint Sint, Shweproperty.com
Updated at 25 November 2020
Unicode
သစ်တံခါးဆရာတော်၏ ရေးသားဖော်ပြချက်အား အဓိဋ္ဌာန်ကျင့်ဆောင်ပုံ တင်ပြပေးခြင်းပါ။
မိမိမှာ အိမ်ပိုင်ရှင် မြေပိုင်ရှင် ဖြစ်လိုပါက
နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ မိမိစားသုံးနေသော စားပွဲမှ ၎င်းတစ်နေရာတွင် သီးသန့်ထား၍သော်၎င်း တစ်ယောက်စာ တစ်ပန်းကန်စာကိုဟင်းအားလုံး စုပုံထည့်ကာ ခက်ရင်း ဇွန်း တပ်ပြီး လက်နှင့် ကိုင်မြှောက်ကာ "ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကြသောမြတ်ဗုဒ္ဓအဆူဆူတို့အား တစ်ပွဲရဟန္တာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ နှင့် သံဃာတော် အပေါင်း အရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာထွက်ရပ်လမ်း စရောက်တော်မူကြသော ဝိဇ္ဇာထိုရ်သူတော်ကောင်းအပေါင်းအရှင်ကောင်း တို့အား ကိုယ်တိုင် ကြွရောက်၍ ဘုန်းပေးတော်မူကြပါ။ သုံးဆောင်တော်မူကြပါဟု " ပင့်ဖိတ်၍ အလှုဒါန ပြုပေးပါ။ သောက်တော်ရေ (သို့) ရေနွေး ကြမ်းတစ်ခွက်စီ ချ၍ ကပ်လှုပေးပါ ။
ကပ်လှုထားသော ပန်းကန် (၂) ခုထဲတွင် အချိူပွဲပါ စုပုံပြီးကပ်လှုပါ။
မိမိ ထမင်းစားပြီးဆုံးပါက မြတ်ဗုဒ္ဓ နှင့်ရဟန္တာများ အရိယာ ဝိဇ္ဇာ ဓမ္မဝိဇ္ဇာတို့အတွက် အလှုဒါန ပြုထားသော ပန်းကန်များကိုကိုင်ပြီး မြေကြီး အလွတ်တစ်နေရာ မြေပြင်ပေါ် တွင် ဘာမှမခင်းရပါ။ သစ္စာပြုကာ တပည့်တော် တစ်ခါမှ မလှူဒါန်းဖူးသော အလှုဒါနကို လှုဒါန်းပါ၏ ။
ဘုရားတပည့်တော်သည် မြေကြီးပေါ်မှာနေ မြေကြီး ပေါ်မှာစား၊ မြေကြီးပေါ်မှာ ကျင်ကြီး ကျင်ငယ်စွန့်ကာ နေထိုင်သည့်အတွက် အသင် မြေကြီးသည် ကျေးဇူးကြီးမားလှပါသည် ။
ဤကဲ့သို့ ကျေးဇူးကြီးမားလှသောကြောင့် ဤမြေကြီးကို စောင့်ရှောက်နေပါသော ဝသုန္ဒရေ မြေစောင့်နတ်မင်းနှင့် မြေကြီးပေါ်တွင်ရှိကြကုန်သော ပုရွတ်ဆိတ် တီကောင် ပိုးကောင်မွှားကောင် အစရှိသော သတ္တဝါ မှန်သမျှတို့သည် ဘုရားတပည့်တော် စားသလိုစားနိုင်ပါစေ ။
ဘုရားတပည့်တော် ပြည့်ပြည့်ဝဝ စုံစုံလင်လင် သုံးဆောင်ရသလို သုံးဆောင်ရပါစေ။ အေးချမ်းကြပါစေ ။ သာယာကြပါစေ ။ ကျန်းမာကြပါစေ ။ ချမ်းချမ်းသာသာ စားသောက် နိုင်ကြပါစေ ဟု သစ္စာပြု ဆုတောင်းကာ အရင် ကပ်လှုထားသောထမင်းဟင်း ၂ ပွဲ ရေတို့ကို တဝက်စီခွဲ၍ မြေကြီးပေါ်ပုံပါ ။ အလှုဒါနပြုပါ ။ ဆွေတော် မျိူးတော် အပေါင်းနှင့် မြင်အပ်သော ပုဂ္ဂိုလ် မမြင်အပ်သော ပုဂ္ဂိုလ် ဝသုန္ဒရေ နတ်မင်း နှင့် (၃၁) ဘုံသား သတ္တဝါများ စားသုံးတော်မူကြပါ။ သုံးဆောင်တော်မူကြပါ ။
ဤကဲ့သို့ ကုသိုလ် ကောင်းမှုထူးကို ပြုလုပ်ရပါသောကောင်းကျိူးများကြောင့် ဘုရားတပည့်တော်( နာမည်) သည် မြေပိုင်ရှင်ကြီး အိမ်ပိုင်ရှင် သူဋ္ဌေးကြီး မကြောင့်မကြ မတောင်းတရပဲ ဖြစ်နိုင်ပါစေ။ အမြန်ဖြစ်၍ ဘာသာအကျိူး သာသနာအကျိူး သာသနာပြုနိုင်ပါစေသားဟု ဆုတောင်း သစ္စာပြုပါ။ ကျန်တစ်ဝက်ကို မိမိစားပါ။ ရောဂါ ပျောက်ပါစေ ။ ကျန်းမာပါစေ ။ လာဘ်လာဘပွင့်ပါစေ ။ ဝင်ငွေတိုးပါစေဟုပြော၍ လက်တွေ့ဆောင်ရွက် လက်တွေ့အကျိူးပေးသောကြောင့် သေချာဆောင်ရွက်ပြီး အဓိဋ္ဌာန် လုပ်ကြည့်ကြပါ။ အစစအရာရာ အဆင်ပြေ၍ အောင်မြင်လာပါလိမ့်မည်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
PAE စနစ် နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ
လမ်းဦးတိုက်၊ လှေဦးတိုက်အိမ် တို့အညံ့ ကင်းအောင်လုပ်နည်းနှင့် အိမ်ထောင်ဦးစီးနေ့နံအလိုက် မလှည့်အပ်သော အိမ်တို့အရပ်
အုတ်စီ ကျောက်လောင်း ဘိလပ်မြေ သံချောင်း သစ် တွက်နည်း အနုပညာ
သင် ဘယ်လိုအိမ်မျိုးနဲ့ နေရမလဲဆိုတာ
Zawgyi
သစ္တံခါးဆရာေတာ္၏ ေရးသားေဖာ္ျပခ်က္အား အဓိ႒ာန္က်င့္ေဆာင္ပုံ တင္ျပေပးျခင္းပါ။
မိမိမွာ အိမ္ပိုင္ရွင္ ေျမပိုင္ရွင္ ျဖစ္လိုပါက
ေန႔စဥ္ေန႔တိုင္း ထမင္းစားေသာက္သည့္အခါ မိမိစားသုံးေနေသာ စားပြဲမွ ၎တစ္ေနရာတြင္ သီးသန႔္ထား၍ေသာ္၎ တစ္ေယာက္စာ တစ္ပန္းကန္စာကိုဟင္းအားလုံး စုပုံထည့္ကာ ခက္ရင္း ဇြန္း တပ္ၿပီး လက္ႏွင့္ ကိုင္ေျမႇာက္ကာ "ဂဂၤါဝါဠဳ သဲစုမက ပြင့္ေတာ္မူၿပီးၾကေသာျမတ္ဗုဒၶအဆူဆူတို႔အား တစ္ပြဲရဟႏၲာ ပုဂၢိဳလ္ထူး ပုဂၢိဳလ္ျမတ္မ်ား ႏွင့္ သံဃာေတာ္ အေပါင္း အရိယာဝိဇၨာဓမၼဝိဇၨာထြက္ရပ္လမ္း စေရာက္ေတာ္မူၾကေသာ ဝိဇၨာထိုရ္သူေတာ္ေကာင္းအေပါင္းအရွင္ေကာင္း တို႔အား ကိုယ္တိုင္ ႂကြေရာက္၍ ဘုန္းေပးေတာ္မူၾကပါ။ သုံးေဆာင္ေတာ္မူၾကပါဟု " ပင့္ဖိတ္၍ အလႈဒါန ျပဳေပးပါ။ ေသာက္ေတာ္ေရ (သို႔) ေရေႏြး ၾကမ္းတစ္ခြက္စီ ခ်၍ ကပ္လႈေပးပါ ။
ကပ္လႈထားေသာ ပန္းကန္ (၂) ခုထဲတြင္ အခ်ိဴပြဲပါ စုပုံၿပီးကပ္လႈပါ။
မိမိ ထမင္းစားၿပီးဆုံးပါက ျမတ္ဗုဒၶ ႏွင့္ရဟႏၲာမ်ား အရိယာ ဝိဇၨာ ဓမၼဝိဇၨာတို႔အတြက္ အလႈဒါန ျပဳထားေသာ ပန္းကန္မ်ားကိုကိုင္ၿပီး ေျမႀကီး အလြတ္တစ္ေနရာ ေျမျပင္ေပၚ တြင္ ဘာမွမခင္းရပါ။ သစၥာျပဳကာ တပည့္ေတာ္ တစ္ခါမွ မလႉဒါန္းဖူးေသာ အလႈဒါနကို လႈဒါန္းပါ၏ ။
ဘုရားတပည့္ေတာ္သည္ ေျမႀကီးေပၚမွာေန ေျမႀကီး ေပၚမွာစား၊ ေျမႀကီးေပၚမွာ က်င္ႀကီး က်င္ငယ္စြန႔္ကာ ေနထိုင္သည့္အတြက္ အသင္ ေျမႀကီးသည္ ေက်းဇူးႀကီးမားလွပါသည္ ။
ဤကဲ့သို႔ ေက်းဇူးႀကီးမားလွေသာေၾကာင့္ ဤေျမႀကီးကို ေစာင့္ေရွာက္ေနပါေသာ ဝသုႏၵေရ ေျမေစာင့္နတ္မင္းႏွင့္ ေျမႀကီးေပၚတြင္ရွိၾကကုန္ေသာ ပု႐ြတ္ဆိတ္ တီေကာင္ ပိုးေကာင္မႊားေကာင္ အစရွိေသာ သတၱဝါ မွန္သမွ်တို႔သည္ ဘုရားတပည့္ေတာ္ စားသလိုစားႏိုင္ပါေစ ။
ဘုရားတပည့္ေတာ္ ျပည့္ျပည့္ဝဝ စုံစုံလင္လင္ သုံးေဆာင္ရသလို သုံးေဆာင္ရပါေစ။ ေအးခ်မ္းၾကပါေစ ။ သာယာၾကပါေစ ။ က်န္းမာၾကပါေစ ။ ခ်မ္းခ်မ္းသာသာ စားေသာက္ ႏိုင္ၾကပါေစ ဟု သစၥာျပဳ ဆုေတာင္းကာ အရင္ ကပ္လႈထားေသာထမင္းဟင္း ၂ ပြဲ ေရတို႔ကို တဝက္စီခြဲ၍ ေျမႀကီးေပၚပုံပါ ။ အလႈဒါနျပဳပါ ။ ေဆြေတာ္ မ်ိဴးေတာ္ အေပါင္းႏွင့္ ျမင္အပ္ေသာ ပုဂၢိဳလ္ မျမင္အပ္ေသာ ပုဂၢိဳလ္ ဝသုႏၵေရ နတ္မင္း ႏွင့္ (၃၁) ဘုံသား သတၱဝါမ်ား စားသုံးေတာ္မူၾကပါ။ သုံးေဆာင္ေတာ္မူၾကပါ ။
ဤကဲ့သို႔ ကုသိုလ္ ေကာင္းမႈထူးကို ျပဳလုပ္ရပါေသာေကာင္းက်ိဴးမ်ားေၾကာင့္ ဘုရားတပည့္ေတာ္( နာမည္) သည္ ေျမပိုင္ရွင္ႀကီး အိမ္ပိုင္ရွင္ သူေ႒းႀကီး မေၾကာင့္မၾက မေတာင္းတရပဲ ျဖစ္ႏိုင္ပါေစ။ အျမန္ျဖစ္၍ ဘာသာအက်ိဴး သာသနာအက်ိဴး သာသနာျပဳႏိုင္ပါေစသားဟု ဆုေတာင္း သစၥာျပဳပါ။ က်န္တစ္ဝက္ကို မိမိစားပါ။ ေရာဂါ ေပ်ာက္ပါေစ ။ က်န္းမာပါေစ ။ လာဘ္လာဘပြင့္ပါေစ ။ ဝင္ေငြတိုးပါေစဟုေျပာ၍ လက္ေတြ႕ေဆာင္႐ြက္ လက္ေတြ႕အက်ိဴးေပးေသာေၾကာင့္ ေသခ်ာေဆာင္႐ြက္ၿပီး အဓိ႒ာန္ လုပ္ၾကည့္ၾကပါ။ အစစအရာရာ အဆင္ေျပ၍ ေအာင္ျမင္လာပါလိမ့္မည္။
ဖတ္ရႈမႈအမ်ားအဆုံး အိမ္ၿခံေျမဗဟုသုတမ်ား
PAE စနစ္ နဲ႔ အိမ္ေဆာက္တယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ
လမ္းဦးတိုက္၊ ေလွဦးတိုက္အိမ္ တို႔အညံ့ ကင္းေအာင္လုပ္နည္းႏွင့္ အိမ္ေထာင္ဦးစီးေန႔နံအလိုက္ မလွည့္အပ္ေသာ အိမ္တို႔အရပ္
အုတ္စီ ေက်ာက္ေလာင္း ဘိလပ္ေျမ သံေခ်ာင္း သစ္ တြက္နည္း အႏုပညာ
သင္ ဘယ္လိုအိမ္မ်ိဳးနဲ႔ ေနရမလဲဆိုတာ
Credit : Baydinwartanaroh
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties