By Shwe Kyaw, Shweproperty.com
Updated at 9 April 2020
လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူများကို ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေက ငှားရမ်းခွင့် ပေါင်နှံခွင့်ပြုထားသည်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၏ အခန်း(၃) ပုဒ်မ(၉) တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ၏ အခွင့်အရေးများကို ဖော်ပြပေးလိုက်သည်။ (က) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့် ၊ လယ်ယာမြေ လုပ်ပိုင်ခွင့် ၊ ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ် ခံစားပိုင်ခွင့် ၊ (ခ) လယ်ယာမြေကို အားလုံးဖြစ်စေ ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီရောင်းချခွင့် ၊ ပေါင်နှံခွင့် ၊ ငှားရမ်းခွင့် ၊ လဲလှယ်ခွင့် နှင့် ပေးကမ်းခွင်၊့ (ဂ) ဘယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့် အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့် ၊ (ဃ) သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသရွေ့ လယ်ယာမြေလုပ်ပိုင်ခွင်၊့ (င) လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်သမဝါယမအသင်း၏ ရင်းနှီးမြှုပ်နှံမှုနှင့်လည်းကောင်း ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် လည်းကောင်းအကျိုးတူ လုပ်ကိုင်ခွင့်၊ (စ) လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား ပါဝင်သော အဖွဲ့အစည်းနှင့် ပူပေါင်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ အကျိုးတူလုပ်ကိုင်ခွင့် စသည့်အခွင့်အရေးများ ကိုခံစားခွင့်ရရှိမည်ဖြစ်သည်။
Written By: Shwe Kyaw (ShweProperty.com) Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties