By Kumudra, Shweproperty.com
Updated at 22 March 2019
မြေအမျိုးအစားအမျိုးရှိပြီး တစ်ခုချင်းစီအလိုက် သိထားသင့်တဲ့ အချက်အလက်တွေရှိတယ်လို့ သိရပါတယ်။
ဘိုးဘွားပိုင်မြေ
မြေအမျိုးအစား အမျိုး မျိုးရှိပြီး (က) မြေပိုင်မြေ ၊ (ခ) ဘိုးဘွားပိုင်မြေ၊ (ဂ) ဂရန်မြေပိုင်မြေတွေဟာ ဘိုးဘွားမိဘ လက်ထက်ကတည်းက ဓားမဦးချပိုင်ဆိုင်တာကြောင့် လွှဲပြောင်းဆက်ခံခွင့်ရှိတဲ့ မြေတွေ ဖြစ်ပါတယ်။
မြေအမည်ပေါက် ရောင်းချခွင့်ရှိတဲ့ မြေအမျိုးအစားတွေဖြစ်ပြီး မြေအမည် ပေါက်ထံက အမွေဆက်ခံပိုင်သူက ရောင်း ချခွင့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြေအမည်ပေါက်ထံက အထွေထွေကိုယ်စားလှယ်လွှဲစာ ဒါမှမဟုတ် အထူးကိုယ် စားလှယ်လွှဲ စာလွှဲအပ်ခံရသူက ရောင်းချခွင့်ရှိသလို မြေ အမည်ပေါက်ထံက မှတ်ပုံတင် အပေးစာချုပ်နဲ့ လက်ခံပိုင်ဆိုင်သူက လည်း ရောင်းချခွင့်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်နဲ့ လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိပြီး မြေဧရိယာတစ်ခုလုံးရဲ့ တစ်ဝက်ကိုပဲ ဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းကိုပဲဖြစ်ဖြစ်၊ မြေဧရိယာတစ်ခုလုံးကိုပဲဖြစ်ဖြစ် ရောင်းချခွင့် ရှိတယ်လို့ သိရပါတယ်။
မြေအမည်ပေါက်ထံက အမွေဆက်ခံ သူဟာ မသေဆုံးမီနဲ့ လွှဲစာပြန်မရုပ်သိမ်းမီ ကာလအတွင်း ရောင်းချနိုင်မှာဖြစ် တယ်။ ဝယ်ယူသူက မိမိဝယ်လိုတဲ့ မြေဧရိယာ အစိတ်အပိုင်းကို ဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆို ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
ဂရန်မြေ
မြေတွေကို စည်းကမ်းချက်သတ်မှတ် ပြီးတော့ အနှစ် ၆၀၊ အနှစ် ၉၀၊ ၂၅ နှစ် စတဲ့ နှစ်ကာလအပိုင်းအခြားနဲ့ အငှားချ ထားတဲ့ မြေအမျိုးအစားဖြစ်ပြီး မြေအမည်ပေါက်က သုံးလတစ်ကြိမ်မြေခွန်ဆောင်ရတယ်။ အဆောက်အအုံရှိပါက သုံးလတစ်ကြိမ် အဆောက်အအုံ အခွန်ဆောင်ရပြီး မြေအမည်ပေါက်သူက ရောင်းချခွင့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြေအမည်ပေါက်သူထံက အမွေဆက်ခံပိုင်ခွင့်ရှိသူကလည်း ရောင်းချခွင့်ရှိကြောင်း သိရပါတယ်။
မြေအမည်ပေါက်ထံက အထွေထွေ ကိုယ်စားလှယ်လွှဲစာ ဒါမှမဟုတ် အထူး ကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်းခံရသူက မြေအမည်ပေါက် မသေဆုံးမီနဲ့ လွှဲစာ မရုပ်သိမ်းမီကာလအတွင်း ရောင်းချခွင့်ရှိပါတယ်။ အမည်ပေါက်ထံကမှတ်ပုံတင်အပေးစာချုပ်နဲ့ လက်ခံပိုင်ဆိုင်သူကလည်း ရောင်းချခွင့်ရှိကြောင်း သိရပါတယ်။
ရောင်းချတဲ့အစိတ်အပိုင်းအတွက် ဂရန်လျှောက်ထားနိုင်ပေမဲ့ မျက်နှာစာအနည်းဆုံးပေ ၂၀ ရှိဖို့နဲ့ စတုရန်းပေ ၁၂၀ဝ ရှိရန်လိုအပ်ပြီး မြေဧရိယာတစ်ခုလုံးပဲ ဖြစ်ဖြစ်၊ ထက်ဝက်ပဲဖြစ်ဖြစ်၊ တစ်စိတ် တစ်ပိုင်းပဲ ဖြစ်ဖြစ် ရောင်းချခွင့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝယ်သူက မိမိ ဝယ်ယူလိုတဲ့ မြေဧရိယာအစိတ်အပိုင်းတွေကို ဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင် စာချုပ်ချုပ်ဆို ဝယ်ယူနိုင်ကြောင်း သိရပါတယ်။
ပါမစ်မြေ
စည်ပင်ဝပြောမှုမရှိတဲ့ နေရာတွေမှာ စည်းကမ်းချက်တွေနဲ့ သုံးစွဲခွင့်ပြုထားတဲ့ အိမ်ရာဆောက်လုပ်နေထိုင်ခွင့်ချပေးထားမြေအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။
ပါမစ်အမည်ပေါက်သူက ရောင်းချခွင့်ရှိပြီး ပါမစ်အမည်ပေါက်သူထံက စာချုပ်အဆက်ဆက်နဲ့ ဝယ်ယူထားသူကလည်း ရောင်းချခွင့်ရှိပါတယ်။ ပါမစ်မြေကို စာချုပ်အဆက်ဆက်နဲ့ ဝယ်ယူထားသူက မြေငှားဂရန်လည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
လိုင်စင်မြေ
မြို့နဲ့ရွာတွေ အက်ဥပဒေအရ သတ်မှတ်ထားတဲ့ မြေအမျိုးအစားဖြစ်ပြီး စည်းကမ်းချက်နဲ့ ယာယီသုံးစွဲခွင့်ပေးတဲ့ မြေဖြစ်တယ်လို့ သိရပါတယ်။ ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေ၊ လယ်ယာမြေတွေဟာ လိုင်စင်မြေတွေဖြစ်ပြီး လယ်ယာ မြေမှာ အသုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ်ရရှိထားပြီး လန (၃၉) ထွက်ရှိ မြေနဲ့အိမ်ရာ မြေသတ်မှတ်ထားတဲ့ ၃ (ခ) ထွက်ရှိ မြေတွေကို မြေငှားဂရန် လျှောက်ထားရင် မြေငှားစာချုပ်ထုတ်ပေးကြောင်း သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties