By The Modern, Shweproperty.com
Updated at 24 July 2015
လိုင်စင်အင်ဂျင်နီယာ(Ls) နဲ. လိုင်စင်ကန်ထရိုက်တာ(LC)တွေ ကိုယ်တိုင် စည်ပင်ရုံးမှာလက်မှတ်လာထိုးမှ အဆောက်အအုံ တည်ဆောက်ခွင့်ပြုတဲ့ စနစ်ကိုဇူလိုင်လနောက်ဆုံးပတ် စတင်မယ်လို. ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီကသိရပါတယ်။
ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက ‘LC, LS’ တွေက အဆောက်အအုံတည်ဆောက်ဖို. လက်မှတ်ထိုးပြီးတင်တဲ့အချိန်မှာလက်မှတ်အတုနဲ. တင်တာတွေ စိစစ်တွေ.ရှိရတယ်။ ကိုယ်စားဆောင်ရွက်တာတွေ ရှိနေတယ်’ လို.ပြောပါတယ်။
လိုင်စင် ကန်ထရိုက်တာနဲ. လိုင်စင်အင်ဂျင်နီယာတချို.က အဆောက်အအုံကြီးကြပ်တည်ဆောက်ဖို. လက်မှတ်ထိုးထားပေမဲ့ ခွင့်ပြုမိန် .ထက်ကျော်လို. အရေးယူတော့မှ သူထိုးတာမဟုတ်ဘူးဆိုပြီး ငြင်းတာတွေလည်းရှိတယ်လို. သိရပါတယ်။
လိုင်စင်အင်ဂျင်နီယာ၊ လိုင်စင်ကန်ထရိုက်တာတွေက နိုင်ငံခြားခရီးထွက်နေတာ၊ ကျန်းမာရေးမကောင်းလို. ဆေးရုံတက်နေတာတွေ ရှိပေမဲ့ သူတို.ကိုယ်စားဆောက်ရွက်နေတာတွေ ရှိနေပါတယ်။ ပြစ်မှုဆိုင်ရာနဲ. အရေးယူထားတာကို အရေးယူထားမှန်း မသိဘဲခွင့်ပြုနေတာတွေလည်း ရှိနေတယ်လို. ဆိုပါတယ်။
အဲဒါကြောင့် သည်လနောက်ဆုံးပတ်ကစပြီးအဆောက်အအုံကိုတာဝန်ယူကြီးကြပ်တည်ဆောက်မယ့် လိုင်စင်အင်ဂျင်နီယာနဲ. လိုင်စင်ကန်ထရိုက်တာတွေကအဆောက်အအုံတည်ဆောက်ဖို. အမှုတွဲတင်ရင် စည်ပင်ရုံးကသက်ဆိုင်ရာအရာရှိရှေ.မှာလူကိုယ်တိုင် လက်မှတ်ထိုးရမှာပါ။
ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီကအရေးယူနိုင်ဖို. လိုင်စင်အင်ဂျင်နီယာ(LS)နဲ. လိုင်စင်ကန်ထရိုက်တာ(LC)တွေကိုစပေါ်ငွေ ကျပ်သိန်း ၅၀၀နဲ. လိုင်စင်တွေ ထုတ်ပေးနေတာဖြစ်ပါတယ်။
သည်နေ.အထိလိုင်စင်အင်ဂျင်နီယာနဲ. လိုင်စင်ကန်ထရိုက်တာတွေကိုအရေးယူတဲ့ အမှုတွဲ ၂၀၁မှု ရှိပါတယ်။ ရာသက်ပန်လိုင်စင် ပိတ်သိမ်းတာ၊ လိုင်စင် ခြောက်လ၊ တစ်နှစ်၊ နှစ်နှစ်နဲ. နာမည်ပျက်စာရင်းသွင်းတာတွေနဲ.နည်းအရေးယူနေပါတယ်။
လက်ရှိအကြီးတန်းကန်ထရိုက်တာလိုင်စင် ၉၉၂ခု ချပေးထားပြီးအရေးယူတဲ့ ကန်ထရိုက်တာ ၇၂ဦးရှိပါတယ်။
အငယ်တန်းကန်ထရိုက်တာလိုင်စင် ၁၇ဦးရှိပြီး အရေးယူခံရသူ နှစ်ဦးရှိတယ်လို. သိရပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties