By Homedecor, Shweproperty.com
Updated at 23 July 2019
ဖုန်းရွှေပညာတွင် နေထိုင်သောအိမ်ကိုအလေးထားသည့်နည်းတူ လုပ်ကိုင်သောရုံး၊ အလုပ်များကို လည်းကံကောင်းစေရန်၊ ချမ်းသာကြွယ်ဝစေရန်အလေးထား၏။ ရုံး၊ အလုပ်များ၊ အဆင်အပြင်အနေအထားပေါ် မူတည်ပြီး အလုပ်ရှင်နှင့် အလုပ်သမား ဟန်ချက်ညီညီလုပ်ဆောင်ရန်ကာ အောင်မြင်မှုအသီးအပွင့်များကို ခံစား ရမည်ဖြစ်၏။
အလုပ်ရုံတစ်ခု၏ အမူဆောင်အရာရှိချုပ်(စီအီးအို) သိုမဟုတ် ရုံးတစ်ရုံး၏ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်၏မွေးသက္ကရာဇ်နှင့် ဆက်နွယ်ပြီး အောင်မြင်မှု၊ မအောင်မြင်မှုက မှုတည်နေသည်။ ထို့ကြောင့်ရုံးတစ်ခုခု ၏ ကြွယ်ချမ်းသာမှုထောင့်ကို တချိန်လုံးဂရုစိုက်နေရမည်။ အလွယ်ဆုံးနှင့် အထိရောက်ဆုံးအစီအရင်တစ်ခုမှာ အရှေ့တောင်အရပ်တွင် သန့်စွမ်းလတ်ဆတ်သော ရှင်သန်သည့်အပင်တစ်ပင်ကို ထားရှိရန်ဖြစ်၏။
Open Shelves (စင်အဖွင့်များ)
စင်အဖွင့်များသည်ဓါးနှင့်တူ၏။ ၎င်းသည် ရှေ့တွင်ထိုင်နေသူကို ဖြတ်တောက်ခုတ်လှီးမည့်ပုံစံမျိုးဖြစ် တတ်၏။ ၎င်း၏ ချွန်ထက်သောအဖျားများက ရှားချီ ခေါ် အဆိပ်မြားကို ထုတ်ပေးတတ်၏ ထိုအခါ ဖျားနာခြင်း၊ ဓာတ်ငွေလျော့နည်းခြင်း စီးပွားပျက်ခြင်းစသည့် မကောင်းခြင်းတွေဖြစ်စေ၏။ ထိုသို့ အဆိပ်မြားများမထွက် စေရန် စင်အဖွင့်များကို တံခါးဖြင့်ပိတ်ခြင်း၊ ကာရံခြင်းများပြုရမည်။ ထိုသို့မလုပ်ချင်ပါက စင်အဖွင့်များအပေါ်တွင် စာအုပ်များ၊ ဖိုင်တွဲများထည့်ကာပုံဖျက်ပစ်ရမည်။ သို့တည်းမဟုတ် စင်၏ထောင့်စွန်း ကော်ပတ်စားပြီး လုံးပစ်ရမည်။ မြောက်အရပ်တွင်မှန်စင်၊ အနောက်မြောက်အရပ်တွင် သစ်သားစင်၊ အရှေ့မြောက်နှင့် အခန်း ထောင့်တွင်လည်း သစ်သားစင်များထားရှိခြင်းကအန္တရာယ်ဖြစ်စေ၏။ ပလတ်စတစ်စင်များက အန္တရယ်ဖြစ်စေ ၏။ ပလတ်စတစ်စင်များက အန္တရယ်ပေးမှုအနည်းဆုံးဖြစ်၏။
Orange Tree (လိမ္မော်ပင်)
လိမ္မော်ပင်သည် အလွန်အမင်း မင်္ဂလာရှိပြီး မိသားစုအတွက် ချမ်းသာမှုကံကိုအကြီးအကျယ်ဖြစ်ထွန်း စေမည်။ အဘယ်ကြောင့်ဆိုသော် လိမ္မော်ကိုတရုတ်အသံထွက်ဖြင့် ကွမ် ဟုခေါ်ရာအဓိပါယ်က ရွှေ ဟုဆိုလို၍ဖြစ်၏။ အထူးသဖြင့် နှစ်သစ်ကူးကာလတွင် လိမ္မော်သီးတွေပြည့်နှက်သီးနေသော လိမော်ပင်ကို အိမ်တွင်ပြသထားရှိရ၏။ သို့ဖြင့် နှစ်သစ်ကူးအခါသမယကို “ဓနဥစာကံ” ဖြင့်ကြိုဆိုသည့်နိမိတ်ကိုဆောင်၏။ ပန်းခြံထဲတွင် လိမော်ပင်စိုက်လိုပါက အကောင်းဆုံးနေရာမှာ အရှေ့တောင်ထောင့်ဖြစ်၏။
Orchid (သစ်ခွပန်း)
သစ်ခွပန်းသည် စွမ်းအင်သတ္တိနှင့်ရဲရင်မှုတို့၏ ထင်ရှားသောသင်္ကေတဖြစ်၏ ပန်းခြံတွင်အပင်များရွေး ချယ်ပါက ရာသီဥတုကလည်းအဆင်ပြေလျှင် သစ်ခွစိုက်ခြင်းမှာ စွမ်းအင်နှင့်ရဲစွမ်းသတိကိုထွန်းကားစေကာ၊ အလုပ်အကိုင် တည်တံ့ခိုင်မြဲစေနိုင်၏။ သစ်ခွများသည် တာရှည်ခံသောပန်းများဖြစ်ရာ အိမ်အတွက်ကောင်း မွန်ကျန်မာစေသော ချီဓာတ်ကိုဆောင်ကြဉ်းပေးနိုင်၏။
Orientation (တည်နေရာအနေအထား)
၎င်းတွင်တံခါးမကြီးတည်နေရာ၊ ထိုင်သည့်နေရာ၊ အိပ်သည့်နေရာအနေအထားများကိုဆိုလို၏။ ဖုန်းရွှေ တွင်နေရာအနေအထားက အလွန်အရေးကြီး၏။ ထိုကြောင့် တည်နေရာမှန်ကန်တိကျရေးအတွက် သံလိုက် အိမ်မြှောင်သုံးပြီး တွက်ချက်နေရာချထားရမည်။ တည်နေရာအနေအထားမှန်ကန်မှုပေါ်မူတည်ကာ မင်္ဂလာရှိမှု သည်ဖြစ်ထွန်းလာမည်။ အထူသဖြင့် မြစ်များ၊ ရေကန်များ၊ တောင်ကုန်းများ၊ လယ်ကွင်းများသည် မင်္ဂလာရှိ သော ပတ်ဝန်းကျင်များဖြစ်၏။
Ref : Homedecor
Photo Credit : Goodhouse
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties