By Sint Sint, Shweproperty.com
Updated at 16 November 2020
ကိုယ်ယခုနေထိုင်နေတဲ့ အိမ်ဟာ ဘယ်အမျိုးအစားထဲ ပါနေလဲဆိုတာလေ့လာဆန်းစစ်ကြည့်လိုက်ရအောင်။အိမ်၏ ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက်မြင့်မည်။ခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင်အိမ်ပုခက် ဟုခေါ်သည် ။နေသောမိသားစုသည် စီးပွားတက်၏။
ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိမ့်မည် ။ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ……ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါကအိမ်မြင့်မိုရ်ဟုခေါ်သည်။
လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍ပြူ စုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏ ။ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ။ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါကအိမ်တောင်တန်းဟုခေါ်သည် ။တစ်စိမ့်စိမ့်စီးပွားဖြစ်၏ ။ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါကစီးပွားအသည်းအသန်ရှာရတတ်သည် ။ရေဆန်အိမ်ဟုခေါ်သည် ။ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏။
ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့်စီးပွားရှာသောအိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ်အိမ်အမိုးထပ်မြှင့်ခြင်းပြု အပ်၏။မကျန်းမမာဖြစ်တတ်၏ ။ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည် ။သတိထားအပ်၏။ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှဆူညံစကား ပြင်းသောအသံချဲ့စက်ဆောင်းဘောက်စ်အသံအဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါကထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်။အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏ ။မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏။
အလွန်စပ်စပ်စုစုနိူင်သော အိမ်နီးပါးချင်းငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင်လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါကမရှိပါ ဟူသောစကားကိုလိမ်ညာပြောတတ်ရ၍သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထားပြောရတတ်၏။ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏ ။
ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ် ကင်းပြီး စီးပွားတက်မည့် အိမ်ဆောက်နည်း
သတိမထားမိကြတဲ့ အိမ်နိမိတ် (၁၂)ချက်
အိမ်နံပါတ်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့အကြောင်းအရာများ
လူတို့ ဦးခေါင်းထား၍ အိပ်ရမည့်အရပ်
Credit : Mdynews
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties