By Kumudra, Shweproperty.com
Updated at 21 June 2018
မြေခွန်ပြေစာ အတုတွေနဲ့ ပိုင်ဆိုင်မှု အထောက်အထားပြပြီး ရောင်းချတာတွေ ရှိနေတာကြောင့် တန်ဖိုးနည်းမြေကွက် ဝယ်မယ့်သူတွေအနေနဲ့ ရောင်းမှားဝယ်မှား မဖြစ်ရလေအောင် သတိထားသင့်တဲ့ အကြောင်းအရာတွေကို အကျိုးဆောင်ရှေ့နေတချို့ကို မေးမြန်းထားပါတယ်။
လယ်မြေနဲ့ အခြားမြေယာပိုင်ဆိုင်မှု အထောက်အထားပြ မြေခွန်ပြေစာ အတုတွေနဲ့ ရောင်းချတာတွေ ရှိပါတယ်။ မြေခွန်ပြေစာဆိုတာက လယ်ယာလုပ်ငန်း လုပ်ကိုင်ချိန်က သီးနှံခွန်ဆောင်ထားတဲ့ စာရွက်ကို ပြောတာပါ။
အကျိုးဆောင်ရှေ့နေ ဦးမောင်မောင်က "ပြေစာမှာ လယ်မြေအမျိုးအစားတွေကို ခွဲခြားပေးထားတယ်၊ သိမ်းဆည်းခံရတဲ့ သူတွေအတွက်တော့ အဓိကကျတဲ့ ပိုင်ဆိုင်မှု သက်သေအထောက်အထားပဲ၊ ဒါပေမယ့် တချို့က အတုလုပ်ပြီး ရောင်းနေကြတာတွေရှိတယ်၊ ဒါတွေကို စစ်ဆေးပြီးမှ ဝယ်သင့်တယ်"လို့ ရှင်းပြပါတယ်။
ဘယ်လိုမြေအမျိုးအစားမဆို စရန်ပေးပြီးမှ ဆုံးရှုံးရတာထက် မဝယ်ခင် မေးမြန်းပြီးမှ မေးမြန်းပြီးမှ ဝယ်တာ အကောင်းဆုံးပါပဲ။
ဦးမောင်မောင်ကပဲ "ဥပမာ လန (၃၉) ဆို စိုက်ပျိုးမြေလုပ်ဖို့ ချပေးထားတာ၊ တချို့မြေတွေက ဆီဆိုင်အတွက်၊ စက်မှုလုပ်ငန်းအတွက်စတဲ့ သူ့ကန့်သတ်ချက်နဲ့သူ ချပေးထားတာတွေ ရှိတယ်၊ စက်မှုလုပ်ငန်းလုပ်ဖို့ ချပေးထားတဲ့ ဂရန်တစ်ခုရဲ့ တန်ဖိုးက (၅၀) ရာခိုင်နှုန်းလောက် ကွာတယ်၊ ဒါတွေကို သိထားမှ ရောင်းမှားဝယ်မှား မဖြစ်မှာ"လို့ ပြောပါတယ်။
လယ်မြေနဲ့ ကျူးကျော်မြေတွေကို မဝယ်မိအောင် သတိပြုသင့်ပါတယ်။ လယ်မြေက လယ်လုပ်ငန်းအတွက်ပဲ ချပေးထားတာကြောင့် လူနေထိုင်ခွင့်နဲ့ တခြားနည်းနဲ့ အသုံးပြုခွင့် လျှောက်ထားပြီးမှ ဝယ်ယူတာ ပိုကောင်းတယ်လို့ သိရပါတယ်။
Ref : Aye Mon (Kumudra)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties