By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 15 February 2019
“ရှေးထုံးကိုလည်းမပယ်နဲ့၊ ဈေးသုံးကိုလည်းမကြွယ်နဲ”့ ဆိုသလို သြဘာနိမိတ်ထွန်းတဲ့ ဇမ္ဗူလက်ယာတောင်ကျွန်းမှာနေထိုင်တဲ့ လူတွေအနေနဲ့ လိုက်နာဖို့ မခက်ယဉ်းလှတဲ့ ရှေးသုံးအယူအဆတွေကို လုပ်ဆောင်ခြင်းဖြင့် ကံထောက်မမယ်ဆိုရင် မိမိတိုရဲ့ အကျိုးစီးပွားကို များစွာဖြစ်ထွန်းစေနိုင်ပါတယ်။
အိမ်ဆောက်တဲ့အခါ ဘယ်လတွေမှာဆောက်လုပ်ရင် မိသားစုတွေမှာ ဘယ်လို နိမိတ်ကောင်းတွေ ဖြစ်ပေါ်နိုင်တယ်၊ ဘယ်လတွေမှာ ဆောက်လုပ်သင့်တယ်ဆိုတာကို ဆရာ ကျော်ဇောဟိန်းက အခုလိုပြောပြပေးထားပါတယ်။
တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလတွေမှာ အိမ်အသစ်ဆောက်လုပ်ပြီး နေထိုင်မယ်ဆိုရင် ကံဇာတာတက်ဖို့ အကောင်းဆုံးလတွေပါပဲ။ ဒီလတွေမှာ အိမ်ဆောက်ရင် ဘယ်လိုမျိုးအကျိုးထူးကို ခံစားရမယ်ဆိုတာကိုတော့ လအလိုက် အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။
- တန်ခူးလမှာ အိမ်အသစ်ဆောက်လုပ်မယ်ဆိုရင်တော့ ဥစ္စာဓနကြွယ်ဝခြင်း| အိမ်တွင်နေထိုင်သူုများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ချမ်းသာသုခနှင့်ပြည့်စုံခြင်းတို့ကို ကြုံတွေရမှာပါ။
- ကဆုန်လမှာ ဆောက်လုပ်မယ်ဆိုရင်တော့ တစ်ပါးသူတွေရဲ့ အကူအညီကိုရရှိနိုင်ပြီး အိမ်ဆောက်ပြီးကာလတွေမှာ စီးပွားရေးများပြည့်စုံတိုးတက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
- ဝါခေါင်လတွင် အိမ်အသစ်ဆောက်ပါက ချမ်းသာကြွယ်ဝခြင်း၊ ကျန်းမာရေးပြည့်စုံပြီး ဉာဏ်ပညာထက်မြက်ခြင်းတို့ ဖြစ်စေမှာပါ။
- နတ်တော်လတွင် ဆောက်လုပ်ပါက အလုပ်အကိုင်များ တိုးတက်၊ ကျော်ကြားစေနိုင်ပါတယ်။
-ပြာသိုလတွင် အိမ်ဆောက်လုပ်နေထိုင်ပါက ဥစ္စာဓနတိုးတက်ပြီး ဆွေမျိုးမိတ်သင်္ဂဟတွေ များပြားလာမှာ အမှန်ပါပဲ။
- တပေါင်းလမှာ အိမ်ဆောက်လုပ်မယ်ဆိုရင်တော့ အိမ်ရှိ နေထိုင်သူအားလုံး ကံကောင်းခြင်းနဲ့ ပြည့်စုံပြီး လိုတာမှန်သမျှ ရရှိနိုင်မှာပါ။
ကဲ ဒါဆိုရင်တော့ သင်အိမ်ဆောက်လုပ်ဖို့ အကောင်းဆုံး ရက်အခါကာလကို သင်ကိုယ်တိုင် ရွေးချယ်နိုင်ပါပြီ။ နိမိတ်ကောင်းတွေနဲ့ ပြည့်စုံနေတဲ့ ကာလမှာ အိုးသစ်အိမ်သစ်ထူထောင်ပြီး စိးပွားလာဘ်လာဘ၊ ကံကောင်းခြင်းတွေနဲ့ ပြည့်စုံစေမှာပါ။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Wipr
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties