By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 23 May 2018
နိုင်ငံတော်အစိုးရအသစ်ပြောင်းလဲပြီးချိန်မှစ၍ ဝန်ကြီးဌာနများ အသစ်ဖွဲ့စည်းကာ ပြောင်းလဲအုပ်ချုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းတွင်တည်ရှိသောမြေနေရာများကို စီမံခန့်ခွဲရာတွင် ပြဠာန်းထားသောနိုင်ငံတော်၏တည်ဆဲဥပဒေနှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးကော်မတီများကခွဲခြမ်း၍ စီမံအုပ်ချုပ်လျက်ရှိပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆၊ ပြည်ထောင်စုဥပဒေပြုစာရင်းဇယား (၁)အရ မြေယာစီမံခန့်ခွဲမှုနှင့်ရွာမြေ၊ မြို့မြေတို့ စီမံခန့်ခွဲရေးကိုပြည်ထောင်စုအစိုးရက စီမံဆောင်ရွက်ခွင့်ရှိပြီး ပုဒ်မ ၁၈၈၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဥပဒေပြုစာရင်းဇယား(၂)အရ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးတို့ကို တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်စီမံရပါသည်။
မြို့များ၊ရွာများ၊သာသနာ့သိမ်ကျာင်းမြေ၊မြစ်ကမ်းသဲသောင်မြေ၊ရေကန်မြေ၊သုသာန်မြေကျေးရွာမြေနှင့်စားကျက်မြေများကို ပြည်ထဲရေးဝန်ကြီးဌာနမှတာဝန်ယူစီမံခန့်ခွဲအုပ်ချုပ်လျက်ရှိပါသည်။လယ်ယာမြေ၊မြေလွတ်၊မြေရိုင်းများကိုမူ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူလျက်ရှိပါသည်။
သစ်တောကြိုးဝိုင်းများ၊ကြိုးပြင်ကာကွယ်ရေးတောများနှင့် သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးသစ်တောနယ်မြေများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။ဓာတ်သတ္ထုကန့်သတ်နယ်မြေများနှင့် ရတနာကျောက်မျက်တွင်းထွက်နယ်မြေများကိုမူ သတ္ထုဝန်ကြီးဌာနမှ ဦးစီးလျက်ရှိပါသည်။ရေနံထွက်မြေများကို စွမ်းအင်ဝန်ကြီးဌာနမှ အုပ်ချုပ်လျက်ရှိပါသည်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ ထိုဒေသရှိထိန်းသိမ်းစောင့်ရှောက်သောမြေများ(ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာတွင် ကာကွယ်ထိန်းသိမ်းထားသောဇုန်မြေများကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီးဆောင်ရွက်လျက်ရှိပါသည်။
လမ်းဥပဒေပါလမ်းမြေများ၊နိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ဖြင့် မြေကွက်များဖော်ထုတ်ပြီး အိမ်ရာဆောက်လုပ်ခြင်း၊ စက်မှုဇုန်များ၊ လူနေရပ်ကွက်အသစ်များဖော်ထုတ်သည့်မြေများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူလျက်ရှိပါသည်။ရထားလမ်းမြေများနှင့် မြစ်ချောင်းနယ်၊ကမ်းပါးကမ်းနားမြေများကို ရထားနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ အုပ်ချုပ်ဆောင်ရွက်နေပါသည်။
ငါးလုပ်ငန်းရေပြင်၊ ငါးမွေးမြူရေးမြေများ၊ သီးသန့်ငါးလုပ်ငန်းရေပြင်၊ ရေချိုငါးလုပ်ငန်းရေပြင်များကိုမူ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ အုပ်ချုပ်လျက်ရှိသည်
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများကမူ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းတွင်ရှိသော စည်ပင်မြေများ၊ စည်ပင်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ၊ တည်ဆဲဥပဒေနှင့်အညီ စည်ပင်မှလွှဲပြောင်းရရှိထားသော မြေများ၊ ပုဂ္ဂလိကမြေများ၊နိုင်ငံတော်ပိုင်မြေများကို ဦးစီးလျက်ရှိပါသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Homelands
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties