By Myanmar Builders Guide, Shweproperty.com
Updated at 6 June 2018
လက်ရှိနေအိမ်အားရောင်းချပြီး အိမ်သစ်ဝယ်ယူရာတွင် သတိပြုရမည့် အချက်ခြောက်ချက်ရှိကြောင်း သိရသည်။
၁။လက်ရှိနေအိမ်ကိုအလျင်စလိုရောင်းခြင်း အိမ်အသစ်အား ဝယ်ယူသည့်အခါ လိုအပ်သောငွေကြေးအတွက် လက်ရှိနေအိမ်အားရောင်းချ၍ဝယ်ယူတတ်ကြပါ သည်။ထို့ကြောင့်နေအိမ် အသစ်ကို တက်သည့်အခါ အိမ်ငှားတင်ထားမှုများ၊နေထိုင်သူများ ရွှေ့ပြောင်းရန်အခက်အခဲကြုံရမှုများ ရှိနေတတ်ပါသည်။
၂။အိမ်ရောင်းရပိုလွယ်ကူစေရန်လက်ရှိနေအိမ်မှ ရွှေ့ပြောင်းနေထိုင်ခြင်း အိမ်ရောင်းမည့်သူများ အိမ်ကိုဈေးကွက်တင်ပြီးသည့်အခါ အကျိုးဆောင်များ၊လက်ထဲအပ်ြ ပီးသည့်အခါစိတ်ဝင်စားး သူများမကြာမကြာလာ ကြည့်ေ သာကြောင့် နေထိုင်ရမလွတ်မလပ်ဖြစ်မှုများ၊လူမနေသည့်အခါ ရောင်းရလွယ်ကူသောကြောင့် အခြားနေရာတွင်ပြော င်းရွှေ့နေထိုင်ေ လ့ရှိကြောင်းသိရသည်။ဒီအရာက အပိုစရိတ်များတက်စေနိုင်ကြောင်း သိရသည်။
၃။အိုစာမင်းစာအား အိမ်ဝယ်ယူရာတွင် တစ်လုံးတစ်ခဲအသုံးပြုခြင်း တတ်နိုင်သည်ထက်ဈေးပိုနေသော အိမ်တစ်လုံးအားဝယ်ယူပြီး လက်ရှိနေအိမ်ရောင်းထွက်ရန် ကြန့်ကြာနေလျှင် ငွေကြေးမလုံလောက်မှုမျာြး ဖစ်တတ်သောကြောင့် အိုစာမင်းစာအား အိမ်ဝယ်ယူရရာတွင် တစ်လုံးတစ်ခဲတည်းအသုံးမပြုသင့်ကြောင့်သိရသည်။ ၄။ရောင်းချမည့်နေအိမ်ဈေးမြင့်မားနေခြင်း တိုက်ခန်း၊ကွန်ဒိုများ၊ဈေးနှုန်းသက်သာနေသည့်ကြားတွင်မိမိရောင်းချမည့်နေအိမ်အားဈေးနှုန်းအမြင့်ကြီး မခေါ်ထားသင့်ကြောင်း။
၅။ရောင်းချသည့်အိမ်အားပြုပြင်သည့်အခါ ဈေးပေါသော ပစ္စည်းများအား အသုံးမပြုသင့် ရောင်းချမည့် အိမ်များကို ပြန်ပြင်ဆင်သည့်အခါ ဈေးပေါသောပစ္စည်းများကို အသုံးပြုလေ့ရှိသည်။ထိုအချက်သည် မှားယွင်းသော အချက်ဖြ စ်နေပြီး အိမ်ရောင်းသည့်အခါကြန့်ကြာစေနိုင်သည်။
၆။ရောင်းချမည့်အိမ်အား သေသပ်စွာပြင်ဆင် အိမ်ကိုမွမ်းမံသည့်အခါ ပစ္စည်းကောင်းလေးများအား အသုံးပြုထားခြင်းသည် ဝယ်ယူသူအတွက်ရောရောင်းချ သူအတွက်ရောအဆ င်ပြေေ စနိုင်သည်။ ထို့ကြောင့် ရောင်းချမည့်အိမ်ကို သေသပ်စွာ ပြင်ဆင်ထားသင့်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties