By Sint Sint, Shweproperty.com
Updated at 21 December 2020
သင်တို့လက်ရှိနေတဲ့အိမ်က သင့်ကိုဘယ်လို အကျိုးပေးတဲ့အိမ်မျိုးဖြစ်မှာလဲ။ ကျန်းမာခြင်းချမ်းသာခြင်းတွေပေးစွမ်းမှာလား။ အဓိကလိုအပ်ချက်ဖြစ်တဲ့ စီးပွားရေးကရော ဒီရေအလားတိုးတက်စေမှာလား။ သင်နေထိုင်တဲ့အိမ်ဟာ ဘယ်လိုအိမ်မျိုးဖြစ်နေလဲဆိုတာ စမ်းစစ်ကြည့်ရအောင်လား။
အိမ်၏ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက်မြင့်မည် ခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည်အမိုးနိမ့်နေလျှင် အိမ်ပုခက်ဟုခေါ်သည်။ နေသောမိသားစုသည်စီးပွားတက်၏။ကိုယ့်အိမ်ခေါင်းရင်းအိမ်ကအမိုးနိမ့်မည် ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည်ကိုယ့်အိမ်က အလယ်မှအမိုးမြင့်မားနေပါက အိမ်မြင့်မိုရ်ဟုခေါ်သည်။လူကြီးမိဘတို့ကိုခေါင်းရင်းဘက်ထား၍ ပြုစုလုပ်ကျွေးပါက အထူးကောင်းမွန်၏။ ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ကိုယ့်အိမ်၏ ခြေရင်းကကိုယ့်အိမ်ထက်နိမ့်နေပါကအိမ်တောင်တန်းဟုခေါ်သည်။ တစ်စိမ့်စိမ့်စီးပွားဖြစ်၏။
ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ခြေရင်းအိမ်ကမြင့်နေပါက စီးပွားအသည်းအသန်ရှာရတတ်သည်။ ရေဆန်အိမ်ဟုခေါ်သည်။ ရှေးလူကြီးများကမဝယ်သင့်ဟုဆိုကြ၏။ကိုယ့်အိမ်၏ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသောအိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်း သို့မဟုတ် အိမ်အမိုးထပ်မြှင့်ခြင်းပြုအပ်၏။ မကျန်းမမာဖြစ်တတ်၏။ ဦးခေါင်းအပူတိုက်ဟုခေါ်ကြသည်။ သတိထားရပါမယ်။ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှ ဆူညံစကားပြင်းသော အသံချဲ့စက် ဆောင်းဘောက်စ်အသံအဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြုလုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်။အမင်္ဂလာအသံကြားတွင် ညပ်နေ၍ဖြစ်၏ မေတ္တသုတ်မပြတ်သရဇ္ဈယ်အပ်၏။
အလွန်စပ်စပ် စုစုနိူင်သော အိမ်နီးပါးချင်း ငွေအချေးအငှားအလွန်ပက်စက်၍ ပြန်ဆပ်လျှင် လက်အလွန်ခက်သောသူတို့နှင့် နေထိုင်ရပါက မရှိပါဟူသောစကားကိုလိမ်ညာပြောတတ်ရ၍ သီလမလုံသောကံကို စီရင်ဖန်တီးမိနေတတ်ပါတယ်။ အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထားပြော ရတတ်၏။ ဝစီဗေဒထိတိုင်းရှဟူသည်နှင့်အညီ ကိုယ်ပါဆင်းရဲနွမ်းပါးလာတတ်၏။မိမိနေအိမ်ကိုဆန်းစစ်ပြီးရုံနဲ့မပြီးသေးပါဘူး။ စီးပွားတက်မယ့်အိမ်ဆိုတာလည်း ဖြစ်ဖို့လိုပါသေးတယ်။အိမ်မှာ လာဘ်ပွင့်ပြီးငွေဝင်အောင် အိမ်မှာအေးချမ်းနေအောင်လည်း မပျက်မကွက်လုပ်ရမယ့်အရာလေးတွေလည်း ရှိပါတယ်။
(၁)ဘုရားပန်း နှင့်သောက်တော်ရေဆွမ်း ဆီမီးအမြဲကပ်ပါ။ ဘုရားပန်းမနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှရေများမပူပါစေနဲ့။ သောက်တော်ရေကိုသတိရတိုင်းကပ်ပါ။
(၂)ဘုရားရှိခိုးလျင်အိမ်စောင့်နတ်ခြံစောင့်နတ်အိမ်ဝန်းအတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများမြင်အပ်မမြင်အပ်သတ္တဝါများ အားလုံးကိုမေတ္တာပို့အမျှဝေပါ။
(၃)အလွန်ကံညံ့လာဘ်ပိတ်နေလျင်ညသန်းခေါင်ပရိတ်ရွတ်ပါ။ ည 12နာရီနောက်ပိုင်းသည်နတ်မြတ်နတ်ကောင်းများလူ့ပြည်သို့လှည့်လည် ကြည့်ရှုချိန်ဖြစ်၍ ညဘက်ပရိတ်ရွတ် ဖတ်ဆုတောင်းလျင်ပို၍ ဆုတောင်းပြည့်စေပါတယ်။
(၄)အိမ်မှာအဟောင်းအစုတ်တွေမထားပါနဲ့။ အချိူ့အိမ်တွေမှာ နှမြောပြီးထားတတ်ကြတာတွေရှိပါတယ်။ ပုလင်းကွဲတွေဒန်အိုးပေါက်တွေအဝတ် အစားစုတ်တွေဘယ် လိုမှသုံးမရတာတွေလွှတ် ပစ်လိုက်ပါ။ အိမ်မှာလိုအပ်တာတွေသာအဓိကထားပါ။
(၅)အိမ်ကိုတံမြက်စည်းလှည်းလျင်နံနက်လှည်းလျှင်အိမ်ရှေ့မှအိမ်နောက်သို့လှည်းပါ။ ညနေနှင့်ညဘက်လှည်းလျှင်အိမ်နောက်မှအိမ်ရှေ့သို့လှည်းပါ။
(၆)မီးဖိုချောင်တွင်ဆန်နှင့်ဆီကိုအပြတ်မခံပါနဲ့ ။
(၇)အိမ်ရှိလှေကားများ ကျိူးပျက်နေသည်ကိုပြုပြင်ပါ။ လှေကားများကျိူး ပျက်နေခြင်းကလာဘ်တိတ်စေသလိုမကောင်းသောအန္တရာယ်များကို ဖိတ်ခေါ်စေတတ်ပါတယ်။
ဒါလေးတွေကိုတော့ တက်နိုင်သမျှ ရှောင်ကြည်ရမှာပါနော်။ နောက်ထပ်ပြောပြချင်တာလေးကတော့ မိမိအိမ်မှာလာဘ်ပွင့်ငွေဝင်အိမ်အေးချမ်းအောင်လုပ်ရမယ့် အရာလေးတွေလည်း ရှိနေပါသေးတယ်။ အိမ်ကအေးချမ်းနေရင် စိတ်ချမ်းသာရမှာပဲ မဟုတ်လား။ ရှေးက အယူတွေကလည်း သည်းစရာမလိုဘဲ ယုံကြည်မှုလေးနဲ့လည်း လုပ်ဆောင်မယ်ဆိုရင် မမြင်နိုင်တဲ့ ကံတရားကိုလည်း ပြုပြင်ပေးရာလည်းရောက်တယ်လို့ လူကြီးသူမတွေရဲ့ ပြောစကားကိုမှတ်သားဖူးပါတယ်။
အိမ်တစ်အိမ်ရဲ့ မြေဆိုတာကလည်း အရေးပါလွန်းပါတယ်။အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ။ မြေရွေပြီး တိုင်ထူရင်ရှောင်ရမယ့်အရာ သစ်သားရွေးချယ်ခြင်းပဲဖြစ်ပါတယ်။မသုံးသင့်တဲ့အသားတွေလည်း ရှိပါတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကလောသား၊ လက်ပံသား၊လဲဝါတို့ဖြစ်ပါတယ်။အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲရှိပါသေးတယ်။ အဲဒါတွေကတော့ -အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။
ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေ မရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ပြီးတော့ အိမ်မဆောက်ခင်က ဝင်းထရံကို ကြိုပြီး ခတ်မထားရဘူး။အိမ်ဆောက်ပြီးမှ ဝင်းခတ်ရမယ်။အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ်။ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။အိမ်အကာအကွယ် အိမ်သစ်မှာ နေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ် အန္တရာယ်တွေ ကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ —
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ –
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ်။
အဲဒီစာတွေရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည် ကျောက်ရည်တို့ သွန်းလောင်းပေးရပါ တယ်။ အဲဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ် ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပြီး ကြီးပွားချမ်းသာမယ့် နမိတ်ကိုဆောင်ခြင်းပဲဖြစ်ပါတယ်။စီးပွားတက်မယ့်အိမ်အကြောင်း ပြောရင်းနဲ့ မြန်မာ့ ရိုးရာထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်း သစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့ အရာလေးတွေက ရှိပါသေးတယ်။
တနင်္ဂနွေနေ့
အိမ်ဆောက်လျှင်ဆင်းရဲမည်။ တနင်္လာနေ့အိမ်ဆောက်လျှင်ဥစ္စာစီးပွားတတ်မည်။ အင်္ဂါနေ့အိမ်ဆောက်လျှင်အရာရာအောင်မြင်မည်။ ဗုဒ္ဓဟူးနေ့အိမ်ဆောက်လျှင်သောကများပြီးစီးပွားရေးမတည်မငြိမ်ဖြစ်မည်။ ကြာသပတေးနေ့အိမ်ဆောက်လျှင်စီးပွားရေးတိုးတတ်ပြိးအရာရာအဆင်ပြေမည်။သောကြာနေ့အိမ်ဆောဘက်လျှင်အိမ်တွင်း ပူပင်သောကများမည်။ ဥစ္စာဓနတိုးပွားမည်။ စနေနေ့အိမ်ဆောက်လျှင်အချင်းချင်း စကားငြင်းခုံရတတ်သည်။ အဆင်မပြေမှုများပူပင်သောကများအလိုလိုဝင်လာတတ်သည် စတဲ့နေ့နံအလိုက်တွေကိုလည်း မှတ်ထားထားသင့်ပါတယ်နော်။ဖားအောက်တောရဆရာတော်ကြီး မိန့်တဲ့ အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်နေရတဲ့ အကြောင်းအရင်း (၅)ချက်ကို ပြန်လည်မျှဝေပေးပါရစေ။အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်ပြီး စားဝတ်နေရေးတွေ ပြေလည်နေကြပြီဆိုကြပါတော့။ အိမ်သူအိမ်သားအားလုံးက .....
၁။ သူ့အသက်လည်း ဘယ်သူမှမသတ်ဘူး၊
၂။ သူ့ပစ္စည်းလည်းဘယ်သူမှ မတရားမယူကြဘူး၊
၃။ ကာမေသုမိစ္ဆာခေါ်တဲ့ မှားယွင်းတဲ့ အကျင့်တွေလည်း ဘယ်သူမှ မကျင့်ကြဘူး၊ ကိုယ်ကျင့်တရား သိပ်ကောင်းကြတယ်။
၄။ မုသားလည်းမပြောကြဘူး၊
၅။ မူးယစ်ဆေးဝါးလည်း သုံးစွဲတဲ့သူ အိမ်သူအိမ်သားထဲ တစ်ယောက်မှမရှိဘူး၊
အဲဒီလိုဆိုရင်တော့ မိသားစုတွေဟာ စိတ် ချမ်းချမ်းသာသာ နေလို့ရနေတာပေါ့။ အိမ်တစ်အိမ်မှာ ချမ်းသာသလို မိမိကိုယ်တိုင်ကလည်း ကံငါးပါးကို လုံတယ်ဆိုရင်တော့ အဲဒီအိမ်ဟာ အမြဲအိမ်တံခါးဖွင့်ထားလို့ရနိုင်ပြီးတော့ စီး ပွားတွေဆိုတာလည်း တလဟော ဝင်လာနီုင်တော့မှာပေါ့။ ဒါလေးတွေကိုတော့ တက်နိုင်သမျှ ရှောင်ကြည်ရမှာပါနော်။ နောက်ထပ်ပြောပြချင်တာလေးကတော့ မိမိအိမ်မှာလာဘ်ပွင့်ငွေဝင်အိမ်အေးချမ်းအောင်လုပ်ရမယ့် အရာလေးတွေလည်း ရှိနေပါသေးတယ်။ အိမ်ကအေးချမ်းနေရင် စိတ်ချမ်းသာရမှာပဲ မဟုတ်လား။ ရှေးက အယူတွေကလည်းသ ည်း စရာမလိုဘဲ ယုံကြည်မှုလေးနဲ့လည်း လုပ်ဆောင်မယ်ဆိုရင် မမြင်နိုင်တဲ့ ကံတရားကိုလည်း ပြုပြင်ပေးရာလည်းရောက်တယ်လို့ လူကြီးသူမတွေရဲ့ ပြောစကားကိုမှတ်သားဖူးပါတယ်။အိမ်သစ်မှာ နေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ် အန္တရာယ်တွေ ကင်းဝေးအောင် ကာကွယ်ကြပုံလဲရှိပါသေးတယ်။
အရှေ့အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
အရှေ့အရပ်ကို မျက်နှာလှည့်သော အိမ်ကို တနင်္လာဂြိုဟ်မင်းက စိုးမိုး အကျိုးပြုသော အိမ်ဟု သတ်မှတ်သည်။ ထိုအိမ်တွင် နေထိုင်သူ အပေါင်းတို့သည် ကြံရည်လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော်များကို ကြံရည် ကပ်လှူနိုင်ပါတယ်။ ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ် တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရား တစ်ဆူဆူ၏ တနင်္လာဒေါင့်တွင်လည်း လှူဒါန်းနိုင်ပါသည်။ ကြံပန်းခိုင်တို့ ကြံသကာတို့ လှူဒါန်းနိုင်ပါသည်။
အရှေ့တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
အရှေ့တောင် အရပ်ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသော အိမ်ဟုသတ်မှတ်ပါတယ်။ ဘုရားတွင် စံပယ်ပန်း မကြာခဏ လှူဒါန်းဆက်ကပ်နိုင်ပြီး ဆပ်သွားဖူး လှူ၍လည်းရပါတယ်။ ဆီးယိုလည်း မကြာခန ဒါနပြုနိုင်ပါတယ်။သံဃာတော်များအား ဆပ်ပြာ အလှူဒါနပြုနိုင်ပါသည်။ ထိုယတြာကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင် နေထိုင်သူများသည် စွမ်းအားကောင်းခြင်း ၊ သြဇာ တိုးခြင်း၊ စီးပွားတက်ခြင်းများ ဖြစ်နိုင်စေနိင်ပါတယ်။
တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟုသတ်မှတ်ပါတယ်။ လေတိုက်လျှင် တဖျတ်ဖျတ် လှုပ်သော ကြက်လျှာကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရားတင်ပါ။ ရွက်လှ ညွန့် လှူပါ။ သံဃာတော်များအား ရေ ၊ ယပ် အစရှိသည်တို့ ဒါနပြုကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေ ရတနာ ပေါကြွယ်ဝခြင်းများ ဖြစ်ပေါ်စေပါတယ်။
အနောက်တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
အနောက်တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို စနေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် ထီးနီ တစ်လက် တင်ထားပါ။ သံဃာတော်များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွား တိုးတက်ခြင်းများ ဖြစ်ပေါ် လာမည်။
အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ကြာသပတေးဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါတယ်။ ပန်းပွင့်များ ဘုရားစင်တွင် မပြတ်လှူဒါန်း ဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖေယောင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခဏပြုပါ။သံဃာတော်များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာ စီးပွား တိုးတက်ခြင်းများ ရရှိခံစားရမည်။
အနောက်မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
အနောက်မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ရာဟုဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့တွင် မကြာခန ရေဖြန်းပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီးသုပ် ဆက်ကပ်လှူဒါန်းပေးပါ။သံဃာတော်များကိုလည်း ဆက်ကပ်လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်းများ ဖြစ်စေပါတယ်။
မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို သောကြာဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသောအိမ်ဟု သတ်မှတ်ပါသည်။ အိမ်ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွန့် ဒါနပြုပါ။သံဃာတော်များကို သတ်သတ်လွတ် ဟင်းများ မကြာခဏ လောင်းလှူပါ။ နေအိမ်တွင် နေထိုင်သူများလည်း မကြာခဏ သတ်သတ်လွတ်စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။
အရှေမြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
အရှေ့မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို တနင်္ဂနွေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသောအိမ်ဟု သတ်မှတ်ပါတယ်။ အိမ်ရှေ့တွင်အုန်းခွံစာကလေးအိမ် ချိတ်ဆွဲထားခြင်း၊ အိမ်ဘုရားအား အုန်းသီး ကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာေ တာ်များအား လည်းကပ် လှူဒါန်းပေးခြင်း ၊ အောင်အိုး တစ်လုံးတွင် အုန်း ညွန့်(၆) ညွန့်ထိုးထား၍ အိမ်ရှေ့တွင် ထားခြင်း ဆောင်ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်ပါတယ်။အခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာတွေထဲကနေဆိုရင် သင်တို့ရဲ့အိမ်ဟာ ဘယ်လိုအိမ်မျိုးလဲဆိုတာ ဆန်းစစ်ကြည့်ပြီးလောက်ပါပြီနော်။ စီးပွားတက်မယ့်အိမ်မျိုးကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ သင်ဟာ ကြီးပွားခြင်း ချမ်းသာခြင်း ကျန်းမာခြင်းတွေနဲ့ ပြည့်စုံနေပြီး ဘဝတစ်လျှောက်လုံးတွင် စီးပွားတိုးပွားခြင်းတွေနဲ့အတူ ခံစားနိုင်တော့မှာပါ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ
လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်
ဝါတွင်းကာလ အိမ်ပြောင်း၊ အိမ်ဆောက်၊အိမ်ထောင်မပြုရဆိုတာ မှန်သလား
စီးပွားတက်မည့်အိမ်နှင့် ရေဆန်အိမ်တို့ဆိုတာ
မြေဝယ်သူတွေ စိစစ်ရမယ့် အရေးကြီးဆုံး အချက် (၂၃) ချက်
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties