By Myanmar Builders Guide, Shweproperty.com
Updated at 20 August 2018
အိမ်ပိုင်ရှင်တွေအနေနဲ့ အိမ်အပြင်အဆင်တွေနဲ့ ပက်သက်ပြီးတော့ ပြုပြင်သင့်၊ မပြုသင့်အချက်တွေကိုသိထားသင့်တဲ့ အချက်တွေရှိကြောင်း သိရပါတယ်။ အိမ်ပိုင်ရှင်အများစုက မိမိနေအိမ်ကို ကိုယ်ပိုင်ခံစားချက်တွေနဲ့ ကိုက်ညီအောင် အချိန်ပေးပြီး တီထွင်မှု ဆန်းသစ်တဲ့ ဒီဇိုင်းတွေ ပြင်ဆင်ကြပါတယ်။
ပြန်ရောင်းချမယ့် အိမ်တွေကို စိတ်တိုင်းကျပြင်ဆင်တာက ကုန်ကျစရိတ်ပါများသွားပြီးတော့ ပြန်ဝယ်မယ့်သူအတွက်လည်း အကြိုက်မတွေ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဝယ်သူတွေအတွက်လည်း သူတို့နေထိုင်တဲ့အခါ သဟဇာတဖြစ်စေမယ့် အိမ်ပုံစံတွေကို ပြောင်းလဲချင်မှာဖြစ်ပြီး ပြုပြင်ရာမှာ သတိထားသင့်ပါတယ်လို့ ဆိုင်ရာလုပ်ငန်းရှင်က သိရပါတယ်။
အလွန်အကြူးမပြင်ပါနဲ့
အိမ်ခန်းကို ဈေးတင်ရောင်းလိုတဲ့အခါ အိမ်တွေကို အလွန်အကြူး ပြင်ဆင်ကြတာ ရှိတယ်။ ဒါပေမဲ့ ဝယ်သူတွေအနေနဲ့လည်း အိမ်သစ်ဝယ်ရင် စိတ်တိုင်းကျ ပြုပြင်လိုတဲ့ ခံစားချက်တွေ ရှိပါတယ်။ ဒါ့အပြင် ပြန်ရောင်းမယ်ဆိုတဲ့အခါ နံရံကပ်ပိုစတာတွေ၊ အလွန်အမင်းခြယ်မှုန်းထားတဲ့ ရေချိုးခန်းနံရံကြွေပြားတွေနဲ့ ပုံမှန်မဟုတ်တဲ့အိမ်တွင်း အပြင်အဆင်တွေကို ဖြုတ်သိမ်းသင့်ပါတယ်။
ခြံဝင်းတွေကို မမေ့ပါနဲ့
အိမ်ရှင်တွေဟာ အိမ်ခြံဝင်းကို ပြုပြင်ထိန်းသိမ်းဖို့ မေ့လျော့တတ်ပါတယ်။ ဒါကြောင့် ခြံဝင်းတွေဟာ ခြောက်ကပ်နေပြီဆိုရင် သာယာအောင်လုပ်ပေးသင့်ပါတယ်။
ဝယ်သူတွေနေရာက တွေးပါ
နှစ်ကာလရှည် အိမ်မှာနေထိုင်ပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ မပြုလုပ်ခြင်းဟာ ရောင်းဖို့ပြင်ဆင်တဲ့အခါ ကုန်ကျစရိတ်များပါတယ်။ ဒါကြောင့် အိမ်တွေကို အိမ်တွင်း လေအေး၊ လေသန့်စနစ်၊ ရေပိုက်စနစ်နဲ့ အမိုးနဲ့ ရေတံလျောက် သန့်ရှင်းရေးတွေကို ပြုလုပ်ပေးဖို့ လိုပါတယ်။ အခန်းတွေရဲ့ မီးအလင်းစနစ်တွေကို အခန်းနဲ့ကိုက်ညီအောင် တပ်ဆင်ထားဖို့ လိုပါတယ်။
အိမ်တွင်း Facilities များ
ဝယ်သူတွေဟာ အိမ်ဝယ်မယ်ဆိုရင် အိမ်ရဲ့ ရေပိုက်၊ အခန်းဖွဲ့စည်းမှု၊ အမိုးတွေရဲ့အပြင်အဆင်ကို အဓိကထားကြည့်ကြပါတယ်။ ဒါကြောင့် ရောင်းချသူတွေအနေနဲ့ အိမ်ရဲ့ ပင်မအချက်တွေကို ကြည့်ပြီး ဝယ်ယူတာကြောင့် တခြားအလှအပဆိုင်ရာတွေထက် ဦးစားပေးပြင်ဆင်သင့်ပါတယ်။ ဒါ့အပြင် အိမ်အတွက် လိုအပ်တဲ့ ဒီဇိုင်းတွေကို ပြန်ပေါင်းစပ်သင့်ပြီး ခေတ်စားနေတဲ့ စနစ်တွေထက် ရိုးရှင်းတဲ့ ဒီဇိုင်းတွေကသာ အရောင်းတည့်စေပါတယ်။ ဒါကြောင့် ရောင်းချဖို့ စဉ်းစားတဲ့အခါ ဒီဇိုင်းတွေ အနေအထားတွေ ထည့်သွင်းစဉ်းစားပြီးမှ အပြင်အဆင်တွေကို ရွေးချယ်သင့်ပါတယ်။အိမ်ကို အဆင့်မြှင့်တင်မှုတွေ၊ အဆောင်တိုးတွေ ဆောက်လုပ်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ သိပ်ပြီးကွဲပြားမထွက်နိုင်ဖို့ အရေးကြီးပါတယ်။ ပတ်ဝန်းကျင်နဲ့ တစ်သီးတခြားဖြစ်နေရင် ဝယ်သူတွေအနေနဲ့ အိမ်ကိုလာကြည့်တဲ့ခါ အမြင်တစ်မျိုး ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့အပြင် ခြံဝင်းအတွင်းမှာ ခြံဥယျာဉ်နဲ့ဆေးရောင်အသွင်အပြင်၊ ဒီဇိုင်းမျိုးစုံ ပြင်ဆင်ထားမှုက ပတ်ဝန်းကျင်နဲ့ အချိုးမကျဖြစ်နေရင် ရောင်းချတဲ့ ဈေးနှုန်းကို ထိခိုက်စေတတ်ပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties