By Homedecor, Shweproperty.com
Updated at 28 May 2019
တစ်နေ့တွင် ကျွန်ုပ်နေထိုင်ရာ လှိုင်မြို့နယ် အေးရိပ်မွန် ၁ လမ်းရှိနေအိမ်သို့ မနှင်းကြည်ဆိုသူ သူငယ်ချင်းတစ်ဦး ရောက်ရှိလာလေ၏။ နှင်းဆိုသည်မှာ အေးမြသည့် သဘာဝရှိသော်လည်း ကျွန်ုပ်၏ သူငယ်ချင်း မနှင်းကြည်မှာမူ အပူသောက၏ အရိပ်အယောင်များလွှမ်းမိုးနေသည်ကို သိသာစွာ မြင်တွေ့နေရ၏။ သူ၏မျက်နှာမှာလည်း မကြည်မလင် ဖြစ်နေလေ၏။
ကျွန်ုပ်သည် ၎င်းအား မနောမယ လက်ဖက်ရည်ဖြင့် ဧည့်ခံရလေ၏။ သူသည် လက်ဖက်ရည်ကို ငူငူကြီးဖြင့် တစ်ကျိုက်ခြင်း သောက်နေလေ၏။ ကျွန်ုပ်က
“နင့်ဟာကလည်း – လက်ဖက်ရည်လေးက ကောင်းလိုက်တာဟယ်။ ကျေးဇူးတင်ပါတယ် လို့ လောကွတ်လေး လုပ်ဖော်တောင်မရဘူး” ဟု နောက်ပြောင်လိုက်လျှင်- မနှင်းကြည်သည် လက်ဖက်ရည်ခွက်ကို အောက်သို့ “ခွက်” ခနဲဆောင့်í ချလိုက်ပြီးနောက်-
“နင့်လက်ဖက်ရည် ကောင်းတာ၊ ဆိုးတာ အပထား။ ငါ့ဘဝက ဆားကို လျက်ရင်တောင် ငံမှန်း မသိနိုင်တော့ဘူးဟေ့။ အဲဒီလောက်အပူတွေများနေတာ” ဟု ညည်းညူí ပြောပါလေတော့၏။
ပြီးနောက် သူတို့မိသားစု စီးပွားအကြီးအကျယ် ပျက်သည့်အကြောင်း၊ အိမ်ထောင်လည်း ပျက်သွားပြီ ဖြစ်သည့်အကြောင်း၊ အထည်ကြီးပျက် ဆိုသည့် အခြေအနေကို လက်တွေ့ကြုံနေရသည့် အကြောင်းများကို ရင်ဖွင့်လေ၏။
“ငါတော့ သတ်ပြီး သေရရင် ကောင်းမလား လို့ပဲ ခဏခဏ ကြံနေမိတော့တာပဲဟာ” ဟုလည်း ရေရွတ်လေ၏။ သူသည်ခေါင်းကို ငိုက်စိုက်ချလျက် ကြမ်းပြင်ကို သူ၏ လက်သည်းများဖြင့် အဓိပ္ပာယ်မဲ့ ကုတ်ခြစ်ရင်း ထိုစကားများကို ပြောနေရင်း ဖြစ်လေ၏။ စိတ်ဓာတ်လည်း အထူးကျဆင်းနေပုံ တွေ့မြင်ရလေ၏။ ကျွန်ုပ်က-
“နင့်ကို ငါပုံပြင်လေးတစ်ပုဒ် ပြောပြမယ်။ တစ်ခါတုန်းက ကမ္ဘာကျော် လက်ဝှေ့ချန်ပီယံကြီး တစ်ယောက်ဟာ ချန်ပီယံဘွဲ့ကို လက်လွှတ် လိုက်ရပြီးတဲ့နောက် စိတ်ဓါတ် အရမ်းကျသွားတယ်။ စိတ်တွေလေပြီး လေ့ကျင့်ခန်းတွေ ဘာတွေလည်း မလုပ်ဖြစ်တော့ဘူး။ သုံးဖြုန်း သောက်စားပြီး ဘဝကို ရေစုန်မျှောတဲ့ ဘဝမျိုး ရောက်သွားတယ်။
နောက်ဆုံး သူ့မှာ အိမ်တို့ ကားတို့၊ စီးပွားဥစöာ တို့လည်း ပြုတ်ပြုတ်ပြုန်းသွားပြီး၊ အသောက်သမားကြီးဘဝ ရောက်သွားပြီ။ သူ့လက်ထဲမှာ ပိုက်ဆံနဲနဲလေးပဲ ကျန်တော့တယ်။ အဲဒီပိုက်ဆံလေး ကုန်သွားရင် သူ့မှာဘာမှမရှိဘူး။
အဲဒီအချိန်မှာ မာစတာဘရိန်းဆိုတဲ့ ပညာရှင်တွေကို သူသွားပြီးသတိရမိတယ်။ အဲဒီပညာရှင်တွေရဲ့ လမ်းညွှန်ချက်တွေဟာ အံ့ဩစရာကောင်းလောက်အောင်ကိုပဲ အကျိုးထူးစေသတဲ့။ အဖြေလေးတစ်ခုအတွက် ဈေးကလည်း အရမ်းကြီးတယ်။
စိတ်ဓာတ်ကျနေတဲ့ လက်ဝှေ့ချန်ပီယံဟောင်းဟာ သူ့ရဲ့နောက်ဆုံး ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မာစတာဘရိန်း ဆီကို ရောက်သွားခဲ့တယ်။ မာစတာဘရိန်းက သူပြောသမျှတွေကို နားထောင်ပြီးတဲ့နောက် –
“ခင်ဗျား ပြန်ပြီး အောင်မြင်ဖို့၊ စိတ်ဓာတ်ခွန်အားတွေ ရှင်သန်နိုးကြား လာဖို့အတွက် အကောင်းဆုံး လမ်းညွှန်ပေးလိုက်မယ်။ ခင်ဗျားရဲ့ မွေးဇာတိရွာကလေးကို တစ်ပတ်ဆယ်ရက်လောက် ပြန်သွားလိုက်ပါ။”
မာစတာဘရိန်းရဲ့ လမ်းညွှန်ချက်က အဲဒါအကုန်ပဲ။ လက်ဝှေ့ချန်ပီယံ ဟောင်းကြီးကတော့ မကျေမချမ်းဖြစ်ပြီး –
“ခင်ဗျားကိုအထင်တကြီးနဲ့ အကြံဉာဏ် လာတောင်းတာ။ ခင်ဗျားနဲ့ တွေ့မှပဲ ရွာပြန်ရမလို ဖြစ်သွား ရတော့တယ်။ ကျုပ်ပြန်ပြီး အောင်မြင်ဖို့ အကြံဉာဏ် လာတောင်းတာဗျ။” လို့ တဖျစ်ဖျစ်တောက်နဲ့ ပြောတော့တာပေါ့။ ဒါပေမဲ့ မာစတာဘရိန်း ကလဲအခုနစကားကိုပဲ လေးနက်ယုံကြည်စွာ လိုက်နာဖို့ အတန်တန် တိုက်တွန်းတယ်။ သူပြောတာကို လိုက်နာရင် လက်ဝှေ့ချန်ပီယံ မုချပြန်ဖြစ်စေရမယ် လို့လည်း အခိုင်အမာ တာဝန်ယူသတဲ့။
အဲ့ဒါနဲ့ပဲ နောက်ဆုံးမှာ အခြားဘာမှ လုပ်စရာမရှိတော့တဲ့ လက်ဝှေ့ချန်ပီယံဟာ မာစတာဘရိန်းရဲ့ လမ်းညွှန်ချက်အတိုင်း ကားအစုတ်လေးကို ငှားပြီး သူ့မွေးရပ်ရွာကလေးကို ပြန်သွားခဲ့သတဲ့။
ရွာအဝင်နားကို ရောက်တော့ မြောင်းထဲမှာ ငါးဖမ်းနေတဲ့ သူ့သူငယ်ချင်းဟာ မီးခိုးတအူအူနဲ့ မောင်းလာတဲ့ ကားလေးကို တွေ့တော့ စူးစမ်းပြီးကြည့်ရင်း၊ လက်ဝှေ့ချန်ပီယံမှန်း သိသွားတဲ့အခါ ကားဆီကို အပြေးလာပြီး၊ ကားပေါ်ကို တွယ်တက်၊ လက်ဝှေ့ချန်ပီယံ ဟောင်းကြီးကို အတင်းဖက်၊ နောက်ကျောကို ရွံ့ပေနေတဲ့ လက်သီးဆုပ်ကြီးနဲ့ တအုန်းအုန်းထုရင်း-
“မသာကြီး၊ အခုမှပဲ ပေါ်လာတော့တယ်။ နင်က ကမ္ဘာ့လက်ဝှေ့ချန်ပီယံကြီး ဖြစ်သွားပြီ ဆိုပြီး ဘဝင်တွေ မြင့်သွားတာပေါ့လေ။ ဟုတ်လား။ မေ့ဦးဟာ မေ့ဦးဟာ။” ဆိုပြီး သူ့မှာ ပေနေတဲ့ ရွှံ့တွေနဲ့ ချန်ယီယံ ဟောင်းကြီးရဲ့မျက်နှာကို ဇွတ်အတင်း သုတ်သတဲ့။
ချန်ပီယံဟောင်းကြီးလည်း စိတ်ဓာတ်ကျ၊ အားငယ်နေတာတွေ ရုတ်တရက် ပျောက်သွားပြီး အပျော်ဓာတ်တွေ ဘွားကနဲ ပေါ်လာတော့တယ်။ ကားလေးကို တွန့်ဆုတ်ဆွန့်ဆုတ်နဲ့ မောင်းရင်း သူငယ်ချင်းစသမျှ၊ နောက်သမျှ၊ သူကလည်း တဟားဟားနဲ့ သဘောကျရင်း ကာလအတန်ကြာ ပြုံးရယ်ခြင်းကို မေ့လျော့ နေခဲ့ရာကနေ၊ သူ့မျက်နှာမှာ အပြုံးရိပ်၊ အပျော်ဓာတ်တွေ ပြန်ပေါ်လာခဲ့သတဲ့။
ရှေ့နားနည်းနည်းလေး ရောက်သွားတော့၊ လမ်းဘေးမှာလယ်ထွန်နေတဲ့ ငယ်သူငယ်ချင်းတွေ၊ လမ်းဖို့နေတဲ့ ငယ်သူချင်းတွေနဲ့ ပါတွေ့ပြီး သူ့ကားစုတ်လေးပေါ်ကို တပြုံကြီး ဝိုင်းတက်လာကြတယ်။ ပါးစပ်တွေကလည်း ရှေးဟောင်းနှောင်းဖြစ်တွေကို အလုအယက် အကျယ်ကြီး ပြောကြ၊ ငယ်ကျိုးငယ်နာတွေ ဖော်ကြနဲ့ လက်ပံပင်ဆက်ရက်ကျ သလို ဖြစ်နေတော့သတဲ့။
ရွာထဲကို ဝင်လာတော့လည်း ဆူဆူညံညံ အသံကြားလို့ ထွက်ကြည့်ကြတဲ့သူ၊ ဆွေမျိုးတွေ၊ ငယ်သူငယ်ချင်းတွေ ကလည်း ချန်ပီယံဟောင်းကြီး ရွာကို အလည်လာတယ်ဟေ့ ဆိုပြီး ထမင်းချက် နေတဲ့သူကလည်း ယောက်မကြီးကိုပစ်ချ၊ အဝတ်လျှော်နေတဲ့သူကလည်း လျှော်လက်စအဝတ်တွေကိုပစ်ချပြီး ကားစုတ်လေးဆီကိုပြေးလာကြသတဲ့။
သူ့ကိုအပြင်မှာ မတွေ့ဖူးတဲ့ ကလေးတွေကလည်း “ချန်ပီယံ၊ ချန်ပီယံ” လို့ အားရပါးရ အော်ဟစ်နေကြတာ မိုးတောင် ပွင့်မတတ်ပါပဲတဲ့။ ချန်ပီယံကြီးလည်း ဟက်ဟက်ပက်ပက်၊ တဟားဟားနဲ့ ရယ်ရင်း၊ အပျော်ကြီးပျော်နေပြီ။
အဲဒီမှာ သူသဘောပေါက်လိုက်တာက ကမÇာ့ကြိုးဝိုင်းစင်မြင့်ပေါ်မှာ သူဘယ်လောက်ပဲ ချန်ပီယံဘွဲ့ကို လက်လွှတ်လိုက်ရပေမယ့် သူ့ဇာတိရွာလေးကတော့ဖြင့်၊ သူ့ကိုတစ်သက်တာလုံး ကမာတည်နေသမျှ ချန်ပီယံကြီးလို့ပဲ သတ်မှတ်ထားပါလား၊ သူဟာ အမြဲတမ်းချန်ပီယံဖြစ်နေပါလားလို့ သဘောပေါက်သွားတယ်။
ဒီရွာလေးကထွက်သွားပြီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်သွားတဲ့သူကို အကြောင်းပြုပြီး ဒီရွာလေးက ဂုဏ်ယူလို့မဆုံး ဖြစ်ရတဲ့အတွက် ကမာကြီးပေါ်မှာ ဘယ်သူတွေကဘယ်လောက်ပဲ သူ့ကိုကဲ့ရဲ့နှိမ့်ချနေပါစေ၊ အထင်တွေသေးနေစမ်းပါစေ။ သူ့ရွာကလေးကတော့ သူ့ကို ဂုဏ်ယူလို့မဆုံးဖြစ်နေဦးမှာပါလားဆိုတာကိုလည်း သဘောပေါက်သွားတယ်။
အဲဒီအတွက် သူ့မွေးဇာတိက ရွာသူရွာသားတွေ ပျော်ရွှင်ကြည်နူး ဝမ်းမြောက်ဂုဏ်ယူနိုင်ဖို့အတွက် သူ့ဘက်ကလည်း ပြန်လည်ပေးဆပ်ကြိုးစားဖို့ လိုပါလားဆိုတာကိုပါ သဘောပေါက်သွားတယ်။
အချိန်ပိုင်းလေးအတွင်းမှာပဲ လက်ဝှေ့ချန်ပီယံဟောင်းကြီးရဲ့ ခံစားချက်တွေပြောင်းပြန်ဖြစ်သွားတယ်။ ငယ်ငယ်က စိတ်ဓာတ်ခွန်အားမျိုးတွေ၊ မျှော်လင့်ခြင်းမျိုးတွေနဲ့ ပြန်ပြီးနိုးကြားတက်ကြွ လန်းဆန်းသွားတယ်။ အဲဒီမှာတင်ပြန်ပြီးကြိုးစားလိုက်တာ ကမÇာ့လက်ဝှေ့ချန်ပီယံဘွဲ့ကို ပြန်ပြီးအရယူနိုင်ခဲ့သတဲ့ဟေ့။
ငါပြောချင်တဲ့ပုံပြင်လေးကတော့ အဲဒါပါပဲ။ အဲဒီတော့ နင့်ကိုလည်း မာစတာဘရိန်းလို လမ်းညွှန်ရရင်တော့ ရွာကိုပြန်ပေတော့ မနှင်းကြည်ရေ” ဟုပြောပြလိုက်ရာ ပူပြီး နောက်နေပုံရသော မနှင်းကြည်သည် ယခုမှ မနှင်းကြည် ပြန်ဖြစ်သွားခဲ့ရလေတော့၏။
“ဟုတ်ပါ့နော်၊ ငါလဲဆင်းရဲသူ၊ ဆင်းရဲသားဘဝကလာခဲ့တာပဲဟာ။ အခုအခြေအနေမှာ ငါက မူရင်းဘဝလောက်တောင် ပြန်နိမ့်မသွားသေးပါဘူး။ မြတ်တောင်မြတ်နေတုန်းပဲ။ အဲဒီလိုပြောပြပေးတဲ့အတွက် နင့်ကို ကျေးဇူးတင်ပါတယ်။ စောစောတုန်းက ဘာမှန်းမသိလိုက်တဲ့ နင့်ရဲ့ လက်ဖက်ရည်လေးကလည်း ခုမှ ကောင်းသွားတာဟ။ တော်တော်ကောင်းတဲ့ လက်ဖက်ရည်ပဲ” ဟု ပြောပြောဆိုဆိုနဲ့နဲ့ပဲ လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်ဖင်ကပ်ကို ပါးစပ်ဟíခံရင်း ပြောလေတော့၏။ ပြောရင်းလည်းရယ်လေ၏။ ထိုအခါကျမှပင် ကျွန်ုပ်တို့၏စကားဝိုင်းမှာလည်း ရယ်သံမောသံများ စတင်ပေါ်ထွက်လာပါလေတော့၏။
ထို့နောက်တွင်မှ- မနှင်းကြည်က
“နင့်ဆီက လက်ဝှေ့ချန်ပီယံဟောင်းနဲ့ မာစတာဘရိန်းပုံပြင်ကိုကြားရတာ အရမ်းကောင်းပါတယ်။ ဗေဒင်ဆရာအဖြစ်နဲ့ ပြောပေးပါဦး။ အခုတလော ငါ့မှာအရေးကြီးဆုံးဒုက္ခက အိမ်ဒုက္ခပဲ။ အိုးပိုင်အိမ်ပိုင်မရှိတော့ အရမ်းဒုက္ခရောက်တယ်ဟာ။ အိမ်ငှားဘဝမှာလည်း ဟိုပြေးသည်းပြောင်းနဲ့ အရမ်းဒုက္ခရောက်တာ။
အဲဒီတော့အိမ်မပိုင်ခင်မှာလည်း နေရာလေးအတည်တကျမြဲချင်တယ်။ ပြီးတော့အိမ်ပိုင်လေးလည်း လိုချင်တယ်ဟာ။ ဗေဒင်ဆရာအဖြစ်နဲ့ ကူညီပါဦး။” ဟု ပူဆာပြန်ပါလေ၏။
ကျွန်ုပ်လည်း သောက်လက်စ စီးကရက်တိုကို အနီးရှိဆေးလိပ်ခံခွက်ထဲ ထိုးချေလိုက်ရင်း........
“အစိန္တေယျ” အစချီတဲ့ ဘုရားရှိခိုးတယ်လေဟာ။ ထိပ်ဆုံးက “အစိန္တေယျ” ဆိုတာကိုပဲ ပုတီးစိပ်ရမယ်။ တစ်နေ့ကို နင့်ရဲ့ သက်စေ့ပုတီး အပတ်ရေရအောင် စိပ်ရမယ်။ ရက်ပေါင်းကလည်း နင့်ရဲ့ သက်စေ့ရက်ပြည့်အောင် အဓိဋ္ဌာန်ပုတီး စိပ်ရမယ်။ အဲဒီအဓိဋ္ဌာန်နဲ့အတူ နေရာအတည်တကျ မြဲအောင်၊ အိုးပိုင်အိမ်ပိုင် ရအောင် ကြိုးစားပေတော့ဟေ့။” ဟု ပြောပြလိုက်ရပါလေတော့သတည်း။ ထိုစကားကို ကြားမှပင် ကျွန်ုပ်၏သူငယ်ချင်း မနှင်းကြည်မှာလည်း မျက်နှာတွင် ပြုံးရိပ်သန်း ကြည်လင် သွားကာ တကယ့် မနှင်းကြည် ဖြစ်သွားခဲ့ရ ပါလေတော့သတည်း။”
Ref : Homedecor
Photo Credit : Dinsmoreteam
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties