By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 26 June 2018
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြဌာန်းခဲ့သည်။
စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ
အခန်း(၇)
တည်ထောင်သူများ၏ အခွင့်အရေးနှင့် တာဝန်များ
၂၄။ တည်ထောင်သူ၏ အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပူးတွဲတည်ထောင်သူ ခန့်အပ်ဆောင်ရွက်နိုင်ခြင်း၊
(ခ) စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်မပြီးမီ အိမ်ခန်းများကို ကြိုတင်ရောင်းချနိုင်ခြင်း ၊
(ဂ) စုပေါင်းပိုင် အဆောက်အအုံ၏ ၄၀ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဤဥပဒေနှင့် အညီ ရောင်းချနိုင်ခြင်း။
၂၅ ။ တည်ထောင်သူ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) သက်ဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေ တွင်သာ စုပေါင်းပိုင်အဆောက်အအုံကို ဆောက်လုပ်ခြင်း၊
(ခ) သတ်မှတ်ထားသော အနည်းဆုံး မတည်ငွေရင်းရှိရမည့်အပြင် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့် အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့လျှောက်ထားခြင်း ၊
(ဂ) လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်လိုပါက သတ်မှတ်ချက်နှင့် အညီဆောင်ရွက်ခြင်း ၊
(ဃ) စုပေါင်းပိုင်မြေကို သက်ဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်၍ စုပေါင်းပိုင် အဆောက်အအုံတည်ထောင်သည့် စာချုပ်စာတမ်းကို သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်ခြင်း ၊
(င) စုပေါင်းပိုင်အဆောက်အအုံတည်ထောင်လိုပါက စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံ တစ်ခုဖြစ်ရန် လိုအပ်သော အထောင်အထားများနှင့် အတူ မြေနှင့် အဆောက်အအုံပုံစံ စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင် အဆောက်အအုံတွင် ပါရှိရမည့် စုပေါင်းပိုင်ပစ္စည်းများနှင့် မူလအချိုးသင့်ပိုင်ဆိုင်မှု အစုတန်ဖိုးတို့ကို ပူးတွဲတင်ပြ၍ ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့် အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားခြင်း၊
(စ) ခွင့်ပြုချက်ရရှိပါက မှတ်ပုံတင်ပြီးသော စုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံကို သတ်မှတ်ချက်များနှင့် အညီ ဆောက်လုပ်ခြင်း ၊
(ဆ) စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ပြီးစီး၍ တည်ဆဲဥပဒေနှင့် အညီ နေထိုင်ခွင့် ရရှိပါက စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သည့် စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများကို မှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်ခြင်း ၊
(ဇ) ပူးတွဲတည်ထောင်သူနှင့် သက်ဆိုင်သော အကြောင်းအရာများကို စီမံခန့်ခွဲရေး ကော်မတီသို့ အကြောင်းကြားခြင်း၊
(ဈ) အိမ်ခန်းများကို နိုင်ငံခြားသားအား ရောင်းချလျှင် စတင်ရောင်းချသည့် အချိန်တွင် မှတ်ပုံတင်အရာရှိထံ အကြောင်းကြားခြင်း ၊
(ည) အိမ်ခန်းကို နိုင်ငံခြားသားအား ရောင်းချလျှင် နိုင်ငံခြားမှ တရားဝင်ငွေလွှဲပို့သော နိုင်ငံခြား ငွေဖြင့်သာ ရောင်းချခြင်း ၊
(ဋ) စုပေါင်းပိုင်အဆောက်အအုံကို သတ်မှတ်စံချိန်စံညွှန်းနှင့် ညီညွတ်စေရန်လည်းကောင်း ၊ သတ်မှတ်ထားသည့် အဆောက်အအုံ အစိတ်အပိုင်းများပြည့်စုံစွာပါရှိစေရန်လည်ကောင်း ဆောင်ရွက်ခြင်း ၊
(ဌ) စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင် အဆောက်အအုံအဖြစ် မှတ်ပုံတင်သည့် စာချုပ်စာတမ်း အတွက် တည်ဆဲဥပဒေနှင့် အညီ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခြင်း ။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Rpmpremierfl
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties