By Harthanantaw, Shweproperty.com
Updated at 8 January 2019
အိမ်၌မပြုသင့်မထားသင့်သော ရှောင်ရန်များ ဗဟုသုတအနေနဲ့တင်ပေးလိုက်ပါတယ်။
၁။ အိမ်ရှေ့၌ငှက်ပျေားပင်မစိုက်အပ်
၂။ရေစိုအဝတ်များကိုညအချိန်သစ်ပင်ပေါ် အဝတ်တန်းပေါ်မထားရ။
၃။ကိုယ်ဝန်ဆောင်များအပြောဆိုမကြမ်းရ။
၄။လက်ဖက်သုတ်စားပြီးကလေး၏ ပါးကိုမနမ်းရ။
၆။ကတ်ကြေး၊ကွမ်းညှပ်၊ဓားစသည်တို့ကိုညှပ်စရာမပါပဲမညှပ်ရ၊မဖြတ်ရ။
၇။အိမ်ပေါ်၌ဇယ်မခုတ်ရ။
၈။အိမ်သားတစ်ဦးနေမကောင်းဖြစ် စဉ်ခေါင်းမလျှော်ရ။
၉။ယောက်မနှင့်ထမင်းအိုးနှုတ်ခမ်းမရိုက်ရ
၁၀။စလောင်းဖုံးကိုဖိုခနောက်ပေါ်မအုပ်ရ။
၁၁။မီးဖိုမှာလူနှစ်ယောက်ပြိုင်တူမီးမမှုတ်ရ။
၁၂။ညောင်သားကိုမီးမစိုက်ရ။
၁၃။ကျောက်နီလက်စွပ်ကိုနှစ်ကွင်းထပ်မဝတ်ရ။
၁၄။ဖိနပ်ချွတ်သောနေရာတွင်ထီးမထားရ။
၁၅။အရေးကြီးသောကိစ္စများပြောစဉ်ဖိနပ်ထိပ်ဦး အားထီးထိပ်ချွန်နှင့်ထောက်၍စကားမပြောရအစီစဉ်ပျက်တတ်သည်။
၁၆။ဖျာကိုခေါင်းရင်းမှစပြီးလိပ်၍သိမ်ပါ။
၁၇။ဖျာလိပ်ကိုအမြင့်ပေါ်မတင်ရ။
၁၈။တိုင်ကပ်နာရီကိုအိမ်ခြေရင်းတွင်မချိတ်ရ
၁၉။မိဘတို့၏ဖိနပ်ကိုမနင်းရ။
၂၀။ဓာတ်ခဲအဟောင်းများအိမ်တွင်မထားရ။
၂၁။အိမ်၏မျက်နှာစာတွင် ထမင်း ချက်ပြုတ်မစားရ။
၂၂။အိမ်ရှိကြည့်မှန်များမကောင်းသောပုံ ရိပ်များထင်ဟပ်သောနေရာတွင်မချိတ်ရ။
၂၃။အိမ်ရှေ့တွင်ငြုပ်သီးပင်မစိုက်ရ
၂၄။ထမင်းပန်းကန်များအတွင်းသို့စားပြီးဝါးပြီး အကြွင်းအကျန်များထည့်မသိမ်းရ။
Ref : Harthanantaw
Photo Credit : Modernmom
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties