By Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 30 November 2017
မကြာမီက ဤဂျာနယ်တွင် အိမ်ငှားရှိသည့် အိမ်ကို ဝယ်မိလျှင် ဆောင်ရွက်ရမည့် အချက်များကို ဗဟုသုတအဖြစ်ရေးသား ခဲ့ပါသည်။ ယခုအခါ ရောင်းသူက ခွင့်ပြုချက်ဖြင့် နေထိုင်သူရှိနေ သည့် အိမ်ကို ဝယ်လျှင်မည်သို့ဖြစ် နိုင်သလဲဟု မိတ်ဆွေတစ်ဦး က မေးမြန်း လာပါသည်။
မှန်ပါသည်။ အိမ်၊ တိုက် ခန်း စသည့်အဆောက်အအုံများ ကို ဝယ်ယူသည့်အခါ အဆိုပါ ရောင်းချမည့် အဆောက်အအုံ တွင် ရောင်း ချမည့်သူ အခမဲ့ နေ ထိုင်ခွင့်ပြုထားသော သူများရှိ နေတတ်ကြသည်။
မူလကတော့ အိမ်၊ တိုက် ခန်းရောင်းမည်ဆိုလျှင် ချက်ခြင်း ဆင်းပေးပါမည်ဟု ကတိပြုကြ သော်လည်း အမှန်တကယ် အ ရောင်း အဝယ်ဖြစ်သည့်အခါ ရွှေ့ ပြောင်းရန်နေရာ အခက်အခဲရှိနေ ၍ တစ်လ၊ နှစ်လခန့် နေထိုင်ခွင့် ပြုပါဟု တောင်းဆိုသည့် ကိစ္စရပ် များ မကြာခဏဖြစ်လေ့ရှိပါသည်။ နောက်ပိုင်းတွင် အိမ်မှဆင်းမပေး တော့ဘဲ အိမ်ငှားအဖြစ်နေပါရစေ စသဖြင့် အခွင့်အရေးတောင်းလာ ရာမှ အိမ်နှင်လိုမှု စွဲဆိုရသည် လည်းရှိလာပေသည်။
ခွင့်ပြုချက်ဖြင့် နေထိုင်သူအားနှင် လိုခြင်း
အိမ်၊ တိုက်ခန်း လက် ရောက်ရှိသူက မည်သူ့ကိုမဆို ခွင့် ပြုချက်ဖြင့်ထားပိုင်ခွင့်ရှိပေသည်။ ထို့အတူ မိမိခွင့်ပြုထားသည့် ခွင့် ပြု ချက်ဖြင့် နေထိုင်ခွင့်ကိုလည်း မည်သည့်အချိန်တွင်မဆို ရုပ် သိမ်းနိုင်ပေသည်။ ထိုသို့ခွင်ပြု ချက်ဖြင့် နေထိုင်ခွင့်ကို ရုပ်သိမ်း ကြောင်း ခွင့်ပြုသူက ခွင့်ပြုချက် ဖြင့် နေထိုင်သူထံအကြောင်းကြား သော်လည်း နေထိုင်ခွင့့်ပြုထား သည့် အဆောက်အအုံမှ ဖယ်ရှား မပေးဘဲ ဆက်လက်နေထိုင်ကြ သည်လည်းရှိပေသည်။
ထိုအခြေအနေတွင် အ ဆောက်အအုံမှ ဖယ်ရှားပေးရန် တရားစွဲဆိုရန်မှလွဲ၍ တခြားမရှိ တော့ပေ။
ဤတွင်ခွင့်ပြုချက်ဖြင့်ထားသူကခွင့်ပြုချက်ကို ရုပ်သိမ်းသည့်နေ့မှှစ၍ ခြောက်နှစ်အတွင်း တရားစွဲဆိုရမည် ဖြစ်ပေ သည်။ ခြောက်နှစ် ကာလကျော်လွန်သွား ပါက တရားစွဲဆို ပိုင်ခွင့်ရှိမည် မဟုတ် သဖြင့် အဆောက်အအုံအား လက် လွတ်ဆုံးရှုံးသွားတတ်ပါသည်။
အမွေဆက်ခံသူသည် ခွင့်ပြုသူဖြစ် လာခြင်း
အိမ်၊တိုက်ခန်း၊ အဆောက် အအုံတွင် ခွင့်ပြုချက်ဖြင့် နေထိုင် ခွင့်ပြုရာတွင် နေထိုင်စဉ်ကာလအ တွင်း ခွင့်ပြုချက်ပေးသူ ကွယ်လွန် သွားပါက ၎င်း၏ အမွေဆက်ခံသူ တို့သည် ဥပဒေအရ ခွင့်ပြုချက် ပေးသူအဖြစ် အလိုအလျောက် ရောက်ရှိသွားမည်ဖြစ်ပါသည်။
''ဦးသိန်းအောင်ပါ ၂ ဦး နှင့် ဒေါ်ဝင်းပါ ၃ ဦး၊ ၁၉၈၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာ မျက်နှာ ၃၃၁'' အမှုတွင် ပစ္စည်း ကို အမွေဆက်ခံရရှိသူသည် ကွယ် လွန်သူအမွေရှင်က ယင်းပစ္စည်း တွင် အခမဲ့နေထိုင်ခွင့်ပြုသူအား မိမိ၏ အခွင့်အမိန့်အရ နေထိုင်သူ အဖြစ် ဖယ်ရှားခွင့်ရှိကြောင်းထုံး ဖွဲ့ လမ်းညွှန်ထားသည်ကို တွေ့ရပါ သည်။
အဆောက်အအုံဝယ်သူသည် ခွင့် ပြုသူဖြစ်မလာခြင်း
မကြာခဏဖြစ်တတ်သည့် သဘောမှာ အဆောက်အအုံဝယ် သူသည် အဆိုပါ အဆောက်အအုံ ကို လက်ရောက်ရရှိခြင်းမရှိဘဲ အိမ်ငှားဖြစ်စေ၊ ခွင့်ပြုချက်ဖြင့် ထားရှိနေသူဖြစ်စေ ရှိနေသည့် အိမ်၊ တိုက်ခန်း အဆောက်အအုံ ကို ဝယ်မိခြင်းဖြစ်သည်။
အထက်ပါ စီရင်ထုံးလမ်း ညွှန်အရ ခွင့်ပြုချက်ပေးသူ ကွယ်လွန်သွားပါက ၎င်း၏အမွေဆက်ခံ သူသည် အလိုအလျောက်ခွင့့်ပြု ချက်ပေးသူဖြစ်လာသော်လည်း အဆောက်အအုံဝယ်လိုက်သူမှာမူ ခွင့့်ပြုချက်ပေးသူအဖြစ် ဥပဒေအရ အလိုအလျောက်ဖြစ် မလာပေ။
တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ်သည်မှာ အချင်းဖြစ်တိုက် နှင့် မြေကွက်ကို ဦးစံသောင်း၏ အဘိုးဦးဘဦးထံမှ၊ ဒေါ်သန်းရွှေ က မှတ်ပုံတင်စာချုပ် ၁၆၆၆/၆၃ ဖြင့် ပထမဝယ်ယူခဲ့သည်။ ထို့ နောက် ဦးအေးနှင့် ဇနီးဖြစ်သူ ဒေါ်အေးတို့က အချင်းဖြစ် တိုက် နှင့် မြေကွက်ကို ဒေါ်သန်းရွှေထံမှ မှတ်ပုံတင်စာချုပ် အမှတ် ၁၇၂/ ၇ဝ ဖြင့် ထပ်မံဝယ်ယူခဲ့သည်။ ထို သို့ဝယ်ယူပြီးနောက် အချင်းဖြစ် တိုက်နှင့် မြေကွက်ကို ရောင်းချသူ ဒေါ်သန်းရွှေဝယ်စဉ်က အချင်း ဖြစ် တိုက်၏ အပေါ်ထပ်တွင် နေ ထိုင်ခွင့်ပြုထားသည့် ဦးစံသောင်း အပေါ် ဖယ်ရှားပေးရန် တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။
ဦးစံသောင်းကသူသည် အဘိုးဖြစ်သူ ဦးဘဦးမကွယ်လွန်မီ ကတည်းက အဘိုးနှင့်အတူ ပိုင် ရှင်တစ်ဦးအဖြစ်နေထိုင်လာခဲ့ သူသာဖြစ်သောကြောင့် ဦးအေးတို့ ၏ ခွင့်ပြုချက်ဖြင့် နေထိုင်သူမ ဟုတ်ကြောင်း ထုချေထားသည်။
မူလရုံးအမှုတွဲရှိ အထောက်အထားတို့အရ ဦးစံသောင်းသည် ဒေါ်သန်းရွှေ မဝယ်မီကတည်းက ဦးဘအေးနှင့်အတူ နေထိုင် ခဲ့သူ ဖြစ်ပြီး၊ ဦးအေးတို့က တရားစွဲဆို သည်အထိ အချင်းဖြစ်တိုက်အပေါ် ထပ်တွင် နေထိုင်လျက်ရှိသူဖြစ် ကြောင်း အမှုတွင် အငြင်း မပွားချေ။
ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၈ ပါပြဋ္ဌာန်း ချက်အရ ပစ္စည်းလွှဲပြောင်းပေး သောအခါ လွှဲပြောင်းပေးသည့် ပစ္စည်းနှင့်အတူ အကျိုးသက်ဆိုင် ခွင့်အရပ်ရပ်သည် လွှဲပြောင်းရရှိသူထံ ရောက်ရှိသွားသည်။
သို့ဖြစ်၍ မူလပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် နေထိုင်သူ ဦးစံ သောင်းအား ပစ္စည်းဝယ်ယူသူ ဦး အေးတို့ အနေဖြင့် ဖယ်ရှားခွင့်မ ရှိကြောင်း ဆုံးဖြတ်ခဲ့ပါသည်။
အထက်ပါ စီရင်ထုံးများအ ရ မူလပိုင်ရှင် (ရောင်းသူ) ၏ ခွင့် ပြုချက်ဖြင့် နေထိုင်သူရှိနေသည့် အိမ်၊ တိုက်ခန်းအဆောက်အအုံတို့ ကို မဝယ်သင့်ကြောင်းနှင့် အခန်း လွတ်ဖြစ်မှသာ ဝယ်ယူသင့်ကြောင်း အကြံပြုရေးသားလိုက်ပါသည်။
Ref : Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ)
Photo Credit : seattletimes
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties