By Kumudra, Shweproperty.com
Updated at 27 June 2018
ပါမစ်၊ မြေ၊ စာချုပ်အမည်ပြောင်းတာတွေနဲ့ ပတ်သက်ပြီး သိသင့်တာအချို့ကို ဖော်ပြပါတယ်။
မေး။ ။ ပါမစ်မြေဝယ်ယူလျှင် ဘာ တွေဆက်လုပ်သင့်သလဲ ၊ ဂရန်မြေ ဆိုရင်ရော။
ဖြေ။ ။ ပါမစ်မြေဝယ်ရင် မိမိဂရန် အမည်ပေါက်လျှောက်ထားသင့်ပါ တယ်။
ဂရန်မြေဆိုရင်တော့ မှတ်ပုံ တင် အရောင်းအဝယ်စာချုပ်ချုပ် ပြီး မိမိအမည်ပြောင်းတာ အ ကောင်းဆုံးဖြစ်ပါတယ်။ အမည် ပြောင်းတဲ့အထိ ပေ၂၀ X ပေ၆၀ မြေတစ်ကွက်ကို သိန်း၂၀၊ သိန်း ၃၀ကုန်ကျစရိတ်ရှိတော့ လော လောဆယ် ဂရန်အမည်မပြောင်း နိုင်သေးရင် ဂရန်အမည်ပေါက်ထံ က အထူးကိုယ်စားလှယ် လွှဲစာ (SP) (သို့) အထွေထွေကိုယ်စား လှယ်လွှဲစာ (GP) လွှဲယူထားပြီး နေ မယ်ဆိုရင်လည်းရပါတယ်။
မေး။ ။ မြေအရောင်းအဝယ် စာ ချုပ်ချုပ်မယ်ဆို ဝယ်ယူတဲ့ နှုန်း ထက်ထက်ဝက်လျှော့ပြီး ချုပ်ဆို တာတွေ့ရတယ်။ (ဥပမာ- သိန်း ၃၀နဲ့ ဝယ်ပြီး ၁၅သိန်းနဲ့ စာချုပ် ချုပ်ထားခြင်း) ဘာအကျိုးသက် ရောက်မှုရှိသလဲ။
ဖြေ။ ။ မြေအရောင်းအဝယ် စာ ချုပ်ချုပ်တဲ့အခါ ဝယ်ယူတဲ့နှုန်း ထက် လျှော့ပြီး ချုပ်ဆိုတာကတော့ တကယ်ကို အခန်ရုံးက အ ခွန်တွေ လိုက်လာရင် အခွန်ဆောင် မယ့်နှုန်း သက်သာအောင် အခွန် ရှောင်ဖို့ ရည်ရွယ်ချက်နဲ့ ချုပ်ကြတာပါ။ လောလောဆယ် အခွန် မကောက်သေးတော့ ဘာအကျိုး သက်ရောက်မှုမှ မရှိပါဘူး။ ပြဿ နာတစ်စုံတစ်ရာ ဖြစ်ဖို့ဆိုတာက တော့ ရောင်းသူဝယ်သူ ကျေနပ် ကြရင် ဘာမှမဖြစ်ပါဘူး။ အဆင် မပြေလို့ မြေနဲ့အိမ်နဲ့ ပတ်သက်ပြီး ရောင်းမှား၊ဝယ်မှားဖြစ်ကြလို့ ပေးထားတဲ့ ငွေပြန်တောင်းရင် လျှော့ပြီးချုပ်တဲ့ စာချုပ်အတိုင်း ပေးရင် ငေ∑ပေးဝယ်သူနစ်နာနိုင် ပါတယ်။
မေး။ ။ စာချုပ်ချုပ်ဆိုရာမှာ ဘယ်လိုချုပ်ဆိုသင့်သလဲ ။ အသိသက် သေဘယ်နှယောက်ခန့် လိုအပ် သလဲသိချင်ပါတယ်။
ဖြေ။ ။ စာချုပ်ချုပ်ရင် ရောင်းဈေး အမှန်အတိုင်း ချုပ်ဆိုတာ အကောင်းဆုံးပါပဲ။ ဂရန်မြေကိုဝယ် ရင် မှတ်ပုံတင်အရောင်းအဝယ် စာ ချုပ်မှာ လေးလအတွင်း ချုပ်ဆိုတဲ့ စာချုပ်ဖြစ်ရမယ်လို့ စာချုပ်စာ တမ်းဥပဒေက ဆိုထားတာကြောင့် မူလကဝယ်ခဲ့တဲ့ အရပ်ကတိစာ ချုပ်ဟာ လေးလကျော်နေရင် အ သစ်ပြန်ချုပ်ရပါတယ်။ အခွန်ရုံးကို တင်ပြခဲ့ရင် အခွန်ရုံးကနေ သိန်း ၁၀ဝကို သုံးရာခိုင်နှုန်းဖြတ်လို့ ပြင် ပပေါက်ဈေးထက် အများကြီး ဈေး သက်သာပါတယ်။ အဲဒါကြောင့် အခွန်ရုံးကို တင်ပြတဲ့စာချုပ်စာ တမ်းအခွန်ရုံး သတ်မှတ်တဲ့ဈေး ထက် တန်ဖိုးလျှော့ချုပ်တာမျိုးကျ တော့ သတ်မှတ်စံနှုန်းထက်မပို အောင်လို့ ယာယီချုပ်ပေးရတာပါ။ စာချုပ်စာတမ်းဥပဒေအရ အသိ သက်သေနှစ်ယောက်လို့ပါတယ်။
မေး။ ။ ဝယ်ယူထားတဲ့မြေကွက် ကို မိမိနာမည်ပေါက် မပြောင်းလဲ ထားပါက ပြဿနာရှိလာနိုင်ပါသ လား။
ဖြေ။ ။ ဝယ်ယူထားတဲ့ မြေ ကွက်ကို မိမိနာမည်ပေါက် မ ပြောင်းခဲ့လို့ နှစ်ကြာလေ ပြဿနာ ရှိလေပါပဲ။ ပါမစ်ဆိုရင် ပါမစ် ပျောက်နဲ့ ဂရန်သစ်လျှောက်ယူ သွားတတ်တယ်။ သူများအမည် ပေါက်ဂရန်ကျတော့လည်း ကိုယ့် အမည်ပေါက်မဟုတ်သရွေ့ နှစ် ကြာလေ ပြဿနာရှိလာနိုင်တယ်။ ဂရန်အမည်ပေါက် သေသွားတာ တို့၊ ဂရန်အမည်ပေါက် နိုင်ငံခြား ပြောင်းသွားတာတို၊့ နိုင်ငံခြားသား ခံယူသွားတာတို့ဆိုရင် မိမိအမည် ပေါက်ဖြစ်လာအောင် ပြန်လုပ်ဖို့ အဆင့်တွေများပါတယ်။
Ref : Kumudra
Photo Credit : NST
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties