By Saint Sandi Htet (ShweProperty.com), Shweproperty.com
Updated at 5 June 2018
ဖုန်းရွှေနည်းပညာအရ အိမ်တစ်အိမ်ဆောက်လုပ်တဲ့ အခါမှာ မျက်နှာမူပြီး ဆောက်လုပ်တဲ့ အရပ်မျက်နှာကို မူတည်ပြီး သင့်တော်တဲ့ အိမ်သုတ်ဆေးအရောင်ကို သုတ်ပေးမယ်ဆိုရင် စီးပွားရေးလာဘ်လာဘတွေ ကောင်းမွန်ပြီး တိုးတက်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။အဲဒီအစား ဆေးအရောင် မှားယွင်းပြီး သုတ်မိခဲ့မယ်ဆိုရင် ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ အယူအဆရှိကြပါတယ်။
ဖုန်းရွှေပညာအရ အောက်ပါအတိုင်း အိမ်သုတ်ဆေးအရောင်ကို ရွေးချယ်နိုင်ပါတယ်။
အဖြူရောင်- အနောက်ဘက်၊အနောက်မြောက်ဘက်နဲ့ မြောက်ဘက်ကို မျက်နှာမူပြီး တည်ဆောက်ထားတဲ့ အိမ်တွေကို အဖြူရောင်သုတ်ပေးသင့်ပါတယ်။ အဖြူရောင် သုတ်ပေးခြင်းအားဖြင့် မိမိရဲ့ သားသမီး အရေးကိစ္စတွေ အဆင်ပြေနိုင်ပါတယ်။
အစိမ်းရောင်၊ခရမ်းရောင်- အရှေ့ဘက်နဲ့ တောင်ဘက်ကို မျက်နှာမူထားတဲ့ အိမ်တွေကတော့ ဒီအရောင်တွေကို သုတ်ပေးသင့်ပြီး အိမ်မှာ နေထိုင်သူတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။
အပြာရောင်- အနောက်၊အရှေ့နဲ့ အရှေ့တောင်အရပ်တွေကို မျက်နှာမူပြီး ဆောက်လုပ်ထားတဲ့ အိမ်တွေအတွက် အပြာရောင်ကို အသုံးပြုပေးရပါမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများနိုင်ပြီး လုပ်သမျှ အောင်မြင်မှာပါ။
အဝါရောင်၊ရွှေရောင်- အရှေ့မြောက်၊အနောက်နဲ့ အနောက်တောင်အရပ်တွေကို မျက်နှာမူထားတဲ့ အိမ်တွေကတော့ ဒီအရောင်နှစ်ခုတည်းက နှစ်သက်တဲ့ အရောင်ကို သုတ်ပေးနိုင်ပြီး မိသားစုအရေး၊ အိမ်ထောင်အရေးတွေ သာယာအဆင်ပြေနိုင်တယ်လို့ အယူအဆရှိကြပါတယ်။
ပန်းရောင်၊အနီရောင်- ဒီအရောင်တွေကိုတော့ တောင်ဘက်နဲ့ အနောက်တောင်ဘက်ကို မျက်နှာမူထားတဲ့ အိမ်တွေအတွက် သင့်တော်ပြီး လူမှုဆက်ဆံရေးတွေ အဆင်ပြေနိုင်ပါတယ်။
အညိုရောင်- ဒီအရောင်ကို တောင်ဘက်ကို မျက်နှာမူပြီး တည်ဆောက်ထားတဲ့ အိမ်တွေမှာ သုတ်ပေးမယ်ဆိုရင် မိသားစုဝင်တွေရဲ့ ကျန်းမားရေးကောင်းမွန်ပြီး ပျော်ရွှင်မှုတွေကို သယ်ဆောင်လာနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
Written By : Saint Sandi Htet (ShweProperty.com)
Photo Credit : Kiranagarden
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties