By မြန်မာ.ရိုးရာဗေဒင်ပညာရပ်, Shweproperty.com
Updated at 4 August 2019
ယခု ဖော်ပြပါယတြာသည် အသက်အရွယ် အပိုင်းအခြားနဲ့ လိုက်ပြီး ယတြာလုပ်ရမယ်။ နောက်ပြီးတော့ အိမ်ရောင်းတာနဲ့ မြေရောင်းတာဟာ မတူပါ တချို့က မြေပေါ်မှာ အိမ်တော့ ပါတယ်။ ဒါပေမဲ့ အိမ်က အဓိကမဟုတ်ဘူး မြေက ပိုပြီး တန်ဖိုးရှိတယ်။ အဲဒါမျိုးဆိုရင် မြေကို ဦးစားပေးပြီး စီမံရတယ်။ တချို့ကတော့ မြေပေါ်မှာ အိမ်ကို အပြည့် ဆောက်ထားတယ်။ အဲဒါကျတော့ မြေရောင်းတာ မဟုတ်ဘူး။ အိမ်ရောင်းတာလို့ သဘောထားရမယ်။ အိမ်ကလည်းတန်ဖိုးရှိတယ်။ မြေကလည်း တန်ဖိုး ရှိတယ် ဆိုရင်တော့ အိမ်ကို ဦးစားပေးပြီး စီမံရမယ်။
အိမ်၊ မြေရောင်း၍ အမြန်ထွက်စေသောနည်းမှာ အောက်ပါအတိုင်းဖြစ်သည်
အသက် ၂၂၊ ၂၉၊ ၃၆၊ ၄၃၊ ၅၀၊ ၅၇၊ ၆၄၊ ၇၁၊ အရွယ်ရှိသောသူများ အိမ်ရောင်းလိုသော်
အမျိုးသားဖြစ်သော် ကံ့ကော်ညွန် နှစ်ညွန့်ကို အင်္ကျီ အိတ်တွင် ထည့်ပါ။ အမျိုးသမီးဖြစ်သော် ကံ့ကော်ညွန့် နှစ်ညွန့်ကို ခေါင်းတွင်ပန်ပါ ။ ပြီးလျှင် (သရက်သီးအမှည့်ဖြစ်စေ၊ အစိမ်းဖြစ်စေ) ကို ခြောက်စိတ်စားပါ ။ စားပြီးလျှင် ဒန်းကြီးညွန့်ကို အိမ်မှ ဘုရား၌ပင် လှူဒါန်း၍ မိမိအိမ်ရောင်းရလိုကြောင်းလေးနက်စွာ ဆုတောင်းပါ။ ပြုလုပ်ရမည့်နေ့၊ အချိန်မှာ မိမိမွေးနေ့ နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ။ (ဥပမာအားဖြင့် တနင်္ဂနွေသားသမီးဆိုလျှင် တနင်္ဂနွေနံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ) မိမိရောင်းလိုသော အိမ်၏ ဈေးနှုန်းကို ၅ ဂဏန်း ကိုက်အောင် ခေါ်ပါ။ (ဥပမာ ၉ သိန်းဖြင့် ရောင်းလိုသော အိမ်အား ၉ သိန်းဟု ၅ သောင်းဟု ဈေးခေါ်လျှင် ၉ နှင့် ၅ ပေါင်းက ၁၄ ရ၏ ၁ နှင့် ၄ ပေါင်းလျှင် ၅ ပင်ရ၏ ။ ထို့အတူ သိန်း ၈၀ ဖြင့် ရောင်းလိုသော မြေအား သိန်း ၈၀ ဟု ဈေးမခေါ်ပါနှင့်။ ၈၆ သိန်းဟု ခေါ်ပါ။ ၈ + ၆= ၁၄. ၁+ ၄= ၅ ဖြစ်၏ ။ ဤမျှလောက်ဆိုလျှင် သဘောပေါက်လောက်ပေပြီ)
မြေရောင်းလိုသော်
အမျိုးသားရော၊ အမျိုးသမီးပါ ဆီးရွက် ၃ ရွက်ကို လက်ဝဲဘက်ခြေထောက်ဖြင့်နင်း၍ နွားနို့ကျိုပြီးသား တစ်ဖန်ခွက်ကို သောက်ပါ။ ပြီးလျှင်ကတက်ညွန့်ကို အိမ်မှဘုရားတွင် ပန်းအဖြစ်လှူဒါန်းပါ။ ထိုသို့လှူဒါန်းပြီးက မိမိရောင်းလိုသော မြေ အမြန်ဆုံးရောင်းရစေရန်ဆုတောင်းပါ
ဤယတြာကို ပြုလုပ်သူသည် တနင်္လာ၊ ကြာသပတေး သောကြာသားသမီးများဖြစ်က တစ်ကြိမ်သာ ပြုလုပ်ရပါမည်။ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများဖြစ်က နှစ်ကြိမ်ပြုလုပ်ရပါမည်။
အသက် ၂၃၊ ၃၀၊ ၃၇၊ ၄၄၊ ၅၁၊ ၅၈၊ ၆၅၊ ၇၂၊ အရွယ်ရှိသော သူများ အိမ်ရောင်းလိုသော်
အမျိုးသားဖြစ်က ကံ့ကော်ညွန့် နှစ်ညွန့်ကို အိတိထဲတွင်ထည့်၍ ထားရမည်။ အမျိုးသမီးဖြစ်က ကံ့ကော်ညွန့်နှစ်ညွန့်ကို ခေါင်းတွင်ပန်ထားရမည်။ ပြီးလျှင် ပဲကြော်ကို အနည်းငယ်စားရမည်။ ပြီး စိန်ခြယ်ပန်းသုံးပွင့်၊ အုန်းညွန့် တစ်ညွန့်ကို ပူးပေါင်း၍ အိမ်မှဘုရားတွင် လှူဒါန်းရ မည်။ ထိုသို့ လှူဒါန်းပြီးလျှင်မိမိအိမ် အမြန်ဆုံးရောင်းထွက်လိုကြောင်း ဆုတောင်းပါ။ ဈေးနှုန်းကို ၆ ဂဏန်းကိုအောင် ခေါ်ပါ။ ထိုယတြာကို မိမိမွေးနေ့ နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ။
အမျိုးသားဖြစ်က ဒန်းညွန့်တစ်ညွန့်ကို အင်္ကျီးအိတ်တွင်ဆောင်ပါ။ အမျိုးသမီးဖြစ်က ဒန်းညွန့်တစ်ညွန့်ကို ခေါင်းတွင်ပန်ထားပါ။ ပြီးလျှင် ကော်ဖီတစ်ခွက်သောက်ပါ။ ထိုနောက် သြဇာညွန့် ၃ ညွန့်ကို အိမ်မှဘုရားတွင် လှူဒန်းပါ။ ဈေးနှုန်းကို ၆ ဂဏန်းကိုက်အောင်ခေါ်ပါ။
ဤယတြာကို အင်္ဂါ။ သောကြာ၊ စနေ၊သားသမီးများဖြစ်က တစ်ကြိမ်သာ လုပ်ရမည်။ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးဖြစ်က နှစ်ကြိမ်လုပ်ပါ။
အသက် ၂၄၊ ၃၁၊ ၃၈၊ ၄၅၊ ၅၂၊ ၅၉၊ ၆၆၊ ၇၃ အရွယ်ရှိသော သူများ အိမ်ရောင်းလိုသော်
အမျိုးသားဖြစ်က ဒန်းညွန့်တစ်ညွန့်ကို အိတ်ထဲတွင်ဆောင်းထားပါ။ အမျိုးသမီးဖြစ်က ဒန်းညွန့်တစ်ညွန့်ကို ခေါင်းတွင် ပန်ထားပါ။ရေသောက်ပြီးလျှင် ရင်ကပ်ပန်း ၆ ညွန့်၊ ၆ ပွင့် သို့မဟုတ် လက်ခုပ်ညွန့် ၆ ညွန့်ကို ဘုရားတွင် လှူ၍ မိမိအိမ်ရောင်းလိုကြောင်း လေးနက်စွာဆုတောင်းပါ။ ၇ ဂဏန်းကိုအောင် ဈေးခေါ်ပါ။ ထိုယတြာကို မွေးနေ့ နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ။
ဤယတြာကို တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများတစ်ကြိမ်သာ ပြုလုပ်ရပါမည်။ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမီးများ နှစ်ကြိမ်လုပ်ရမည်။
အမျိုးသားရော၊ အမျိုးသမီးပါ သရက်ရွက် ၆ ရွက်ကို လက်ဝဲလက်ခြေထောက်အောက်တွင် နင်း၍ ကော်ဖီတစ်ခွက် သောက်ပြီးလျှင် အိမ်မှ ဘုရား၌ ခရေညွန့်ကို လှူဒါန်း၍ ဤမြေအမြန်ရောင်းရစေကြောင်း ဆုတောင်းပါဤယတြာကို တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများ တစ်ကြိမ်သာ ပြုလုပ်ရပါမည်။ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမိးများ နှစ်ကြိမ်လုပ်ရမည်။
အသက် ၂၅၊ ၃၂၊ ၃၉၊ ၄၆၊ ၅၃၊ ၆၀၊ ၆၇၊ ၇၄ အရွယ်ရှိသောသူများ အိမ်ရောင်းလိုသော်
အမျိုးသားရော၊ အမျိုးသမီးပါ သရက်ရွက် ၆ ရွက်ကို လက်ယာခြေထောက်ဖြင့် နင်း၍ ဆီးသီး ၃ လုံးစားပါ၊ စံပယ်ပန်း ၂၇ ပွင့်ကို ပန်းကန်ပြားတွင်ထည့်၍ အိမ်မှ ဘုရားတွင်ကပ်လှူပူဇော်ပြီးလျှင် အိမ်ရောင်းရလိုကြောင်း၊ လေးနက်စွာဆုတောင်းပါ။ တန်းကို ၁၈ ဂဏန်းကိုက်အောင်ခေါ်ပါ။ ထိုယတြာကို မွေးနေ့နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ။
သရက်ရွက် ၆ ရွက်ကို လက်ယာခြေထောက်ဖြင့် နင်း၍ အုန်းရေသောက်ပါ။ ပြီးလျှင် ပိုက်ဆံမတ်စေ့ ၈ စေ့ကို ပန်းကန်ပြားတွင်ထည့်၍ကပ်လှူပူဇော်ပါ။ ပြီးလျှင် မြေရောင်းရလို ကြောင်း လေးနက်စွာဆုတောင်းပါ။
ဤယတြာကို တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ စနေ သားသမီးဖြစ်ပါက နှစ်ကြိမ်ပြုလုပ်ပါ။
အသက် ၂၆ ၃၃၊ ၄၀၊ ၄၇၊ ၅၄၊ ၆၁၊ ၆၈၊ ၇၅ အရွယ်ရှိသော သူများ အိမ်ရောင်းလိုသော်
အမျိုးသားဖြစ်ပါက စံပယ်ပန်း သုံးကုံးကို အိတ်ထဲထည့်ထားပါ။ အမျိုးသမီးဖြစ်ပါက စံပယ်ပန်းသုံးကုံးကို ပန်ထားပါ။ ပြီးလျှင် ပေါင်မုန့်အနည်းငယ်ကို စားပြီးလျှင် ရှောက်သီးတစ်လုံးအား အိမ်မှ ဘုရားတါင် လှူဒါန်းပါ။ မိမိအိမ်ရေားရလိုကြောင်း လေးနက်စွာ ဆုတောင်းပါ။တန်ဖိုးကို ၂ ဂဏန်းကိုက်အောင် ခေါ်ပါ။ ၎င်းယတြာကို မိမိမွေးနေ့၏ နံနက် ၉း၄၅ နာရီတွင်ပြုလုပ်ပါ။
အမျိုးသားဖြစ်ပါက သပြေညွန့်ကို အိတ်ထဲတွင်ထည့်ပါ။ အမျိုးသမီးဖြစ်ပါက သပြေညွန့်တစ်ညွန့်ကို ခေါင်းတွင်ပန်ပါ။ ပြီးလျှင် သပျစ်သီး ၃ လုံးစားပြီးနောက် အီမ်မှ ဘုရား၌ သရက်သီးတစ်လုံး လှူဒါန်း၍ သို့မဟုတ် သရက်ရွက်တစ်ရွက် လှူဒါန်း၍ မြေရောင်းရလိုကြောင်း အလေးနက်ဆုတောင်းပါလေ။ ဤယတြာကို တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးဖြစ်ပါက တစ်ကြိမ်ပြုလုပ်ပါ။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေးစနေ သားသမီးဖြစ်ပါက နှစ်ကြိမ်ပြုလုပ်ပါ။
အသက် ၂၇၊ ၃၄၊ ၄၁၊ ၄၈၊ ၅၅၊ ၆၂၊ ၆၉၊ ၇၆ အရွယ်ရှိသော သူများ အိမ်ရောင်းလိုသော်
အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ကံ့ကော်ညွန့် နှစ် ညွန့်ကို လက်ဝဲခြေထောက်ဖြင့်နင်း၍ ပေါင်မုန့်အန်ညးငယ်ကို စားပြီးလျှင် အိမ်မှဘုရား၌ ပိတောက်ညွန့် ၅ ညွန့်ကို လှူဒါန်းပြီးလျှင် အိမ်ရောင်းရလိုကြောင်း အလေးအနက် ဆုတောင်းပါ။ ဈေးနှုန်းကို ၃ ဂဏန်းကိုက်အောင် ဆုတောင်းပါ။ ဤယတြာကို မိမိမွေးနေ့ နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါလေ။
အမျိုးသားဖြစ်လျှင် သပြေတစ်ညွန့်ကို အင်္ကျီအိတ်အတွင်းတွင် ထည့်၍ အမျိုးသမီးဖြစ်က သပြေတစ်ညွန့်ကို ခေါင်းတွင်ပန်ပါ။ ထို့နောက် ကြံသကာအနည်းငယ်စားပြီးလျှင် တမာညွန့် ၇ ညွန့်ကို ဘုရားတွင် လှူဒါန်းပြီး မြေရောင်းလိုကြောင်းကို လေးလေးနက်နက်ဆုတောင်းပါ။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေသားသမီးဖြစ်ပါက ဤယတြာကို တစ်ကြိမ်သာ ပြုလုပ်ပါ။ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ သောကြာသားသမီးဖြစ်က နှစ်ကြိမ်ပြုလုပ်ပါ။
အသက် ၂၈၊ ၃၅၊ ၄၂၊ ၄၉၊ ၅၆၊ ၆၃၊ ၇၀၊ ၇၇ အရွယ်ရှိသော သူများ အိမ်ရောင်းလိုသော် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ငွေ ၂ ကျပ်ကို အလက်ယာဘက်ခြေဖြင့်နင်းပြီးလျှင် ရေသောက်ပါ။ ထို့နောက် အုန်းသီးစိပ် ၆ စိပ်အိမ်မှဘုရား၌ လှူဒါန်းပြီး အိမ်ရောင်းရလိုကြောင်း ဈေးနှုန်းကို ၄ ဂဏန်းကိုက်အောင် ခေါ်ပါလေ။ ဤယတြာကို မိမိမွေးနေ့ နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ။
အမျိုးသားဖြစ်ပါက ရွက်လှ ၁ ရွက်ကို အိတ်ထဲတွင်ထည့်၍လည်းကောင်း၊ အမျိုးသမီးဖြစ်ပါက ဦးခေါင်းတွင်ပန်၍လည်းကောင်း၊ ပဲပြုတ်အနည်းငယ်စားပြီးလျှင် သရက်ညွန့်နှင့် အုန်းညွန့် ၁ ညွန့်စီ ပူးပေါင်း၍ အိမ်မှ ဘုရား၌ လှူဒါန်းကာ မြေရောင်းရလိုကြောင်း လေးနက်စွာ ဆုတောင်းပါလေ။ ဤယတြာကို တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီး ဖြစ်လျှင် တစ်ကြိမ်သာပြုလုပ်၍ တနင်္လာ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးဖြစ်ပါက နှစ်ကြိမ်ပြုလုပ်ပါ။
Ref : မြန်မာ.ရိုးရာဗေဒင်ပညာရပ်
Photo Credit : Moneyunder30
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties