By Union House Myanmar, Shweproperty.com
Updated at 19 August 2019
ရောင်းသူနဲ့ ညှိနှိုင်းမှု အဆင့်ဆင့်ကို ပြောကြဆိုကြပြီးတဲ့နောက်ပိုင်းမှာ ဝယ်ယူမယ့်အဆင့်ကို ရောက်ပါတယ်။ဒီအခါမှာ ဝယ်သူဘက်က နစ်နာမှုမရှိဖို့ အတွက် ဝယ်ယူတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ ရပိုင်ခွင့်တွေကို သေချာသိရပါမယ်။
ဝယ်ယူသူသည်-
1. ရောင်းသူဘက်ကနေ ပြောပြတဲ့ အိမ်ခြံမြေရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို သိရှိလက်ခံသွားပြီနောက် ထိုက်သင့်တဲ့ တန်ဖိုးပေးပြီး ဝယ်ယူရပါမယ်။
2. ဝယ်ရောင်းစာချုပ်ချုပ်ဆိုပြီးတဲ့အခါ စာချုပ်မှာ ရောင်းသူရဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ တို့မှန်မမှန်၊ စာချုပ်စာတမ်း ဂရန်စစ်၊ မစစ် ကို သေချာတိကျစွာစစ်ဆေးဖို့လိုအပ်ပါတယ်။
3. ရောင်းသူအနေနဲ့ အရှုပ်အရှင်းကင်း မကင်း၊ ရောင်းပိုင်ခွင့်ရှိ မရှိ…စတာတွေကို စုံစမ်းဖို့လိုအပ်ပါတယ်။ ( အများပိုင်ဖြစ်နေပါက သက်ဆိုင်သူများက သဘောတူ၊ မတူဆိုတာလည်း စုံစမ်းရပါမယ်။)
4. စာချုပ်အတွင်းမှာ မြေကွက်အမှတ်(သို့) တိုက်အမှတ်၊ ဦးပိုင်အမှတ်၊ ဧရိယာဧက အကျယ်အဝန်း၊ အရှေ့အနောက် တောင်မြောက် စတဲ့နေရာအညွှန်းအတိအကျ ထည့်သွင်းရေးသားထားခြင်းရှိမရှိလည်း စစ်ဆေးရပါမယ်။
5. ငွေအတိအကျကိုလည်း ဂဏန်းနဲ့ ဖော်ပြသလို စာသားနဲ့ပါ ရေးသားဖော်ပြဖို့လိုအပ်ပါတယ်။
6. ဝယ်ယူသူအနေနဲ့ ပေးချေရမယ့် တန်ဖိုးငွေကို အရောင်းအဝယ်ပြီးတဲ့အချိန်မှာ တစ်ခါတည်းပေးဖို့ တာဝန်ရှိပါတယ်။
7. ဝယ်ယူပြီးတဲ့နောက် အိမ်ခြံမြေရဲ့ အခွန်ပေးဆောင်စရာ အခကြေးငွေ၊ အခွန်အခတွေဟာ ဝယ်ယူသူနဲ့သာ သက်ဆိုင်ပါတယ်။( ဝယ်ယူသူကသာ ပေးဆောင်ရပါမယ်)
8. ဤဝယ်ယူပြီးတဲ့နောက် အကျိုးအမြတ်တွေကလည်း ဝယ်ယူသူကသာ ရရှိမှာဖြစ်ပါတယ်။
ကဲ…. အပေါ်မှာ ကျွန်တော်တို့ ဖော်ပြခဲ့တဲ့အကြောင်းအရာလေးတွေကို ဖတ်ရှုပြီးလို့ အိမ်ခြံမြေ ဝယ်ယူတော့မယ့် သူများအနေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိသွားမယ်လို့ မျှော်လင့်မိပါတယ် ခင်ဗျာ။
Ref : Union House Myanmar
Photo Credit : wordpress
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties