By Kyi Soe (IC), Shweproperty.com
Updated at 10 October 2018
ရောင်းချမည့်သူက သူပိုင်ဆိုင်ကြောင်း၊ ရောင်းပိုင်ခွင့်ရှိကြောင်းတော့ ထုံးစံအတိုင်းပြောပါစေ။ မြေပိုင်/တိုက်ပိုင်ရှင်က လက်မှတ်ရေးထိုးပေး / မပေးကိစ္စကလည်း အရေးကြီးပါတယ်။
လစဉ်လခနှင့် အခြားဝန်ဆောင်ခများကိစ္စကို သေချာဆွေးနွေးပြီးမှ “ဈေးဆစ်တဲ့အလုပ်” ကိုလုပ်ကြပါ။ ရေမော်တာပါမစ်နှင့် လျှပ်စစ်မီးမီတာ ပါမစ်တို. တောင်းယူဖို. မမေ့ပါနှင့်။
အပျောက်တိုက်ခန်းဆိုတာကလည်း အိမ်ခြံမြေ (သို.) မရွှေ.မပြောင်းနိုင်သော ပစ္စည်းစာရင်းမှာ ပါဝင်နေပါတယ်။မရွှေ.မပြောင်းနိုင်သော ပစ္စည်းကို ရောင်း/ဝယ်/ပေးကမ်းလုပ်မယ်ဆိုလျှင် နိုင်ငံတော် အစိုးရအသိအမှတ်ပြုထားတဲ့ ပုဂ္ဂိုလ် (အရာရှိ) ရှေ.မှာ အရောင်းအဝယ်ပြုလုပ်မှ တရားဝင်ပါတယ်။
ယခုလောလောဆယ် အသိအမှတ်ပြုအရာရှိကတော့စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ ဖြစ်ပါတယ်၊(တိုင်းဆေးရုံအုပ်ကြီးတို.၊ ရုပ်ရှင်လုပ်ငန်းက ညွှန်ကြားရေးမှူးတို.ရှေ.မှာ လက်မှတ်ရေးထိုးလို. မရပါဘူးလို. ဥပမာပေးပါရစေ)
ဒီတော့အပျောက်တိုက်ခန်းတွေရဲ. ပိုင်ဆိုင်မှုကို ဘယ်လို လုပ်ကြပါ့မလဲ။ပထမအဆင့် မရတော့လဲ ဒုတိယအဆင့်ပေါ့။
စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိရှေ.ကို ရောက်ဖူးတယ်။ သူ.ရှေ.မှာ လက်မှတ်ရေးထိုးစာချုပ်ချုပ် ဝယ်ယူဖူးတဲ့သူရှိပါတယ်။ သူကတခြားသူမဟုတ်ပါဘူး။ အပျောက်တိုက်ခန်းတို.၏ မြေပိုင်ရှင်/တိုက်ပိုင်ရှင်ပေါ့၊ သူအသိအမှတ်ပြုလည်း မဆိုးလှပါဘူးလို. လုပ်နေကြရတာပါ။
ဒါကြောင့်မြေပိုင်ရှင် / တိုက်ပိုင်ရှင်လက်မှတ်အရေးကြီးပါတယ်လို. အပျောက်တိုက်ခန်းဝယ်ယူ ပိုင်ဆိုင်သူတို.ကို အသိပေးပါရစေ။
Ref : Kyi Soe (IC)
Photo Credit : mmtimes
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties