By Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 6 August 2018
''အိမ်မြေအရောင်းအဝယ် စာချုပ်ချုပ်ဆိုတဲ့အခါမှာ ရောင်းသူ၊ ဝယ်သူဆိုရာ၌ ¤င်းတို့ကိုယ်တိုင်အ ပြင် ၎င်းတို့၏ ကိုယ်စားလှယ်စာရသူ များ၊ တရားဝင်ကိုယ်စားလှယ်များ အမွေဆက်ခံသူများပါဝင်သည်ဆိုတဲ့ စာပိုဒ်ကို ထည့်ကြတယ်ဆရာ။ ရောင်းသူ၊ ဝယ်သူနှစ်ဦးသဘောတူ ချုပ်တာဆိုတော့ အဲဒီစာပိုဒ်လိုပါသ လား ဆရာ။ မထည့်ရင်ဘယ်လိုဖြစ် နိုင်ပါသလဲ''ဟု အလုပ်သင်ရှေ့နေ လေးတစ်ဦးက မေးမြန်းလာပါသည်။
မှန်ပါသည်။ အဆိုပါ အချက် သည် သာမန်အားဖြင့် မလိုအပ်ဘူး ဟု ယူဆရပေမယ့် ဥပဒေအရကြည့် လျှင် အဓိကကျသော အချက်တစ် ချက်ဟု ဆိုချင်ပါသည်။
''ကဲ-ပြောပြပါဦး-ဘယ်လို အခက်အခဲတွေရှိတာတွေ့လာလို့လဲ''
''ကျွန်တော့် မိတ်ဆွေတစ်ဦးက အိမ်နဲ့မြေကို ဝယ်တယ်ဆရာ၊ ရောင်း သူက ကွယ်လွန်သွားတော့ဘယ်လို ဆောင်ရွက်ရမှန်းမသိဖြစ်နေလို့''
''မြေက ဂရန်မြေ အမျိုးအစား လား၊ ပါမစ်မြေ အမျိုးအစားလား''
''ဂရန်မြေလို့ ပြောပါတယ်''
''အမည်ပေါက်က ရောင်းသူရဲ့ အမည်ပေါက်လား''
''မူလကဟုတ်တယ် ပြောပြီး နောက်တော့မဟုတ်ဘူး ဆရာ။ ကွယ် လွန်သွားတဲ့ အဘွားကြီးတို့ လင်မယား နှစ်ယောက်အမည်လို့ ပြောတယ်''
''မြေအမည်ပေါက် လင်ယောကျ်ား က သက်ရှိထင်ရှားရှိသလား''
''သူလည်း မရှိတော့ဘူး ဆရာ''
''ရောင်းသူ အဘွားကြီးက ရောင်းမယ်ဆိုတဲ့ အိမ်မှာပဲနေတာ လား။ သားသမီးမရှိဘူးလား''
''သားတစ်ယောက်ရှိတယ်လို့ တော့ ပြောတယ်။ ဒါပေမယ့် အမေနဲ့ အတူမနေဘူး''
''အိမ်ထောင်ကျပြီး သီးခြားခွဲနေ တာပေါ့''
''အစိုးရဝန်ထမ်းဆိုတော့ နယ်မှာ တာဝန်ကျနေတယ်လို့ ပြောပါတယ်''
''ဒါဆိုရင် အမေဖြစ်သူက ဘယ် သူနဲ့ နေသလဲ''
''တူမဝမ်းကွဲတစ်ယောက်ကို အောက်ထပ်မှာ အိမ်ငှားအဖြစ်ထား တယ် ဆရာ။ အပေါ်ထပ်မှာတော့ အိမ်ရှင်အဘွားကြီးနေတယ်။ ဆွေမျိုး နီးစပ်ဆိုတော့ ပြုစုဖို့လည်း အဆင် ပြေတာပေါ့ ဆရာ''
''ရောင်းဖို့ကိစ္စက ဘယ်လိုဖြစ် လာတာလဲ''
''အဘွားကြီးက မကျန်းမာတော့ ဆေးကုသစရိတ်လည်း အဆင်မပြေ ဖြစ်လာတယ်''
''ရောဂါက အတော်ဆိုးလို့လား''
''နှလုံး၊ ဆီးချို၊ အခု ကင်ဆာလို့ ပြောတာပဲ ဆရာ''
''အင်းပေါ့လေ၊ ဝန်ထမ်းသား တစ်ယောက်တည်းဆိုတော့ အိမ် ရောင်းပြီး ဆေးကုသစရိတ်ရှာရတာ ဖြစ်မယ်။ ဒါနဲ့ အရောင်းအဝယ် အဆင်ပြေသွားတယ်ပေါ့''
''ဟုတ်တယ်ဆရာ၊ ကျွန်တော့် မိတ်ဆွေတစ်ဦးက ဝယ်လိုက်တာ ဆရာ''
''စာချုပ် ချုပ်စဉ်က မောင်ရင် လိုက်ပါမသွားဘူးလား''
''မပါဘူးဆရာ။ ကျွန်တော့်ကို လည်း သတိရဖို့ မေ့နေတယ် ပြော တယ်။ အခုနောက်ပိုင်းမှ ကျွန်တော် နဲ့ အဆက်အသွယ်ရှိလာတာ''
''ထားပါတော့လေ၊ စရန်ငွေချ ထားတယ်ပေါ့''
''မှန်ပါတယ် ဆရာ''
''အခု ဘာပြဿနာရှိလို့လဲ၊ အိမ်ငှားတွေက ဆင်းမပေးလို့လား''
''မဟုတ်ဘူး ဆရာ။ သားဖြစ်သူ က မရောင်းတော့ဘူးလို့ ဖြစ်လာတာ''
''ဘယ်လိုဖြစ်လို့လဲ၊ ဒါဆိုရင် စရန်ငွေလျော်ရတာမျိုးရှိလာနိုင် တာပေါ့''
''ဟုတ်တယ် ဆရာ၊ ဒါပေမယ့် အိမ်လည်းမရောင်းဘူး။ စရန်ငွေတွေ ပြန်ပေးမယ်။ နှစ်ဆမလျော်နိုင်ဘူးလို့ ဖြစ်လာတယ်''
''သူက ဘာအကြောင်းပြသလဲ''
''အဓိက အချက်ကတော့ အိမ် ရောင်းတာက အမေရောင်းတာတဲ့။ သူ့လည်း အသိမပေးဘူးပေါ့။ သူ ရောင်းတာမဟုတ်လို့ သူ့မှာ တာဝန် မရှိဘူး။ ရောင်းသူကွယ်လွန်သွားလို့ အရောင်းအဝယ်ပျက်တယ်လို့ ပြော ပါတယ်''
''စာချုပ်ထဲမှာ မောင်ရင်ပြောတဲ့ ရောင်းသူ ဝယ်သူဆိုသည်မှာဆိုတဲ့ စာပိုဒ်မပါဘူးလား''
''အဲဒါပြောတာဆရာ၊ အဲဒီ စာပိုဒ်မပါတော့၊ ရောင်းသူရဲ့ အမွေ ဆက်ခံသူတို့က အရောင်းအဝယ်မှာ တာဝန်မရှိဖြစ်မနေဘူးလား ဆရာ''
''အတင်းအဓမ္မငြင်းမယ်ဆိုရင် တော့ ဟုတ်တယ်၊ ဥပဒေအရတော့ မဟုတ်ဘူး''
''ဒါဆိုရင် အမွေဆက်ခံသူတွေက မူလရောင်းချမှုအပေါ် ငြင်းပိုင် ခွင့် မရှိဘူးပေါ့။ အရောင်းအဝယ် ဆက်လက်ဆောင်ရွက်ရမည့် သဘော လားဆရာ''
''အမွေဆက်ခံခြင်းအရတော့ မိဘတို့ရဲ့ ကောင်းမွေ၊ ဆိုးမွေကို လက် ခံရယူရမှာဖြစ်ပါတယ်။ ဒါကြောင့် အမွေဆက်ခံသူဟာ မူလကွယ်လွန် သူရဲ့ ကတိအတိုင်း ဆောင်ရွက်ပေးရ မှာဖြစ်ပါတယ်''
''ဘာပဲဖြစ်ဖြစ် တရားစွဲယူရမယ့် သဘောဖြစ်နေတာပေါ့နော် ဆရာ''
''ဝယ်သူကလည်း ဒီမြေနဲ့ အိမ် က မရမနေဝယ်ချင်တယ်ဆိုရင်တော့ ဥပဒေနဲ့အညီတောင်းဆိုရမှာဖြစ်ပါ တယ်။ စာချုပ်မှာပါတဲ့အတိုင်း အ ရောင်းအဝယ်ဆက်မလုပ်တော့ဘူး၊ လျော်ကြေးပဲ တောင်းမယ်ဆိုရင် လည်း လျော်ကြေးတောင်းပိုင်ခွင့် ရှိမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမှုအခင်းမဖြစ်ချင်လို့ အေးအေး ချမ်းချမ်းပဲ ဆောင်ရွက်ချင်ရင်တော့ ဝယ်သူက စရန်ငွေပြန်ယူခြင်းပဲဖြစ် တယ်''
''တစ်ခုသိချင်တာက ဆရာ၊ အခုဝယ်သူတွေက အရောင်းအဝယ် မပျက်ချင်ဘူး။ ငွေဆက်ပေးချင်ရင် ဘယ်လို ဆောင်ရွက်ရမလဲဆရာ''
''ရှင်းအောင်ပြောရရင်တော့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးစိုင်းစိုးဦးပါ (၂) နဲ့ ဒေါ်နန်းခမ်းပါ (၂) အမှု ၂ဝ၁၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ -၁၉ မှာ စရန်ငွေပေးချေပြီး ရောင်းသူကွယ် လွန်သွားပါက ဆက်ခံသူမှ ကတိ အတိုင်း ဆောင်ရွက်ပေးရမည်လို့ ဆုံးဖြတ်ထားတာရှိပါတယ်။ ဒါကြောင့် ရောင်းသူ ကွယ်လွန်သွားရင် ဆက်ခံ သူက ဆက်လက်ဆောင်ရွက်ပေးသွား ရမှာဖြစ်ပါတယ်''
''ဒါဆိုရင် အခုကိစ္စမှာ သားဖြစ် သူအပေါ် တရားစွဲဆိုရမှာပေါ့နော်''
''ဥပဒေအရ ပြောရရင်တော့ သားဖြစ်သူက ကွယ်လွန်သူမိခင်ရဲ့ အမွေစား အမွေခံဖြစ်သလို အမှုအ ခင်းအရဆိုရင် ကွယ်လွန်သူ မိခင်ရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်ပါတယ်''
''သားဖြစ်သူအပေါ်ကို ငွေဆက် လက်ခံပြီး အိမ်အပ်ဖို့စွဲရမှာပေါ့နော်''
''ဟုတ်ပါတယ်။ ဥပဒေသဘော အရဆိုရင် တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဦးအောင်ခင် (ကွယ်လွန်သူ ဒေါ်မမခင်၏ တရားဝင်ကိုယ်စား လှယ်) နှင့် ဒေါ်မြိုင် (ခ) အမေမြိုင် ပါ (၂) ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈၉ အမှု မှာ အချင်းဖြစ်အိမ်ကို ရောင်းချသူ ဒေါ်မမခင်က စရန်ငွေရယူထားသ ဖြင့် ဒေါ်မမခင်ကွယ်လွန်သွားသော အခါ ဒေါ်မမခင်၏ ဆက်ခံသူကိတ္တိ မမွေးစားသား ဦးအောင်ခင်အပေါ် ကွယ်လွန်သူ၏ တရားဝင်ကိုယ်စား လှယ်အဖြစ် စွဲဆိုခွင့်ရှိရာ ပဋိညာဉ် ကတိအတိုင်း ဆောင်ရွက်ပေးစေလိုမှု စွဲဆိုရမည်လို့ ဆုံးဖြတ်လမ်းညွှန်ထား ပါတယ်''
''ဘာပဲဖြစ်ဖြစ်ပေါ့ဆရာ၊ ကတိ စာချုပ်တွေ ချုပ်ရင် ရောင်းသူ ဝယ် သူဆိုသည်မှာ ¤င်းတို့၏ ကိုယ်စား လှယ်စာရသူ တရားဝင်ကိုယ်စား လှယ် အမွေဆက်ခံသူများပါဝင်သည် ဆိုတဲ့ စာပိုဒ်ထည့်ဖို့ အဓိကလိုအပ် တာပေါ့နော်''
မှန်ပါတယ်။ ဒါကြောင့် ဥပဒေ နားလည်သူနဲ့သာ အိမ်မြေအရောင်း အဝယ် စာချုပ်ချုပ်ဆိုသင့်ကြောင်း အကြံပြုဆွေးနွေး လိုက်ပါသည်။
Ref : Zaygwet (ထီယုဥပဒေတိုင်ပင်ခံ)
Photo Credit : Thedindigul
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties