By The Modern, Shweproperty.com
Updated at 29 July 2018
အိမ်ခြံမြေဈေးကွက်ထဲမှာ အရောင်းဈေးကွက်အေးနေတာကြောင့် တချို့ကငွေပေါ်အောင် ရောင်းပေါင်စာချုပ်ချူပ်ပြီး ပေါင်နှံကြတာတွေရှိပြီး ဥပဒေအရခိုင်မာမှုမရှိတာကြောင့် သေချာစိစစ်ပြီးမှ လုပ်သင့်တယ်လို့ သိရပါတယ်။
ဘဏ်တွေမှာတရားဝင် အပေါင်ထားဖို့က လုံးချင်းအိမ်တွေလောက်သာရရှိတာကြောင့် တချို့အရပ်ထဲမှာပဲ တိုက်ခန်းတွေတန်ဖိုး နည်းမြေကွက်တွေ ကို အပေါင်ထားကြတယ်။ အပေါင်ထားတဲ့အခါမှာလည်း ရောင်းပေါင်စာချုပ်နဲ့ ချုပ်ဆိုရတာကြောင့် တချို့က ပြန်မရွှေးနိုင်ဘဲ ထိုးအပ်လိုက်ရတာတွေ လည်းရှိတယ်လို့ သိရပါတယ်။
မြေကွက်တွေကို အပေါင်ထားတဲ့သူတွေရှိသလို တိုက်ခန်းအပေါင်ထားတဲ့သူတွေလည်းရှိပါတယ် ။ စီးပွားရေးကျွမ်းကျင်သူတချို့နဲ့ ဥပဒေပညာရှင် တချို့က တိုက်ခန်းတွေကို ဘဏ်မှာတရားဝင်အပေါင်ထားနိုင်ဖို့ အာမခံချက်နည်းပါးတာတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ် လို့လည်း ပြောပါတယ်။
အကျိုးဆောင်ရှေ့နေဦးကျော်စွာက "ဥပဒေအရ တရားဝင်ပြင်ပမှာပါ ပေါင်နှံခွင့်ပေးလိုက်မယ်ဆို အပေါင်နဲ့ပတ်သက်တဲ့ အိမ်ခြံမြေ ပြဿသာနာတွေလဲ ရှင်းသွားနိုင်မယ် ၊ အခုတွေ့နေရတာတွေက အပေါင်ထားတဲ့အိမ်တွေကို ရောင်းစားတာနဲ့ ပတ်သက်ပြီး ဖြစ်နေကြတာတွေပါ ၊ အရပ်ထဲမှာ အပေါင်ထားရင် စာချုပ်ကအစ တိတိကျကျလုပ်မှပဲ အဆင်ပြေနိုင်မယ်လို့" ရှင်းပြပါတယ်။
အရပ်ထဲမှာ အပေါင်ထားတဲ့အခါ တချို့ကတန်ဖိုးရဲ့သုံးပုံတစ်ပုံငွေယူလို့ရတယ်။ အချို့က တန်ဖိုးရဲ့တစ်ဝက်လောက်အထိပေးတယ်လို့ သိရပါတယ်။ အတိုးနှုန်းက သုံးကျပ်ကနေ ခုနှစ်ကျပ်ဝန်းကျင်လောက်အထိပေးပြီး စာချုပ်ကိုခြောက်လချုပ်တာများတယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။
အရပ်ထဲမှာ တိုက်ခန်းအပေါင်ထားတဲ့အခါ တချို့ကအခန်းကနေ ထွက်ပေးရသလို အရောင်းအဝယ်စာချုပ်ချုပ်ရပြီး သော့အပ်ရတယ် ။ အပေါင်ထားသူရဲ့အမည်ပေါက်ဖြစ်ရပြီး အတိုးကို သုံးကျပ်ကနေ ငါးကျပ်အထိပေးရတယ် ။ တချို့က ငွေရှင်တွေက အတိုးကို တိုးတောင်းတာတွေလည်းရှိတယ်လို့ သိရတယ်။
ဒဂုံသီးသန့်အကျိုးဆောင် မကေသီက "အရပ်ထဲမှာက နားလည်မှုနဲ့အပေါင်ခံကြတာ ၊ တချို့ဆို အတိုးပေါ်အတိုးဆင့်သွားပြီး မြေကွက်ကို အပ်လိုက်ရတာတွေရှိတယ် ၊ တချို့ဆို အကွက်တွေက ရောင်းမထွက် ငွေလိုနေတော့ အပေါင်ထားပြီး ပြန်မရွှေးတော့ဘဲ အဆုံးခံလိုက်တဲ့သူတွေလဲ ရှိတယ်" လို့ပြောပါတယ်။
Ref : The Modern
Photo Credit : shutterstock
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties