By Zaw Myint Oo (GEOG), Shweproperty.com
Updated at 19 November 2017
ခရစ်ယာန်ဘာသာဝင်များသည် WILL ခေါ် သေတမ်းစာရေးပြီး အမွေပေးနိုင်သော်လည်း၊ ဗုဒ္ဓ္ဓဘာသာဝင်များအနေဖြင့် သေတမ်းစာရေးခွင့် မရှိပေ။ ရေးပေးလျှင်လည်း တရားမဝင်ပေ။ တရားဥပဒေကို လှည့်စားရှောင်ကြဉ်ပြီး သေတမ်းစာ သဘောသက်သည့် စာချုပ်ရေးခွင့်လည်း မရှိပေ။
သေတမ်းစာ လုပ်ခွင့်မရှိသော်လည်း မိသားစုစီမံမှုပြုလုပ်ခွင့် ရှိသည်။ မိဘတစ်ဦးဦးမသေမီ သားသမီးများဖြစ်ကြသည့် အမွေစား အမွေခံများကို ခေါ်ပြီး အားလုံးသဘောတူညီချက်ဖြင့် အမွေခွဲရန် ပဋိညာဉ်ပြုလုပ်ခြင်းကို မတရားမှုမရှိက မိသားစု စီမံမှုသည် တရားဝင်ဖြစ်သည်။
မိသားစုစီမံမှုအရ အမွေပုံကို နှုတ်ဖြင့် သဘောတူ ခွဲဝေနိုင်သော်လည်း အမွေခွဲဝေမှုကို စာဖြင့် ရေးသားထားရန်လိုသည်။ (၁၀၀) ပိုလျှင် မိသားစုစီမံမှုကို မှတ်ပုံတင်အက်ဥပဒေနှင့် အညီ မှတ်ပုံတင်ရန် လိုသည်။
အမွေသည် အောက်သို့စုန်နိုင်လျှင် အထက်သို့ မဆန်ရပေ။ အစုန် ဘက်မှအမျိုး တစ်ဦးတစ်ယောက်ရှိနေလျှင် အဆန်ဘက်မှအမျိုးမရနိုင်ပေ။ အမွေစားအမွေခံပြီး မွေးစားသော ကိတ္တိမ သားသမီးနှင့် ပတ်သက်ပြီး (၁၉၃၉) ခုနှစ်၊ ကိတ္တိမ သားသမီးမွေးစားခြင်း မှတ်ပုံတင် အက်ဥပဒေအရ မှတ်ပုံတင်မှသာ တရားဝင်ဖြစ်သည်။
အမွေခန်းဥပဒေတွင် မိဘများသည် သားသမီးတို့အား မိမိတို့၏ ဆန္ဒတစ်ခုတည်းဖြင့် အမွေမပြတ်နိုင်ပေ။ သို့ရာတွင် သားသမီးတစ်ဦးသည် သားသမီးကျင့်ဝတ်ပျက်ပြာလျှင် အမွေဆက်ခံခွင့် ဆုံးရှုံးနိုင်သည်။ သားသမီးတို့၏ ကျင့်ဝတ်ပျက်ပြားမှုသည် မိဘအမွေကို ဆုံးရှုံးလောက်အောင် ကြီးလေးခြင်းရှိမရှိ အမှုတစ်ခုချင်း၏ အဖြစ်အပျက် အကြောင်းအရာပေါ်မူတည်သည်။
မိဘသြဇာကို မနာခံ၊ မိဘအား တော်လှန်ပြီး ရန်သူသဖွယ် ပြုကျင့်သော သွာနုတ္တသားသမီး (ခွေးနှင့်တူသော သားသမီး) သည် မိဘအမွေ မဆက်ခံနိုင်၊ သို့ရာတွင် တရားရုံးတွင် သားသမီးတစ်ယောက်သည် မိဘအားရန်သူသဖွယ် ပြုကျင့်ကြောင်း ထင်ရှားအောင် ပြရမည်။
အမွေခံတို့၏ အစီအစဉ်
သေဆုံးသူ
၁။ သားသမီး
၂။ မြေးများ
၃။ မြစ်များ
၄။ ညီအစ်ကို မောင်နှမများ
၅။ မိဘများ
၆။ ဘိုးဘွားများ
၇။ တူ၊ တူမများ
၈။ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး
၉။ တူ၊ တူများ၏ သားသမီးများ
၁၀။ တစ်ဝမ်းကွဲ ညီအကိုမောင်နှမများ
Ref : Zaw Myint Oo (GEOG)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties