By Social Media, Shweproperty.com
Updated at 1 September 2018
၁။ အိမ်နှင့်မြေ သို့ မြေကွက်ရောင်းချသူ၏လက်ဝယ်၌ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ ပြည်စုံမှု ရှိမရှိ သေသေချာချာစိစစ်ရမည်။
၂။ သိန်းပေါင်းရာထောင်ချီ တန်ဖိုးဖြင့်ရောင်းချ သောအိမ်နှင့်မြေ (သို့)မြေကွက် ကိုဝယ်ယူခြင်းဖြစ် ပါက နားလည်တက်ကျွမ်းအတွေ့အကြုံရှိသည့်ရှေ့နေကိုသာငှားရမ်းဆောင်ရွက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် စရန်ပေးကတိစာချုပ်ချုပ်ဆိုရာတွင်ပါဝင်ရေးသားရမည့်စည်းကမ်းချက်၊ သတ်မှတ်ချက်များပြည့်ပြည့်စုံပါရမည့်အပြင် မှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်စာချုပ်ကြီးကို ဥပဒေနှင့်အညီ ရေးသားတင်ပြရမည်ဖြစ်သောကြောင့် သာမန်လူတစ်ဦးဆောင်ရွက်ပါကပြည့်စုံမှုရှိနိုင်မည်မဟုတ် သဖြင့် နားလည်တက်ကျွမ်းသောရှေ့နေကိုငှားရမ်းသင့်ပါသည်။
၃။ အိမ်နှင့်မြေ (သို့) မြေကွက်ရောင်းချလိုသူသည် ပိုင်ရှင်ကိုယ်တိုင်ဖြစ်ပါက ပိုင်ဆိုင်မှု မှတ်ပုံတင် စာချုပ်စာတမ်းများ(မှုရင်း) ၊ မြေဂရန် (မှုရင်း) အစရှိသဖြင့်သက်ဆိုင်သည့်စာရွက်စာတမ်းများကို ဝယ်သူအားပြသ သင့်သည်။
၄။ လင်မယားနှစ်ဦးအမည်ပေါက် ပိုင်ဆိုင်ပါက ရောင်းသူဘက်တွင် လင်မယားနှစ်ဦးစလုံးပါဝင် လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး လင်(သို့) မယားတစ်ဦးတည်းအမည်ပေါက် ဖြစ်ပါက အမည်ပေါက် သူက ရောင်းသူနေရာတွင်လက်မှတ်ရေးထိုးပြီးကျန်တစ်ဦးအားသက်သေနေရာတွင်လက်မှတ်ရေးထိုး စေသင့်ပါသည်။
၅။ မုဆိုးဖိုး(သို့)မုဆိုးမ ထံမှဝယ်ယူပါကလည်း ၎င်းတို့တွင်သြရသ သားကြီးသမီးကြီးများရှိပါက ၎င်းတို့ကိုလည်း သက်သေနေရာမှလက်မှတ်ရေးထိုးစေသင့်ပါသည်။
၆။ စာချုပ်စာတမ်းရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်းပြုလုပ်၍ ရောင်းချသည့် ကိစ္စတွင် အမွေဆိုင်သားသမီးများ၊ အမွေဆိုင်ညီအစ်ကိုမောင်နှမများက အမွေဆိုင်တချို့ကို ချန်လှပ်၍ ရောင်းချခြင်းမျိုးဟုတ်မဟုတ် ဝယ်သူဘက်မှစေ့စေ့စပ်စပ်လေ့လာပြီး အမွေဆိုင်အားလုံး ပါဝင်မှသာ လျှင် ဝယ်ယူသင့်ပါသည်။
၇။ ဝယ်ယူသည့် အိမ်နှင့်မြေ (သို့) မြေကွက်တန်ဖိုး၏ ၇၅%ကိုပေးချေပြီးသည့်အခါတွင် ဝယ်ယူသူသည်အချင်းဖြစ်ပစ္စည်းကို လက်ရောက်ရယူထားသင့်ပါသည်။ ကျန်ငွေ ၂၅ရာခိုင်နူန်း (သို့) ရောင်းချသူနှင့်ညှိနိူင်း၍ကျန်ပေးချေရမည့် ငွေကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးသည့်နေ့တွင် အပြေအကြေပေးရန်ဖြစ်ပါသည်။စရန် ငွေများများချပြီးလျှင်လက် ရောက်ရယူထားရန်လိုအပ်ကြောင်း အထုူးသတိပြုသင့်ပါသည်။
၈။ ရောင်းချသူ၏လက်ဝယ်ရှိ ပိုင်ဆိုင်မှုမှတ်ပုံတင်စာချုပ်စာတမ်းမှုရင်းများ မြေဂရန်မှုရင်းများ အခြားစာရွက်စာတမ်းများကို ပြည့်ပြည့်စုံစုံ မတင်ပြနိုင်ပါက စရန်ပေးစာချုပ် ချုပ်ဆိုရန်မသင့်ပါ။ စရန်ငွေလည်းပေးရန်မသင့်ပါ။
၉။ အရောင်းအဝယ်ကိစ္စညှိနိူင်းမှုပြေလည်ပါက အရောင်း အဝယ်ကိုကန့်ကွက်မည့်သူရှိပါက ကန့်ကွက်နိုင်ပါကြောင်း သတင်းစာများတွင်ထည့်သွင်းဆောင်ရွက်ရန် အမှန်တကယ်လိုအပ်ပါသည်။ ကန့်ကွက်မည့်သူမရှိသည့်အခါမှ သာ အရောင်းအဝယ်ကိစ္စ၊ စရန်ပေးကိစ္စများကို ဆက်လက် ဆောင် ရွက် ရန်ဖြစ်ပါသည်။
၁၀။ ယခင် အိမ်ထောင်ကြီး၏ သားသမီးများကို အသိမပေးဘဲ ကွယ်လွန်သူခင်ပွန်း အမည်ပေါက် ပိုင်ဆိုင်မှုကို မိထွေးဖြစ်သူမှ တိုးတိုးတိတ်တိတ်ရောင်းချခြင်းမျိုးတွေ့ကြုံရမည်ကိုလည်းသတိပြု၍ သေ သေ ချာချာလေ့လာစုံစမ်းမှုပြုလုပ်သင့်ပါသည်။
၁၁။ တန်ရာတန်ကြေးထက်လျော့နည်း၍ရောင်းချလာမှုများကိုလည်းအထူးသတိပြုရပါမည်။ မယား တစ်ဦးထက်ပိုယူထားသော ယောကျာ်း၏အမည်ပေါက်ပိုင်ဆိုင်မှုကို ဝယ်ယူမည်ဆိုပါကလည်း မယား အားလုံး သဘောတူညီမှုရရှိပြီးမှ ဝယ်ယူသင့် ပါသည်။ လင်ယောကျာ်း၏ ပစ္စည်းကိုတရားဝင် မယား များကအချိုးကျပိုင်ဆိုင်ခွင့်ရှိသောကြောင့်ဖြစ်ပါသည်။
၁၂။ ဂရန်(မှုရင်း)ပျောက်ဆုံး၍ ဂရန်(မိတ္တူ)ဖြင့်ရောင်းချလာပါကလည်း ပို၍ သေသေချာချာ လေ့လာ စုံစမ်းပြီးမှဝယ်ယူရန် စဉ်းစားသင့်ပါသည်။ ပေါင်နှံထားမှုများရှိသောကြောင့်ဖြစ်ပါသည်။ အရောင်း အဝယ် ဆောင်ရွက်မည့် အကြောင်းကို သတင်းစာတွင် ေြက်ငြာထည့်သွင်းရန်အမှန် တ ကယ်လိုအပ်ပါသည်။
၁၃။ တစ်ခါတစ်ရံတွင် သက်ဆိုင်ရာဌာနတစ်ခုခုက မည့်သည့်နယ်နမိတ်အတွင်းရှိမြေကွက်များကို လွှဲပြောင်းရောင်းချခွင့်နှင့်စပ်လျဉ်း၍ ဆိုင်းငံ့ထားပေးရန်အမိန့်ထုတ်ပြန်ခဲ့သည်များ လည်းရှိသော ကြောင့် စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ခွင့်ရရှိသော မြေဟုတ်မဟုတ် စုံစမ်းလေ့လာပြီးမှ ဝယ်ယူ သင့်ပါသည်။ရောင်းချပိုင်ခွင့် မရှိသည်များကိုမှားယွင်း၍ ဝယ်ယူမိပါကရောင်းချသူထံမှ ငွေပြန်ရလိုမှု စွဲဆိုနိုင် ခွင့်ရှိသော်လည်း လက်လွန်သွားခဲ့သော ငွေများကို လွယ်လင့်တကူ ပြန်လည်ရရှိနိုင်မည်မ ဟုတ် သည်ကိုသတိပြု၍ သေချာစွာစုံစမ်းစစ်ဆေးပြီးမှဝယ်ယူသင့်ပါသည်။
Ref & Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties