By Myanmar Builders Guide, Shweproperty.com
Updated at 25 February 2019
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ယခုနှစ်လယ်ခန့်တွင် အတည်ပြုပေါ်ထွက်နိုင်မည်ဟု မျှော်မှန်းထားပြီး ဥပဒေပြဌာန်းပြီးပါက အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်တွင် တွေ့ရသော အခက်အခဲများကို ကောင်းစွာကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဗဟိုဥက္ကဌဦးတင်မောင်ကပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေရောင်းဝယ်ရာ၌အကျိုးဆောင်များအတွက် တိကျသော စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များမရှိသေးဘဲ မိရိုးဖလာပုံစံမျိုးဖြင့်သာ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ကြပြီး အဆိုပါဥပဒေအရ အကျိုးဆောင်လုပ်မည့်သူများမှာ ယာယီလိုင်စင်များလျှောက်ထားရန် လိုအပ်သည်။
ထိုဥပဒေပြဌာန်းပြီးနောက် အိမ်ခြံမြေဈေးကွက်တွင် တွေ့ရလေ့ရှိသော ရောင်းမှားဝယ်မှားပြသနာများနှင့် မြေဈေးနှုန်းကစားနေသော ကိစ္စရပ်များကို ကောင်းစွာ ကာကွယ်သွားနိုင်မည်ဖြစ်သည်ဟု ဦးတင်မောင်ကပြောသည်။
ထို့ပြင်အခြားသော အာဆီယံနိုင်ငံများနည်းတူ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေရှိလာမည်ဖြစ်သည့်အတွက် နိုင်ငံခြားသားများနှင့် ချိတ်ဆက်အလုပ်လုပ်ရန် ပိုမိုအဆင်ပြေလာနိုင်မည်ဟုဆိုသည်။
“ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ဥပဒေကြမ်းကို အတည်ပြုပြီးဖြစ်သည်။
ထပ်ဆွေးနွေးမယ့်အချက်တချို့မှာ မေ၊ ဇွန်လထက်နောက်မကျဘဲ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို အတည်ပြုနိုင်မယ်။ ဒီဥပဒေပေါ်ပေါက်တာက နိုင်ငံနဲ့ အိမ်ခြံမြေလောကအတွက် ကောင်းတဲ့အလားအလာပါ။ အကျိုးဆောင်တွေအတွက် လိုင်စင်ကိစ္စ ပေါ်ပေါက်သင့်တာကြာပါပြီ။ ဗဟိုတိုင်းအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီတွေရှိလာမှာဖြစ်သောကြောင့် ဈေးကွက်မှာ မြေဈေးနှုန်းကစားမှုတွေကိုလည်း အထိုက်အလျောက်ထိန်းချုပ်သွားနိုင်မယ်”ဟုပြောသည်။
အကျိုးဆောင်လိုင်စင်မရှိသဖြင့် အိမ်ခြံမြေဈေးကွက်တွင် တရားမဝင်ကျူးကျော်နေရာများကို မသမာသူများမှ ရောင်းဝယ်နေသော ကိစ္စများလည်းရှိနေကာ၊ ပိုင်ဆိုင်မှုစာရွက်စာတမ်း၊ အတုအပများကို အငြင်းပွားရသော ကိစ္စများလည်း ကြုံရလေ့ရှိသည်။ ထို့ပြင်နိုင်ငံခြားသားလုပ်ငန်းရှင်များကလည်း ဝင်ရောက်လုပ်ကိုင်မှုများရှိနေပြီး ထိုအချက်များမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နံှမှုကိုလည်း တွန့်ဆုတ်စေသည်။
“လိုအပ်တဲ့ဥပဒေဖြစ်နေတဲ့အတွက် ဝိုင်းဝန်းလုပ်ဆောင်နေတာပါ။လိုင်စင်မရှိတော့ နိုင်ငံတဝန်းလုံးမှာ ပြသနာတစ်ခုခုရှိလောရင် ထိန်းချုပ်ဖို့ခက်ပါတယ်။ လိုင်စင်မှတ်ပုံတင်နှုန်းထားကိစ္စကို နည်းဥပဒေမှာထည့်သွင်းဆွေးနွေးကြမှာပါ။ နှုန်းထားကိုလည်း မြန်မာပြည်တစ်ပြည်လုံးက အကျိုးဆောင်တွေ၊ ရပ်ကွက်ကျေးရွာတွေက အကျိုးဆောင်တွေအထိပါ ပါဝင်နိုင်အောင်လမ်းဖွင့်ပေးထားမယ့် နှုန်းထားမျိုးပဲဖြစ်ဖို့ အိမ်ခြံမြေအသင်းက တာဝန်ှရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ဆောင်သွားကြမှာပါ” ဟုဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးကပြောသည်။
ဥပဒေအရ ယာယီလိုင်စင် သို့မဟုတ် လိုင်စင်မရှိပါက ဝန်ဆောင်မှုလုပ်ငန်းလုပ်ငန်းလုပ်ကိုင်ခွင့်ရမည်မဟုတ်ဘဲ ဖောက်ဖျက်လျှင် ခြောက်လအထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။
“လိုင်စင်ဥပဒေနဲ့ တိတိကျကျအလုပ်လုပ်နိုင်ရင် နိုင်ငံတော်လည်းအခွန်ပိုရမယ်။ အကျိုးဆောင်တွေအနေနဲ့လည်း ဂုဏ်သိက္ခာရှိရှိအလုပ်လုပ်လို့ရတယ်။ ကိုယ်ကလည်းတရားဝင်အခွန်ဆောင်လုပ်ကိုင်နေတဲ့အတွက် သက်ဆိုင်ရာရုံးဌာနတွေကို ဝင်ထွက်ရတဲ့အခါ ကိုယ်လိုအပ်တဲ့ အချက်တွေကို တရားဝင် မေးမြန်းလို့ရတယ်”ဟုဦးတင်မောင်ကပြောသည်။
ပြောင်းလဲလာသော ခေတ်အခြေအနေအရ အကျိုးဆောင်များတိုးတက်ရန်အတွက် လိုက်ပါပြောင်းလဲနိုင်ရန် လိုအပ်နေသည်။ သို့သော်နှစ်ပေါင်းများစွာမိရိုးဖလာပုံစံဖြင့် လုပ်ကိုင်လာကြသည့်အတွက် အကျိုးဆောင်အချို့မှာ လိုင်စင်လုပ်ရမည်ကို ဘဝင်မကျခြင်းနှင့် လိုင်စင်လုပ်ဆောင်ခြင်းဖြင့် မည်သို့အကျိုးကျေးဇူးရှိမည်ကို မသိဘဲ လိုင်စင်ကြေးပေးရမည်ကိုသာ တွေးနေခြင်းများရှိကြောင်း မန္တလေးမြို့ခံအိမ်ခြံမြေအကျိုးဆောင်ဦးအောင်ဝင်းကပြောသည်။
အိမ်ခြံမြေဈေးကွက်တွင် မန္တလေးမြို့၌၁၉၉၇ ခုနှစ်က မြေဈေးနှုန်းကစားမှု ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင်လည်း အလားတူဖြစ်ခဲ့ပြီး အရောင်းအဝယ်သသိသာစသွာလှုပ်ခ တ်ခဲ့သည်။
ထို့နောက်အရောင်းအဝယ်မှာ ကာလရှည်ကြာစွာ နှေးကွေးခဲ့ပြီး ဈေးနှုန်းကျဆင်းမှုမှာလည်း လက်ရှိတွင် ၂၀၁၃ ခုနှစ်နောက်ပိုင်းကာလများတွင် အနိမ့်ဆုံးအနေအထားသို့ရောက်ရှိနေသည်။
အရောင်းအဝယ်ကျဆင်းရခြင်းနှင့် အိမ်မြေဝယ်ယူရာတွင် တရားဝင်အခွန်ဆောင်ကာ အမည်ပေါက်စာချုပ်မချုပ်ဆိုကြခြင်းမှာ အခွန်နှုန်းထားသတ်မှတ်ချက်မြင့်မားမှုက အဓိကအကြောင်းရင်းဖြစ်နေပြီး အခွန်ဆောင်ရန် သတ်မှတ်ထားသော အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်(ရာဖြတ်တန်ဖိုး) များမှာ ဈေးကွက်တွင်လက်တွေ့ဖြစ်နေသော ဈေးနှုန်းနှင့် ကိုက်ညီရန်လိုအပ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ကထောက်ပြကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်းအပေါ် အခွန်စည်းကြပ်ရန်(ရာဖြတ်တန်ဖိုး) သတ်မှတ်ချက်တွေအရ မန္တလေးမြို့စည်ပင်သာယာနယ်နိမိတ် မြို့နယ်ခြောက်မြို့နယ်အတွင်း အမြင့်ဆုံးနှုန်းထားအဖြစ် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁၂၀၀ အထိသတ်မှတ်ထားသည်။
Ref : Myanmar Builders Guide
Photo Credit : Mitcentralcoast
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties