By U Kyaw Zay Ya (Law), Shweproperty.com
Updated at 31 October 2017
ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေသည် မရွှေ.မပြောင်းနိုင်သော ပစ္စည်းရောင်းခြင်း၊ ဝယ်ခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ စွန်.လွှတ်ခြင်း၊ ငှားရမ်းခြငး စသည်တို.နှင့် သက်ဆိုင်သည်။
မိမိတို.နိုင်ငံတွင် မရွှေ.မပြောင်းနိုင်သောပစ္စည်းကို ပေါင်နှံရာတွင် အရပ်ပေါင်(အရောင်းပြ)ဖြင့် ပေါင်နှံခြင်းဓလေ့သာရှိပြီး အမှန်တကယ် ပေါင်နှံခြင်းလုပ်ငန်း လုပ်ကိုင်သည့်ဓလေ့ နည်းပါးသည်ကို တွေ.ရသည်။ အမှန်တကယ် ပေါင်နှံစာချုပ် ပြုလုပ်မည်ဆိုပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရသောကြောင့် ဖြစ်သည်။
ရောင်းသူ၏တာဝန်
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေအရ ရောင်းသူနှင့် ဝယ်သူတို.၏ တာဝန်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ရောင်းသူအနေဖြင့် ရောင်းသောဥပစာနှင့် စပ်လျဉ်း၍ ချို.ယွင်းချက် အနာအဆာရှိလျှင် ဝယ်သူသို. ထုတ်ဖော်ပြောဆိုရန် တာဝန်ရှိသည်။
ဝယ်သူဘက်က သာမန်သတိဖြင့် မမြင်နိုင်သော အပြစ်အနာအဆာများကို ရောင်းသူက ဖုံးကွယ်ထားခြင်း မပြုသင့်ပေ။ မပြောဘဲ ထိန်ချန်ထားလျှင် လိမ်လည်ရာရောက်နိုင်ပေသည်။
ပစ္စည်းနှင့် ပတ်သက်၍သော်လည်းကောင်း၊ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍သော်လည်းကောင်း၊ ဝယ်သူမေးသည့် မေးခွန်းများကို ရောင်းသူက မိမိသိသမျှ ဖြေကြားရန် တာဝန်ရှိပေသည်။
ရောင်းသည့်နေ.အထိ ပစ္စည်းနှင့်ပတ်သက်၍ ပေးချေရမည့် အခွန်ငွေ ကြွေးမြီများကို ကင်းရှင်းနေရန် လိုသည်။
ရောင်းသူအနေဖြင့် ဤသို. ရောင်းချရာတွင် ရောင်းပိုင်ခွင့်ရှိကြောင်း တာဝန်ယူ ဝန်ခံပြောဆိုုရပေမည်။
အရောင်းအဝယ်ပြီးမြောက်သည့်အခါ ပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်းသော စာချုပ်စာတမ်း၊ စာရွက်စာတမ်းများအားလုံးကို ဝယ်သူလက်ဝယ်သို. ပေးအပ်ရမည်ဖြစ်သည်။
ရောင်းဝယ်ခြင်း တရားဝင်ပြုလုပ်နိုင်ရန် လိုအပ်သော စာရွက်စာတမ်း အပြည့်အစုံကို ရောင်းသူက တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်သည်။
ဝယ်သူ၏ တာဝန်
ဝယ်သူသာသိပြီး ရောင်းသူမသိသေးသည့် အရောင်းပစ္စည်း၏ အကျိုးခံစားခွင့်အမှန်ကို ဝယ်ယူသူက ရောင်းသူကို ပြောပြရန် တာဝန်ရှိသည်။
ရောင်းဝယ်ခြင်းပြီးမြောက်ချိန်တွင် ဝယ်သူအနေဖြင့် ရောင်းဖိုးငွေကို ပေးချေရန် တာဝန်ရှိသည်။
ရောင်းသည့် ပစ္စည်းသည် အပေါင်ထားသောပစ္စည်းဖြင့် ဖြစ်သည်ကို ဝယ်သူ သိရှိပြီး ပစ္စည်းပိုင်ဆိုင်မှု ဝယ်သူထံ ရောက်ရှိပြီးပါက ကျသင့်သော အတိုးငွေကို ဝယ်သူက ပေးချေရမည်ဖြစ်သည်။
တရားဝင်စာချုပ်ကြီးတွင် ထမ်းဆောင်ရမည့် တံဆိပ်တော်ခွန်ကို ဝယ်သူက ကျခံထမ်းဆောင်ရမည်ဖြစ်သည်။
ရောင်းသူ၏အခွင့်အရေး
ပစ္စည်းပိုင်ဆိုင်ခွင့် ဝယ်သူထံသို. ပြောင်းသွားချိန်အထိ ပစ္စည်းက ရရှိသော ငှားရမ်း အမြတ်အစွန်းများကို ရယူခွင့်ရှိသည်။
ဝယ်သူ၏ အခွင့်အရေး
ပစ္စည်းပိုင်ဆိုင်မှု ဝယ်သူထံ ရောက်သွားပြီးဖြစ်က ပစ္စည်းတန်ဖိုးတိုးပွားလာမှု၊ ပွားများလာမှုနှင့် ငှားရမ်းခ အမြတ်အစွန်းများကို ဝယ်သူသာ ရခွင့်ရှိသညည်။
ဆက်လက်ရောင်းချရန် ရောင်းသူက ငြင်းဆန်လျှင် ပဋိညာဉ် အတည်ပြုလုပ်ပေးရေး တရားရုံးတွင် တရားစွဲနိုင်သည်။ ကုန်ကျစရိတ်ကို ခုနှိမ်နိုင်သည်။
Ref : U Kyaw Zay Ya (Law)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties