By Myanmar Times, Shweproperty.com
Updated at 16 September 2016
အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် လုပ်ဖို့စဉ်းစားရင် ဈေးနှုန်းအပြင် ပိုင်ဆိုင်ခွင့် ခိုင်မာမှုကိုလည်း ဦးစားပေးစစ်ဆေးဖို့လိုကြောင်း အတွေ့အကြုံရင့် အိမ်ခြံမြေအကျိုး ဆောင်တွေက ပြောပါတယ်။
အိမ်ခြံမြေ ဝယ်ယူသူတွေအနေနဲ့ ပိုင်ဆိုင်မှု အထောက်အထားခိုင်မာမှုကို အလေးပေး ကြည့်ရှုကြတယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာ ဈေးနှုန်းနဲ့နှိုင်းယှဉ်ရင် ဦးစားပေး မစဉ်းစားတော့ဘဲ သတိ လက်လွတ်ဖြစ်တတ်ကြောင်း အကျိုး ဆောင်တချို့က ပြောပါတယ်။ လတ်တလောဈေးကွက် အနေအထား အရ အိမ်မြေဈေးနှုန်းတွေဟာ အခြေခံ လူတန်းစားတွေသာမက လူလတ်တန်းစားတွေ လိုက်မီဖို့ခက်ခဲတဲ့ နှုန်းတန်းမှာရှိနေ တာကလည်း ပိုင်ဆိုင်မှုအထောက်အထားထက် ဈေးနှုန်းကို ပိုအလေးပေးစဉ်းစားစေ တဲ့ အချက်ဖြစ်နေပါတယ်။
ကျောချစရာ နေရာတစ်နေရာရဖို့ အရေးဟာ ခက်ခဲလွန်း တာကြောင့် တချို့က ပိုင်ဆိုင်မှုအထောက် အထားကို အလေးမပေးတော့ဘဲ ကျူး နေရာမှန်းသိသိနဲ့ စွန့်စားပြီးဝယ်ယူတာ မျိုးတွေရှိကြောင်းလည်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။ အိမ်ခြံမြေဈေးကွက်ဟာ တခြားစီးပွား ရေးလုပ်ငန်းတွေလိုပဲ မူဝါဒပိုင်းဆိုင်ရာတွေ ခိုင်မာတည်ငြိမ်ဖို့ လိုအပ်ကြောင်း မြို့သစ်က အကျိုးဆောင်အများစုက ပြောပါတယ်။
မူဝါဒဆိုရာမှာ အခွန်ဆိုင်ရာကိစ္စရပ်တွေ ပါဝင်သလို တရားမဝင်ရောင်းဝယ်တာမျိုးကို ထိရောက်အောင်တားဆီးတာမျိုးလည်း ပါဝင်ပါတယ်။ အခွန်မှာလည်း ရောင်းသူဝယ် သူတွေ လုပ်သာကိုင်သာတဲ့ နှုန်းထားဖြစ်ဖို့ကအစ အရေးကြီးတယ်လို့ အကျိုးဆောင်တွေက ဆိုကြပါတယ်။ လတ်တလောမှာ ရန်ကုန်မှာ ကျူးတွေကို မြေဂရန်တွေချပေးမယ်လို့ သတင်းထွက် တာမျိုးကအစ အိမ်မြေဈေးကွက်မှာ ဝင်ရောက် အလုပ်လုပ်ကိုင်လိုသူတွေကို ဝေခွဲမရ ဖြစ်စေပါတယ်။
မန္တလေးမှာ လည်း မြေကွက်ရိုက်ပြီး အရပ်စာချုပ်ချုပ်ဆိုကာ ရောင်းဝယ်နေတာမျိုးတွေရှိတာကြောင့် ဒါတွေကို စွန့်စားဝယ်ယူတာမျိုး တွေ ပိုများလာနိုင်ကြောင်းနဲ့ ဖြေရှင်းဖို့ ပိုခက်ခဲတဲ့ကိစ္စတွေ ဖြစ်လာနိုင်ကြောင်း အကျိုးဆောင်တချို့က ပြောပါတယ်။ ဈေးနှုန်းကို ဦးစားပေးပြီး ဝယ်ယူတယ် ဆိုရာမှာ ငွေကြေးတတ်နိုင်သူတချို့ဟာ ပိုင်ဆိုင်ခွင့် မခိုင်မာမှန်းသိသိနဲ့ စွန့်စား ဝယ်ယူ ထားတာမျိုးရှိပါတယ်။ ဈေးနှုန်းပမာဏဟာ သူတို့အတွက် မပြောပလောက် တာကြောင့် ပြန်ရောင်းဖြစ်ရင်၊ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ အကျိုးအမြတ်ပြန် ရရင် အမြတ်ဆိုတဲ့ အတွေးနဲ့ ဝယ်ယူထားတာမျိုးပါ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မန္တလေးမြို့သစ်အရှေ့ဖျားမှာ စည်ပင်သာယာကနေ ကျူးကျော်ဆိုပြီး ဖျက်သိမ်း ခဲ့တဲ့ နေရာတွေထဲမှာ အဲဒီလိုစွန့်စားပြီး ဝယ်ယူထားသူတွေ အတော်များများပါ ကြောင်းလည်း သိရပါတယ်။
အဲဒီမှာ လက်ပြောင်းလက်လွှဲ ရောင်းဝယ်ခဲ့သူတွေလည်း အများကြီးပါပဲ။ အိမ်မြေရောင်းဝယ် ရာမှာ ပိုင်ဆိုင်မှု အထောက်အထားတွေ မှန်ကန်ဖို့ ဆိုတာ ဟာ သေချာစိစစ်အလုပ်လုပ် တာတောင် မှ အခန့်မသင့်ရင် အမှားအယွင်းဖြစ်တတ် ပါတယ်။ ရောင်းမှားဝယ်မှား များပြားခြင်း ဟာ အိမ်ခြံမြေဈေးကွက်လည်ပတ်မှုကို လည်း ထိခိုက်နှေးကွေးစေပါတယ်။ အရောင်းအဝယ်ပါးပြီး အလုပ်သိပ်မဖြစ် တာကြောင့် အိမ်မြေပေါက်ဈေး လျော့နည်း တာမျိုးက အကြောင်းမဟုတ်ပေမယ့်၊ အဲဒီလိုမဟုတ်တဲ့ အခြေအနေမျိုးမှာ ပေါက် ဈေးတန်းထက် ထူးထူးခြားခြားဈေးလျော့ တာမျိုးဆိုရင်တော့ သေချာစိစစ်ပြီး အလုပ်လုပ်သင့်ကြောင်း အတွေ့အကြုံရင့်ကျက် တဲ့ အကျိုးဆောင်တချို့က ဆိုပါတယ်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties