By Kumudra, Shweproperty.com
Updated at 23 June 2018
အိမ်ခြံမြေဝယ်ခွန်၊ ရောင်းခွန်ဆောင်ရာမှာသိထားသင့်တဲ့ အချက်တွေရှိနေတယ်လို့ သိရပါတယ်။
(၁) ဝင်ငွေခွန်ကောက်ခြင်း
ဥပဒေဝေါဟာရ အခေါ်အခြေပစ္စည်းတွေဖြစ်တဲ့ အိမ်မြေတိုက်ခန်းတွေရောင်းခြင်း၊ ဝယ်ခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းပြုလုပ်တဲ့ အခါ မြန်မာနိုင်ငံပြည်ထောင်စုအခွန် အကောက်ဥပဒေနဲ့ အညီသတ်မှတ်ထားတဲ့ နှုန်းထားတွေအပေါ်ဝင်ငွေခွန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
(၂) တန်ဖိုးစိစစ်ရေးအဖွဲ့ကို တင်ပြရခြင်း
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အိမ်ခြံမြေတိုက်ခန်းတွေရောင်းခြင်း၊ ဝယ်ခြင်း ပြုလုပ်တဲ့အခါ ရန်ကုန်မြို့ရဲ့ ပန်းဆိုးတန်းလမ်း၊ လော ကနတ် အနုပညာခန်းမအဆောက်အအုံရဲ့ ပထမထပ်ရှိ ရန်ကုန်တိုင်းတန်ဖိုး စိစစ်ရေးအဖွဲ့ကို တန်ဖိုးစိစစ်သတ်မှတ်ပေးဖို့အရောင်းအဝယ်ကတိစာချုပ် နဲ့ အတူလိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပူးတွဲတင်ပြပြီး အရောင်းအဝယ်ပြုလုပ်တဲ့နေ့ကနေ တစ်လအတွင်း ရောင်းသူ ဝယ်သူကိုယ်တိုင်သွားရောက်ပြီး ပုံစံတွေဖြည့်စွက်တင်သွင်းရမှာဖြစ်ပါတယ်။
(၃) တန်ဖိုးစိစစ်ရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်
တန်ဖိုးစိစစ်ရေးအဖွဲ့က လိုအပ်ရင်ကွင်းဆင်းစစ်ဆေးပြီး အိမ်ခြံမြေတိုက်ခန်းတန်ဖိုး သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီစည်းဝေးဆုံး ဖြတ်သတ်မှတ်ပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် အိမ် ခြံ မြေတိုက်ခန်းတွေရဲ့ တန်ဖိုးသတ်မှတ်ချက်အကြောင်းကြားစာကို အိမ်ခြံမြေတိုက်ခန်းရှိရာ မြို့နယ်အခွန်ဦးစီးမှူးရုံးကို တစ်လအတွင်းပေးပို့ရမှာဖြစ်ပြီး အခွန်ထမ်းကသက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးမှူးရုံးမှာ ကျသင့်တဲ့ဝင်ငွေခွန်ကိုပေးသွင်းရမှာဖြစ်ပါတယ်။
(၄) အခွန်နှုန်း သတ်မှတ်ချက်များ
အများပြည်သူ က အလွယ်ကူဆုံးသတ်မှတ်ခေါ်တွင်နေကြတဲ့ ရောင်းခွန်နဲ့ ရောင်းရတဲ့အခြေပစ္စည်း အိမ်မြေတိုက်ခန်းတွေကရရှိတဲ့ အမြတ်အစွန်းငွေပေါ်မှာကောက်ခံတဲ့ ဝင်ငွေခွန်ဆိုပြီး နှစ်မျိုးရှိပါတယ်။
သတ်မှတ်ထားတဲ့ ရောင်းခွန်နှုန်းထား ၂၀၁၅ ခုနှစ် ပြည်ထောင်စု ရဲ့ အခွန်အကောက် ဥပဒေ ပုဒ်မ ၂၇ မှာဆိုရင် အခြေပစ္စည်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီးရောင်းချခြင်း ၊ လဲလှယ်ခြင်း၊ တခြား တစ် နည်းနည်းနဲ့ လွှဲပြောင်းခြင်းက အမြတ်အစွန်းငွေရရှိရင် အဲသည်လို မြတ်စွန်းတဲ့ကျပ်ငွေ သို့မဟုတ် နိုုင်ငံခြားငွေအပေါ် ၁၀ ရာခိုင်နှုန်း နဲ့ ဝင်ငွေစည်းကြပ်ရမယ်လို့ ပြဋ္ဌာန်းထားကြောင်းသိရပါ တယ်။
ခြွင်းချက်အနေနဲ့ ပြည်ထောင်စုရဲ့အခွန်ကောက် ဥပဒေပုဒ်မ -၂၈ မှာအခြေ ပစ္စည်းတစ်ခုသို့မဟုတ်တစ်ခုထက်ပိုပြီး ရောင်းချခြင်း၊ လဲ လှယ်ခြင်း သိုမဟုတ်တခြား တစ်နည်းနည်းနဲ့လွှဲပြောင်းခြင်းပြုလုပ်တဲ့ နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းရဲ့ တန်ဖိုးစုစုပေါင်းဟာ ကျပ်သိန်း တစ်ရာထက်မပိုရင် အခြေပစ္စည်းက မြတ်စွန်းငွေပေါ်ပေါက်စေကာမူဝင်ငွေခွန် စည်းကြပ်ခြင်းမပြုရဟုပြဋ္ဌာန်းထားကြောင်း သိရပါတယ်။
ဒါကြောင့် အခြေပစ္စည်းရောင်းရတဲ့ တန်ဖိုးမှာကျပ်သိန်း တစ်ရာထက်မကျော်ရင်အခွန်စည်းကြပ်ခြင်းမရှိဘဲ အလိုအလျှောက်ကင်းလွတ် ခွင့်ရမှာ ဖြစ်ပါတယ်။
ဝယ်ခွန်နှုန်းထား
၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေပုဒ်မ ၂၄ မှာ နိုုင်ငံသားမည်သူမဆိုအခြေပစ္စည်းတစ်ရပ်ရပ်ကိုဝယ်ယူခြင်း အတွက် အသံပြုတဲ့ဝင်ငွေမှာဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ ဝင်ငွေတစ်နည်းအားဖြင့် စည်းကြပ်မှုကကင်းလွတ်နေတဲ့ ဝင်ငွေဖြစ်ပါက ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဝင်ငွေခွန်စည်းကြပ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ဝင်ငွေရလမ်း တင်ပြနိုင်တဲ့ဝင်ငွေရှိနေပါက ယင်းဝင်ငွေကိုနုုတ်ပြီးကျန်ရှိတဲ့ ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ ဝင်ငွေအပေါ်အောက်ပါနှုန်းထား အတိုင်း ထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ကျန်ရှိတဲ့ဝင်ငွေရလမ်မဖော်ပြနိုင်တဲ့ အခွန်စည်းကြပ်ထားခြင်းမရှိတဲ့ငွေမှာ တစ်ကျပ်ကနေ သိန်း ၃၀ဝ အတွင်း ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀ဝ ကနေသိန်း ၁၀ဝဝ အတွင်း ၂၀ ရာခိုင်နှုန်း၊ သိန်း ၁၀ဝဝ အထက် ၃၀ ရာခိုင်နှုန်းထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းထားပြီး စည်းကြပ် နှုန်းထားတွေမှာ နှစ်အလိုက်အပြောင်းအလဲရှိပါတယ်။
ယင်းဥပဒေပုဒ်မ ၂၄ မှာ အခြေပစ္စည်းတစ်ရပ်ရပ်ကိုဝယ်ယူတဲ့အခါ အသုံးပြုတဲ့ဝင်ငွေအားလုံးအပေါ်ဝင်ငွေရလမ်းအတိအကျတင် ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန်မလိုဟု ဖော်ပြထားပါတယ်။
အိမ်ခြံမြေ တိုက်ခန်းဝယ်ယူတဲ့အခါ သုံးစွဲတဲ့ငွေကြေးပမာဏမှာ ယခင်က အိမ်မြေတိုက်ခန်း၊ မော်တော်ကားစသည်ဖြင့် ခိုင်မာတဲ့ပစ္စည်း ရောင်းချခဲ့စဉ် အခွန်စည်းကြပ်ထားပြီးဖြစ်တဲ့ ဝင်ငွေ သို့မဟုတ် တခြားနည်းလမ်းတစ်ခုခု နဲ့ ဥပမာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုခုနဲ့ ရရှိထားတဲ့ ဝင်ငွေအပေါ်စည်းကြပ်ထားပြီးဖြစ်တဲ့ ဝင်ငွေပမာဏအောက်လျှော့နည်းနေပါက ထပ်မံအခွန်ထမ်းဆောင်ရန်မလိုတော့ဘဲ အခွန်စည်းကြပ်ခြင်းက ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။
Ref : Kumudra
Photo Credit : Hindustantimes
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties