By Pinlon Talent, Shweproperty.com
Updated at 2 February 2018
အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်မယ်ဆိုရင် ရောင်းသူရော၊ ဝယ်သူပါ သေချာတိကျအောင် ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာ အကျိုးဆောင် ရှေ့နေတချို့ကိုမေးမြန်းထားပါတယ်။
ဝယ်သူ - စာရွတ်စာတမ်းပြည့်စုံ မပြည့်စုံ စစ်ဆေးပါ။ - အမည်ပေါက်မဟုတ်ရင် ပိုပြီးသေချာ စီစစ်ပါ။ - မိတ္တူမှန်၊ ဂရန်မိတ္တူဘက်ခြမ်းတို့ဆိုရင် ဌာနတွေမှာ သေချာစစ်ဆေးပါ။ - အမည်ပေါက်ရှိရင် တိုက်ရိုက်ချုပ်ဆိုခွင့်ရအောင် တောင်းဆိုကြည့်ပါ။ - မိသားစုဝင်တွေ အားလုံးသိရှိကြောင်းကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုပါ။ - စာရွတ်စာတမ်းအားလုံး သေချာရင် ကိုယ့်အမည်ပေါက်အဖြစ်မရမချင်း၊ လုပ်ငန်းစဉ် မပြီးမချင်း ရောင်းသူက တာဝန်ယူလိုက်ပါ လုပ်ဆောင်ပေးဖို့၊ - အရှုပ်အရှင်းဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးဖို့ကို စာချုပ်မှာ ထည့်သွင်းချုပ်ဆို သင့်ပါတယ်။
ရောင်းသူ - အရောင်းအဝယ်အေးနေတဲ့ ဈေးကွက်အခြေအနေမှာ အရောင်းအဝယ် မြန်မြန်ဖြစ်ဖို့ဆိုရင် ရောင်းမယ့်အိမ်ရဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်း ပြည့်စုံနေဖို့ လိုအပ်ပါတယ်။ - မပြည့်စုံရင် ကိုယ့်ဘက်က အဆင်ပြေအောင် ညှိုနှိုင်းပေးရပါမယ်။ - ခေါ်ဈေးနဲ့ရောင်းမယ်ဆိုရင် ဝယ်သူနည်းနေတာကြောင့် ဝယ်သူရှိရင် ညှိုနှိုင်းဈေးနဲ့ ရောင်းမှသာ အရောင်းအဝယ် ဖြစ်နိုင်မှာပါ။ -ကိုယ်က မြေကို ခွဲခြမ်းပြီး ရောင်းမယ်ဆိုရင် ကိုယ်တိုင်က နားမလည်ရင် တတ်ကျွမ်းသူနဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်။ - တချို့က မူရင်းပိုင်ရှင်ကနေ အမည်ပေါက် မပြောင်းထားတဲ့အတွက် မူရင်းပိုင်ရှင်နဲ့ ဝယ်သူကပေါင်းပြီး စာချုပ်ချုပ်ဆို သွားနိုင်တာကြောင့်ပါ။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties