By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 15 February 2018
အိမ်မြေတွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်း ဟာ အပြည့်အဝဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းမဟုတ်သလို တရားဝင်ဝယ်ယူခြင်းလည်း မြေ မာက်ပါ ဟု ဥပဒေ ပညာရှင်များက ပြောသည်။ အကြောင်းမှာ -
(၁) စာချုပ်သည် မှတ်ပုံတင်စာချုပ်မဟုတ်၊ အရပ်စာချုပ်သာဖြစ်သည်။
(၂) တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်း ထမ်းဆောင်မထားခြင်း
(၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာ
မှတ်ပုံတင်မထားခြင်း ရုံးမှာ စာချုပ်မရှိခြင်း။
(၄) မြေစာရင်းနှင့် စည်ပင်ဌာနတွင် မိမိအမည်ပြောင်း လျှောက်ထားလို့မရပါ။
မိမိအမည်မပေါက်နိုင်သလို ဂရန်လည်း မရနိုင်ပါ။ (၅) မြေပုံ၊ မြေရာဇဝင်မှာလည်း မိမိအမည်မပေါက်ပါ။
အရပ်စာချုပ်ဖြင့် ဝယ်ယူထားခြင်းကို - တစ်ပိုင်းတစ်စဆောင်ရွက်ခြင်းကို” PART PERFORMANCE ဟုခေါ်သည်။ အပြည့်အ ၀ ဆောင် ရွက်ထားခြင်းမဟုတ်သည့်အတွက် ပိုင်ဆိုင်ခွင့်မရနိုင်သလို တစ်ပိုင်းတစ်စ အခွင့်အရေးသာရနိုင်သည်။ မြေပိုင်ဆိုင်ခွင့်အကြောင်း တရားရုံးမှာ အရေးဆို၍ မရသလို တရားဝင် ဝယ်ယူခဲ့ခြင်း မဟုတ်သည့်အတွက် တရားဝင်ပိုင်ဆိုင်ခွင့် မရနိုင်ပါ။ ပိုင်ဆိုင်ခွင့်ကိုအကြောင်းပြုပြီး အိမ်မြေအပေါ် ကျူးကျော်သူကို နင်ထုတ်လို့မရပါ။
ကိုယ်ကအခြားသူကို တရားဝင် ပြန်လည် ရောင်းချခွင့်မရပါ။ ရောင်းချခဲ့သော် ဝယ်သူသည် တရားဝင်ပိုင်ရှင် မဖြစ်ပါ။
သို့သော် ရောင်းသူက မိမိကို မြေပေါ်မှ နှင်ထုတ်လိုမှု ဖြစ်လာရင် - ချုပ်ဆိုထားသည့် အရပ်ကတိစာချုပ်ကို ရုံးတော်ကိုတင်ပြပြီး (ဒိုင်း) အဖြစ် ခုခံကာကွယ်နိုင်သည့် အတွက် မိမိကို နင်ထုတ်လို့မရပါ။ ထို့ကြောင့် တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းသည် ဓားအဖြစ် ထိုးခုတ်လို့မရပေမယ့် ဒိုင်းအဖြစ်သာ ခုခံကာကွယ်နိုင်သည်။
အိမ်ခြံမြေ ဥပဒေ ပြဌာန်းချက်မှာ ဖော်ပြထားသည်။ Written By : Win Kyaw Kyaw (ShweProperty.com) Photo Credit : Customsnews Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties