By Kumudra, Shweproperty.com
Updated at 7 August 2017
အိမ်ခြံမြေရင်းနှီး မြှုပ်နှံမှုလုပ်ငန်းမှာ ဈေးကွက်ကို နားလည်ကြပြီး ကျွမ်းကျင်တဲ့ အိမ် ခြံမြေ ရင်းနှီးမြှုပ်နှံသူတွေ ကျင့်သုံးတဲ့ နည်းငါးနည်းရှိတယ်လို့ အိမ်ခြံ မြေအကျိုးဆောင်တွေဆီက သိရပါတယ်။
‘အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနဲ့ စီးပွားဖြစ်သူတွေက ဈေးကွက်ကို နားလည်ကြတယ်၊ အသစ်ဆောက်မယ့် စီမံကိန်းတွေကို သိရမယ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သူတို့ရင်းနှီးမြှုပ်နှံမယ့် နယ်မြေဒေသနဲ့ပတ်သက်တဲ့အကြောင်းအ ရာတွေကို သိရမယ်၊ ဒီအချက်တွေ အားလုံးကို သိရှိထားရမှာဖြစ်ပါ တယ်”လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ကျင့်သုံးတဲ့ နည်းငါးနည်းကတော့ (၁) ဒေသတွင်းဈေးနှုန်း၊ (၂) တိုးတက်ပြောင်းလဲမှုကို ရှာဖွေရမယ်၊ (၃) အခွန်သက်သာမယ့် နည်းလမ်းကို ရှာဖွေရမယ်၊ (၃) ပေါင်နှံရောင်းချခြင်းတွေအတွက် သဘောတူမှုရယူပါ၊ (၅) ဆင်ခြေ ဖုံးရပ်ကွက်ကို စောင့်ကြည့်ရမယ် ဆိုတဲ့ အချက်တွေကို ကျင့်သုံးကြတာ ဖြစ်ပါတယ်။
ဒေသတွင်းဈေးနှုန်း
ပထမဆုံးလေ့လာရမှာ က လတ်တလောဈေးနှုန်းအခြေအနေဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနဲ့ ဒေသတစ်ခု အတွင်းရှိ အိမ်ဈေးနှုန်းက တခြား နေရာတွေထက် ပိုပြီး မြင့်တက်နေသလားဆိုတာ စုံစမ်းသင့်ပါ တယ်။ နောက်တစ်ချက်က ဒေသတွင်းရှိ အိမ်ခြံမြေဈေးနှုန်းတွေက တစ်ခြားသောအိမ်နီးချင်းမြို့တွေထက် ပိုပြီးများသလားဆိုတာ စစ်ဆေးရပါမယ်။ အဲသည်လိုစုံစမ်း ခြင်းဟာ ဘယ်နေရာမှာ ဈေးကွက်ဝယ်လိုအား အများဆုံး ဆိုတာ သိရှိ စေနိုင်ပါတယ်။ ဒါ့အပြင် အချိန်ကြာလာတာနဲ့အမျှ ဘယ်အိမ်ဈေးနှုန်းက သင့်တယ်၊ ဘယ်ဈေးနှုန်းက မတန်တဆများတယ်ဆိုတာကိုလည်း သိရှိလာပါတယ်။
တိုးတက်ပြောင်းလဲမှု
တိုးတက်ပြောင်းလဲမှုကို လေ့လာသင့်ပါတယ်။ နယ်မြေဒေသတစ်ခုမှာ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်တာက လူကြိုက်များတဲ့ အရိပ်အခြည်တွေ ဖြစ်ပါတယ်။ အဓိကလမ်းမကြီး ဝန်းကျင်မှာ အဆောက်အအုံတွေ ာ ပြီး ဆောက်လုပ်နေတာတွေက သိသာတဲ့ အရိပ်အခြည်တွေ ဖြစ်တယ်။
နောက်တစ်ချက်က စည်ပင်သာယာရုံးကိုသွားပြီး လမ်းတံတား၊ အဆောက်အအုံဌာနက ဝန်ထမ်းတွေနဲ့ စကားပြောဆိုသင့်ပါတယ်။ သူတို့ဆီက ဆောက်လုပ်မယ့် အဓိက စီမံကိန်းတွေအကြောင်း သိရှိနိုင်ပါတယ်။ ဘာ ကြောင့်လဲဆိုရင် အိမ်ခြံမြေအကျိုး ဆောင်တွေက အသစ်ဆောက်မယ့် စီမံကိန်းတွေအကြောင်း သိရှိထားသင့်တဲ့အတွက် ဖြစ်ပါတယ်။
အခွန်သက်သာမယ့် နည်းလမ်း
အခွန်သက်သာမယ့်နည်း လမ်းတွေရှာဖွေရပါမယ်။ ဘေးချင်းကပ်မြို့နှစ်မြို့မှာ တစ်မြို့က အိမ်ခွန်တွေမြင့်တက်ပြီး အခြား တစ်မြို့က အိမ်ခွန်ပေးဆောင်ရတာ နည်းတယ်ဆိုရင် အိမ်ခွန်ပေးဆောင်ရ တာနည်းတဲ့မြို့က အိမ်အဝယ်လိုက်ပါတယ်။ ဒါကြောင့် အိမ်ခြံ မြေအကျိုး ဆောင်တွေဟာ ဘယ်နေရာက အခွန်စနစ် အကောင်း ဆုံး ဖြစ်တယ်။ ဘယ်နေရာမှာ အခွန်စနစ်က ဆိုးဝါးနေတယ်ဆိုတာလေ့လာသင့်ပါတယ်။
သဘောတူညီမှုရယူပါ
ပေါင်နှံရောင်းချခြင်းတွေအတွက် ကြိုတင်သဘောတူညီမှု ရယူတာက အကျိုးကျေးဇူးတွေ ခံစားရနိုင်ပါတယ်။ ငွေကြေးအကျိုးအမြတ်ကို ခံစားနိုင်မှာဖြစ်ပါတယ်။ အဲသည်လိုပေါင်နှံရောင်းချဖို့ သဘောတူပြီးတာနဲ့ ငွေထုတ်ချေး သူအများစုက ပုံသေအတိုးနှုန်းကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။
ဆင်ခြေဖုံးကို စောင့်ကြည့်ပါ
ဆင်ခြေဖုံးရပ်ကွက်ကို စောင့်ကြည့်သင့်ပါတယ်။ မြို့တော်ကြီးတွေနဲ့ မြို့တွေမှာ အိမ်ခြံမြေဈေး အဆမတန်မြင့်တက်လာတဲ့အခါ မကြာခင်မှာပဲ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အဝယ်လိုက်လာပါမယ်။ အထူးသဖြင့်တော့ ကားလမ်း၊ ရထားဘူတာ၊ ကားမှတ်တိုင် ဆောက်လုပ်မယ့်နေရာတစ်ဝိုက်မှာ ဝယ်လိုအားမြင့်တက်နိုင်ပါ တယ် လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဆီက သိရပါတယ်။
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties