By 7daydaily, Shweproperty.com
Updated at 5 May 2017
အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာဥပဒေကြမ်းကို ယခုနှစ်အတွင်း အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သို့ တင်ပြထားသည်။
အိမ်ခြံမြေဈေးနှုန်း မတည် မငြိမ်နှင့် ရောင်းမှားဝယ်မှား မဖြစ်ပေါ်စေရန် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းက တင်ပြထားသည်။
‘‘အိမ်ခြံမြေတွေမှာ ရောင်းမှားဝယ်မှား မဖြစ်ဖို့၊ ဈေးနှုန်းအတက်အကျကြမ်းတာတွေမဖြစ်ဖို့ ဒီဥပဒေက အထောက်အကူပြုသွားမှာပါ’’ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက ဆိုသည်။
ယခုဥပဒေပြဋ္ဌာန်းဖြစ်ပါက နိုင်ငံတော်က အခွန်အခများအပြည့်အဝရရှိနိုင်၍ အကျိုးဆောင်ခသတ်မှတ်ချက်လုပ်ငန်း အပ်နှံသူနှင့် အကျိုးဆောင်များကြား အငြင်းပွားမှု လျှော့ချနိုင်မည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုသည်။
‘‘ဒီဥပဒေ သတ်မှတ်ဖို့က မြန်မာနိုင်ငံအနေနဲ့ တော်တော် နောက်ကျနေပြီ။ စင်ကာပူတို့၊ မလေးတို့မှာဆို တော်တော်လေး အသုံးတွင်ကျယ်နေပြီ’’ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
အဆိုပါဥပဒေတွင် အိမ်ခြံမြေလောကအတွင်း အကျိုးဆောင်လုပ်ငန်းရှင်များကို စည်းကမ်းနှင့်အညီ ထိန်းသိမ်းကြပ်မတ်မှုများ ပြုလုပ်ရန် ယင်းဥပဒေကို ရေးဆွဲနေသည်။
အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်သည့်အခါ အခွန်ကောက်ခံသည့် တစ်ပေပတ်လည် အိမ်ခြံမြေစံနှုန်းများကို ယခင်နှုန်းထား အတိုင်းသာ ကောက်ခံမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ပြီးနောက် အိမ်ခြံမြေ ဈေးကွက် အနည်းငယ်ပြန်လည်အရောင်းအဝယ် ဖြစ်လာကြောင်း ပြည်တွင်းဈေးကွက်မှ စုံစမ်းသိရသည်။
ယင်းဥပဒေကြမ်းကို မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းက ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးမှသာ ဥပဒေဖြစ်လာမည်ဖြစ်သည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties