By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 26 June 2018
အိမ်ခြံမြေတွေ ရောင်းချတဲ့အခါမျိုးမှာ ရောင်းရခက်နေတာမျိုး အရောင်းအဝယ် ခဏခဏပျက်နေတာမျိုးနဲ့ ကြုံတွေ့ရတက်ပါတယ်။ ဒီလိုကြုံတွေ့လာတဲ့အခါမှာ မြန်မာလူမျိုးအများစုဟာ မြန်မာ့နည်း မြန်မာ့ဟန် ဗေဒင်ပညာအရ ယတြာချေတက်ကြပါတယ်။ ယုံကြည်လို့ပဲဖြစ်ဖြစ် အခုမှ စမ်းလုပ်ကြည့်မယ့်သူတွေအတွက်ပဲ ဖြစ်ဖြစ် လုပ်ရလွယ်ကူပြီး ငွေကုန်ကြေးကျ သက်သာကာ အသုံးတည့်စေမယ့့်် အိမ်ခြံမြေ အမြန် အရောင်းထွက်စေမယ့် ယတြာနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မိမိရောင်းချလိုတဲ့ အိမ်ခြံမြေကို သပြေညွန့် ပရိတ်ရည် စွတ်ကာ ရိုက်ပြီး အမြန်အရောင်းထွက်ပါစေဟု ဆုတောင်းပြီး အိမ်ခြံမြေကို သုံးပတ်ပတ်ကာ အိမ်စောင့်နတ်များကို မေတ္တာပို့၍ ဆုတောင်းပါ။
(၂) မိမိရောင်းလိုတဲ့ အိမ်ခြံမြေရဲ့ နောက်ဖေးပေါက်ကို ယပ်တောင်ဖြင့်ခတ်ကာ အိမ်ခြံမြေအမြန် အရောင်းထွက်စေဖို့ ဆုတောင်း မေတ္တာပို့ပါ။
(၃) မိမိရောင်းလိုသောမြေကို ပန်းကန်လုံးထဲသို့ထည့်ကာ အာလူးသုံးလုံးကိုပါ မြှပ်ထားပါ။ ကြံလက်တစ်ဖြား ဖြတ်၍တင်လိုက်ပါ။ အကျႌအဖြူဝတ်၍ပြုလုပ်ရပါမည်။ ထိုပန်းကန်ထဲသို့ ဆန်တစ်ဆုပ် ပေါက်ပေါက်တစ်ဆုပ် ဆနွမ်းတစ်ဆုပ်ထည့်ပါ။ အာလူးသုံးလုံးပေါ်တွင် ဖယောင်းတိုင် တစ်တိုင်စီထွန်းပါ။ တနင်္ဂနွေသားသမီးဖြစ်ပါက အုန်းညွှန့် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။ တနင်္လာသားသမီးဖြစ်ပါက ကံ့ကော် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။ အင်္ဂါသား ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ ရာဟု သားသမီးများ အားလုံး ထိုနည်းတူ မွေးနံသင့်ပန်းများဖြင့် အသုံးပြုနိုင်သည်။ ဥုံ အောင်စေတု အောင်စေတု အောင်စေတု ဟုရွတ်ဆို၍ ရိုက်ပါ။ အမြန်ဆုံးရောင်းထွက်ရန် ဆုတောင်းပါ။ ကြာသပတေးနေ့တွင် တစ်ကြိမ်တည်း၊ တစ်ဆက်တည်း သာပြုလုပ်ပါ။
(၄) လိမ္မော်ရည်ခွက် (၄)ခွက်၊ ဆေးပေါလိပ် (၄)လိပ်၊ ကွမ်းယာ (၄)ယာကို ထောင့်လေးထောင့်တွင်ထားရမည်။ ထောင့်(၄)၏ အလယ်မှာ စတီးလ်ဗန်းတစ်ချပ်ပေါ်တွင် ရောင်းလိုသော အိမ်ခြံမြေရဲ့မြေအနည်းငယ်၊ ဆန်အနည်းငယ်နှင့် ဆနွင်းအနည်းငယ်ကိုရောထည့်ကာ ဖယောင်းတိုင်း တစ်တိုင်ထွန်းပါ။ သောကြာနေ့ နံနက် ၆နာရီမှာစပြီး ၁၂နာရီမကျော်မှီ ပြုလုပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မဟာပထဝီ ဘူမီနတ်သံ ဤမြေပံသု ဝသုနြေ္ဒနတ်မင်းကြီး အားတိုင်တည်အပ်ပါသည်။ သခင်အသစ်ကိုလက်ခံ၍ သင့်လျှော်သောဈေးဖြင့် လျှင်မြန်စွာ ရောင်းရလိုပါ၏ဟု ဆုတောင်းပါ။ ထိုရောင်း၍ရသော အသပြားမှ အသင့်နတ်မင်းကြီးတကွ သမာဒေဝနတ်မင်းများကို ကောင်းမှုကုသိုလ်ပြုလုပ်ကာ အမျှဝေပါမည်ဟု သစ္စာ အဓိဌာန် ပြုကာ ၃ကြိမ်ရွတ်ဖတ်ရပါမယ်။
ဒီယတြာနည်းလမ်းတွေဟာ ကျွမ်းကျင်တဲ့ ဗေဒင်ဆရာသမားတွေရဲ့ ယတြာနည်းလမ်းတွေ ဖြစ်တာကြောင့် မိမိရောင်းချလိုတဲ့အိမ်ကို အမြန်ဆုံးအရောင်းထွက်စေဖို့ စိတ်ချယုံကြည်စွာ လိုက်နာလုပ်ဆောင်နိုင်ပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Lilylaesotericadelamor
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties