By Kumudra, Shweproperty.com
Updated at 18 June 2018
အပျောက်စနစ်နဲ့ဝယ်ယူထားတာမဟုတ်ဘဲ လစဉ်အိမ်လခပေးတဲ့စနစ်နဲ့ စပေါ်ငွေတင်ပြီး အိမ်လခပေးငှားရမ်းတဲ့အဆောက်အအုံတွေကို အိမ်ရှင်သဘောမတူဘဲ ပြင်ဆင်တာတွေ၊ ထပ်မံငှားရမ်းတာတွေပြုလုပ်လို့ မရပါဘူး။
တိုက်ခန်းတွေမှာ အိမ်ခန်းဖွဲ့ပြင်ဆင်တာတွေထက်ပိုပြီး ထပ်ခိုးတပ်ဆင်တဲ့ကိစ္စတွေဟာ ဥပဒေမဲ့ဆောင်ရွက်ချက်ဖြစ်ပါတယ်။ အချို့တိုက်ခန်းအောက်ထပ်တွေမှာ မြို့တော်စည် ပင်သာယာရေးကော်မတီထံ လူနေခွင့်လျှောက်ထားတဲ့အခါ တိုက်ခန်းထပ်ခိုးမပါဘဲ မူလအိမ်ပုံစံအတိုင်းလျှောက်ကြပါတယ်။ လူနေခွင့်လက်မှတ်ရမှ မှန်ခန်းထပ်ဖွဲ့ပြီးတစ်ထပ် ဆောင်ရွက်တာတွေရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် သက်ဆိုင်တဲ့ ပုဒ်မအရပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ (၁၀၈) ပိုဒ်ခွဲ(တ)မှာ အငှားချထားသူ အိမ်ရှင်ရဲ့သဘော တူညီချက်မရှိဘဲ ငှားရမ်းနေထိုင်သူတွေအနေနဲ့ အငှားချထားတဲ့ ပစ္စည်းအပေါ်မှာအမြဲတမ်းအဆောက်အအုံမဆောက်လုပ်ရလို့ ပြဋ္ဌာန်းထားတာတွေရှိတယ်လို့သိရပါတယ်။
တကယ်လို့ အိမ်ငှားက တာဝန်ဖောက်ဖျက်ရင် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဥပဒေ (၁၂) (၁) (က) အရ အိမ်ငှားတာဝန်ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုနှင်ချပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် အိမ်ရှင်သဘောတူချက်မရှိဘဲ ထပ်ခိုးဆောက်လုပ်တာဟာလည်း အိမ်ငှားတာဝန်ဖောက်ဖျက်တာကြောင့် အိမ်ရှင်မှာ အိမ်ငှားကိုမြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၂ (၁) (က)အရနဲ့ နှင်ထုတ်ခွင့်ရှိပါတယ်။
သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီရဲ့ခွင့်ပြုချက် လေ ျှာက်ထားရင်(မြေရှင်) (အိမ်ရှင်)ရဲ့ သဘောတူညီချက်တွေရှိရမှာဖြစ်ပြီး အပြန်အလှန်နားလည်မှုတွေလိုအပ်ပါတယ်။
Ref : Kumudra
Photo Credit : Youtube
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties