By မြန်မာ့ရိုးရာ ဗေဒင်ပညာရပ် (FB), Shweproperty.com
Updated at 27 December 2019
မိတ်ဆွေတွေ အိုးပိုင်အိမ်ပိုင်နဲ့ နေလိုတယ်လို့ လာလာပြောကြတာရှိတယ်။ အဲလိုလာပြောရင်တော့ အောက်ကယတြာတွေကိုလုပ်ခိုင်းလိုက်တယ်။ အောက်ပါအတိုင်းလည်းလုပ် ကိုယ်တိုင်လည်း လုံ့လစိုက်ပေးပေါ့ဗျာ။
နံပါတ်(၁)ယတြာကတော့ အုန်းသီးခွံနှင့် စာကလေးအိမ် ဆောက်လုပ်ရမယ်။ အပြင်ကတော့ အုန်းဆံကြိုးနှင့် ချဉ်ပြီး အိမ် တံစက်မြိတ်မှာ တွဲလောင် ချဉ်ထားဗျာ။ နေ့တိုင်းတော့ အဲဒီငှက်အိမ်လေးတွေမှာ နေကြတဲ့ ငှက်ကလေးတွေကို အစာကျွေး။အစာကျွေးရင်းနဲ့ ကျွန်ုပ် သည်လည်း အိုးပိုင်အိမ်ပိုင်နှင့် အမြန်နေနိုင်ရပါစေလို့ ဆုတောင်းပေတော့။ ဒါ နံပါတ်(၁) ယတြာပဲ။
နံပါတ်(၂)ယတြာက ညောင်ပင်ကြီးကြီး တစ်ပင်ကို ရှာ၊အဲဒီ ညောင်ပင် မှာသွားပြီး သန့်ရှင်းရေးတွေ ဘာတွေလုပ်။ ပြီးရင် နောက်နေ့ကျရင် အဲဒီညောင်ပင်ကြီးမှာ ရုက္ခဇိုးစင် သွားလှူရမယ်။ လှူတဲ့ ရုက္ခဇိုးစင်မှာလဲ မကြာမကြာသွားပြီး ကောက်ညှင်းပေါင်းတို့ ဖယောင်းတိုင်တို့ အမွှေးတိုင်တို့ ပန်းတို့ တတ်နိုင်သလောက် သွားလှူပြီးရင် ရုက္ခဇိုးနတ်မင်းဆီမှာ အိုးပိုင် အိမ်ပိုင် တစ်လုံးနဲ့ အမြန်နေရပါလို၏လို့ ဆုတောင်းရမယ်။ နောက်အောက်က ဂါထာကို ၃၇ ခေါက် နေ့စဉ်ရွတ်ပေး...
ရုက္ခဇိုးဂါထာတော် အာကာသဋ္ဌာန ဘူမဋ္ဌာစ ရုက္ခဋ္ဌာစ မဟိဒ္ဓိကာ။ ဣဒ္ဓိမန္တော စ ယေ ဒေဝါ။ မံ ပါပေတု ပတိစ္ဆိတံ။
အားလုံးလည်း ကိုယ်ပိုင်အိုးအိမ်များနဲ့ အဆင်ပြေစွာ နေထိုင်နိုင်ကြပါစေကြောင်း။
Ref : မြန်မာ့ရိုးရာ ဗေဒင်ပညာရပ် (FB)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties