By Myanmar Property News, Shweproperty.com
Updated at 26 November 2017
အရောင်းစာရေးများအတွက် ကျင့်ဝတ်ဆိုသည်မှာ ဝယ်ယူသုံးစွဲသူ(သို့မဟုတ်) customer များနှင့်ထိတွေ့ ဆက်ဆံရသော အခါတွင် ဂရုတစိုက် ပြုမှုဆောင်ရွက်သင့်သော အရည်အသွေးကို ဆိုလိုခြင်းဖြစ်ပါသည်။တခါတရံတွင် ရောင်းသူများဘက်မှ အမျိုးမျိုးသော ဖိအားများကြောင့် အရောင်းစာရေးများအနေဖြင့် လိုက်နာရမည့် ကျင့်ဝတ်တာဝန်များကိုလွဲချော် သွားတတ်ပါသည်။ ထိုကဲ့သို့ လွဲချော်ခြင်းမဖြစ်ရအောင် ရောင်းချသူများဘက်မှ လိုက်နာရမည့် တာဝန်(၉) ချက်ကို တင်ပြအပ်ပါသည်။
၁။ မိမိရောင်းချမည့် အိမ်မြေယာများ အရှုပ်အရှင်းကင်းရှင်းရပါမည်။ အဆိုပါ အိမ်မြေကို ပိုင်ဆိုင်သူဖြစ်ပြီး ရောင်းချပိုင်ခွင့်ရှိရသူလည်းဖြစ်ရပါမည်။
၂။ မိမိရောင်းချမည့် အိမ်၊ ခြံ၊ မြေ တွင် ချို့ယွင်းချက် ရှိ/မရှိ ကို ပြောပြရမည်။
၃။ ရောင်းချမည့်အိမ်မြေနဲ့ သက်ဆိုင်တဲ့ မူရင်းစာရွက်စာတမ်းများ စုံလင်စွာ ပြသနိုင်ရမည်။
၄။ ရောင်းချမည့်အိမ်မြေနဲ့ ပတ်သက်၍ သေချာစွာ နားလည်နေရမည်ဖြစ်ပြီး သိလိုသမျှ မေးမြန်းလာပါကလည်း သေချာစွာ ပြောပြ ပေးနိုင်ရမည်။
၅။ စရံရယူထားစဉ်တွင်လည်း အဆိုပါ အိမ်မြေကို ကောင်းစွာစောင့်ရှောက်ပေးရမည်။
၆။ အရောင်းအဝယ်ပြီးဆုံးချိန်မှာ ပစ္စည်းအကုန်လွှဲပေးရမည်။
၇။ ငွေအပြည့်မချေသေးသော်လည်း လွှဲပေးနိုင် မည်ဖြစ်ပြီး ကျန်ငွေပေါ်တွင် အတိုးတောင်းပိုင်ခွင့်ရှိသည်။
၈။ ရောင်းသူအနေဖြင့် လွှဲပြောင်းသည့်နေ့အထိ အခွန်အခများ ဆောင်ပေးရမည်။
၉။ ဝယ်သူသည် (၂) ဦး / (၃) ဦးစပ်ဝယ်သည်ဆိုပါက ငွေအများဆုံးပေးချေသူသို့ စာရွက်စာတမ်းများအပ်နှံ ရမည်ဖြစ်ပါသည်။
Ref : Myanmar Property News
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties