By Saint Sandi Htet (ShweProperty.com), Shweproperty.com
Updated at 24 May 2018
ArtScience Museum ဟာ စင်ကာပူနိုင်ငံရဲ့ အချက်အချာနေရာမှာရှိသလို မြို့လယ်ခေါင်ဖြစ်တဲ့ Marina Bay Sands Resort ဧရိယာအတွင်းမှာလည်း တည်ရှိပါတယ်။အနုပညာနဲ့ သိပ္ပံပညာတို့ ဆုံတွေ့တဲ့နေရာလို့ တင်စားရတဲ့ ArtScience Museum ဟာ ကမ္ဘာ့ပထမဆုံး ArtScience Museum ဖြစ်ပြီး ၂၀၁၁ခုနှစ် ဖေဖေါ်ဝါရီလ၊ ၁၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဒီအဆောက်အအုံက ပြခန်းတွေထဲ သဘာဝအလင်းရောင်ရရှိအောင် ပြတင်းပေါက်တွေ တည်ဆောက်ပေးထားပြီး အဆောက်အအုံရဲ့ အောက်ခြေမှာ မိုးရေစုဆောင်းဖို့ “Reflection Pond” လို့ခေါ်တဲ့ ရေကန်လေးတွေကို ထည့်သွင်းတည်ဆောက်ထားပါတယ်။
ဒီရေကန်ထဲက ရေတွေကို Bathroom Use အတွက် ပြန်လည်အသုံးချပါတယ်။ အဆောက်အအုံရဲ့ ဘေးပတ်ပတ်လည်ကို ကြာပန်းတွေနဲ့ ပြည့်နှက်နေတဲ့ ရေကန်နဲ့ ဝန်းရံထားပြီး ညဘက်မှာတော့ အဆောက်အအုံရဲ့ အလင်းရောင်တွေက ကောင်းကင်သို့ ဖြာထွက်နေတဲ့ပုံစံက ကမ္ဘာမြေနဲ့ ကောင်းကင်ကြားမှာ ဆက်သွယ်မှုတစ်ခုရှိနေတဲ့ ပုံစံတစ်ခုကို ပြုလုပ်ဖန်တီးထားခြင်း ဖြစ်ပါတယ်။
ArtScience Museum က သက်ဆိုင်ရာနယ်ပယ်အလိုက် ပြခန်း (၂၁)ခန်းသာ ခွင့်ပြုထားသော်လဲ ပြပွဲကျင်းပတဲ့အပေါ် မူတည်ပြီး ပြခန်းတွေ တိုးချဲ့ပြသမှုတွေလည်း ရှိပါတယ်။ArtScience Museum ဟာ ကမ္ဘာ့အဆင့်မီ ပြပွဲတွေ ကျင်းပတဲ့ နေရာတစ်ခုဖြစ်သလို ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပုံစံနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့ပထမဆုံး ArtScience Museum တစ်ခုလည်းဖြစ်ပါတယ်။ArtScience Museum ဟာ အထပ်ပေါင်း သုံးထပ်ပါရှိပြီး ပြခန်းပေါင်း (၂၁)ခန်းပါဝင်ကာ ကြမ်းခင်းဧရိယာက (50000)Sqft လောက်ကျယ်ဝန်းပါတယ်။
Written By : Saint Sandi Htet (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties