By Kyi Soe (IC), Shweproperty.com
Updated at 10 August 2015
အဆောက်အအုံပြင်လို.ကတော့ ဘယ်လောက်သေးသေးဖွဲ.ဖွဲ.ပြင်ပါစေ။ မြို.တော်စည်ပင်ဥပဒေနှင့် မကင်းနိုင်ပါ။
ဒါကြောင့် အသေးစားပြင်ဆင်လျှင်လည်း မြို.နယ်စည်ပင်ကို ခွင့်ပြုချက်တောင်းပါ။
အိမ်ပုံစံမပြောင်းပဲ၊ အိမ်အတွင်းပိုင်းမှာ ရှိကြတဲ့ မူလပစ္စည်းတွေကို အစားထိုးလဲလှယ်ပြင်ဆင်ခြင်းကို အသေးစား ပြင်ဆင်ခြင်းလို. ပြောတာပါ။
ကိုယ်ပြုပြင်မည့် အိမ်ဆောက်ပစ္စည်းတို.ကို မူလအရွယ်အစားအား ပြောင်းလဲခြင်းပြုခွင့် မရှိပါ။ မူလပစ္စည်းများလည်း ပြောင်းလဲခွင့်မရှိပါ။ မူလပစ္စည်းနှင့် အလားတူဖြင့်သာ အစားထိုးပြုပြင်ခြင်း ပြုလုုပ်ခွင့်ရှိပါသည်။
အသေးစားပြင်ဆင်ရန် မြို.နယ်စည်ပင်သာယာရေးကော်မတီက ခွင့်ပြုချက်ပေးနိုင်သည်ဖြစ်သော်လည်း၊ လူမြင်ကွင်းရှိ အဆောက်အအုံများကို ပြင်ဆင်ရမည်ဖြစ်ပါက မြို.နယ်၏မှတ်ချက်ဖြင့် အင်ဂျင်နီယာ(အဆောက်အအုံ)သို. ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ပါသည်။
ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီ၏ အမိန်. ၉/၉၉ အပိုဒ်-၂(ဆ)တွင် အတိအကျဖော်ပြထားသည်ဖြစ်ပြီး ထိုသို. ပြင်ဆင်ခြင်းအတွက် အဆောက်အအုံပိုင်ရှင်(သို.)မြေရှင်(သို.)ကိုယ်စားလှယ်တို.မှ ခွင့်ပြုချက် တောင်းခံနိုင်ပါသည်။
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties