By Myanmar Builders Guide, Shweproperty.com
Updated at 11 August 2018
လူဦးရေ ထူထပ်လှသော ရန်ကုန်မြို့တော်ကြီးတွင် သင့်တင့်မျှတပြီး အဆင့်အတန်းမြင့်သည့် လူနေတိုက်ခန်းများစွာဆောက်လုပ် ရောင်းချပေးနေပြီဖြစ်သည်။အလွှာအသီးသီးမှ လူတန်းစားမျိုးစုံတို့သည် ကိုယ်ပိုင်အိမ်နှင့် နေနိုင်ရေးတွင် ဘဝ ပန်းတိုင်တစ်ခုလည်းဖြစ်ပါတယ်။ရန်ကုန်မြို့ကြီးတွင် အိမ် ဘယ်လို ဝယ်ယူနိုင်မလဲ ဆိုသည့် အချက်များအား ဖော်ပြပေးချင်ပါတယ်။
(၁) ဝင်ငွေထွက်ငွေကို အရင်စီစစ်ပါ
ဝန်ထမ်းဝင်ငွေနှင့် ကိုယ်ပိုင် တိုက်ခန်းဝယ်ယူရန်စီစဉ်ထားခဲ့သူများအနေဖြင့် မိသားစုတွင်း တလစာ ဝင်ငွေ၊ထွက်ငွေနှင့် တစ်နှစ်စာ ဝင်ငွေနှင့် ထွက်ငွေကို စီစစ်တွက်ချက်ရမည်ဖြစ်ပါတယ်။ ဒီလိုတွက်ချက်မှသာ မိမိတို့ အသားတင်ဝင်ငွေ သိရှိနိုင်မှာဖြစ်ပြီး ဝယ်ယူရန် စီစဉ်ထားသည့် တိုက်ခန်း တန်ဖိုးအား ပေးချေနိုင်ခြင်း ရှိမရှိ သိနိုင်မည်ဖြစ်သည်။
(၂)ထွက်ငွေကို အနည်းဆုံးထိ လျှော့ချခြင်း
အသားတင်ဝင်ငွေနှင့် ဝယ်ယူလိုသည့် တိုက်ခန်းတန်ဖိုးကို သိရှိပြီးဖြစ်ပါက မိသားစုအတွင်း မလိုအပ်သည့် အခြားသော အပိုအသုံးစရိတ်များကို လျှော့ချနိုင်အောင် ကြိုးစားရမည်ဖြစ်ပါတယ်။ဥပမာလျော့ချရမည်ထွက်ငွေများမှာ------
(၁)ဖုန်းဘေလ်စရိတ်
(၂)ခရီးသွားစရိတ်များ
(၃)သရေစာစားရိတ်များ
(၄)အပိုအဝတ်အစားဝယ်ယူခြင်းများ အစရှိသော ထွက်ငွေများဖြစ်ပါတယ်။
(၃)ဝယ်ယူမည့် တိုက်ခန်းအတွက် အရစ်ကျစနစ်များ စုံစမ်းလေ့လာထားခြင်း
ဝယ်ယူရန်စဉ်းစားထားပြီဆိုပါက ဦးစွာအရစ်ကျစနစ်နှင့် ဝယ်ယူနိုင်ရန် မည်သည့်ပုံစံဖြင့် ချေးငွေများ လျှောက်ထားနိုင်မည်ကို စုံစမ်းလေ့လာရမည်ဖြစ်ပါတယ်။မည်သည့် ဘဏ်နှင့် ချိတ်ဆက်ဝယ်ယူရမည်ကို လေ့လာရမည်ဖြစ်ပြီး ပေးချေရမည့် စနစ်၏ ခိုင်မာမှုနှင့် မိမိပေးချေနိုင်မည့် ပမာဏကို ပေးနိုင်ဖွယ် ရှိမရှိ တွက်ချက်ရမည်ဖြစ်ပါတယ်။
(၄)စရံငွေအတွက် ကြိုတင်ငွေစုထားခြင်း
ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူမည်ဟု စိတ်ကူးရှိပါက စရံငွေ အတွက်သာပေးချေရမည်ဖြစ်သောကြောင့် တိုက်ခန်းတန်ဖိုး၏ ၂ဝ ရာခိုင်နှုန်း ကိုသာကြိုတင်ငွေစုထားရန်ဖြစ်ပါတယ်။ဒီလိုငွေကြိုစုထားမှသာလျှင် ပရိုမိုးရှင်းနှင့် အခြားသော အထူးအစီအစဉ်များနှင့် ကြုံကြိုက်သည့်အခါ တခါတည်းစာရင်းပေးဝယ်ယူနိုင်မည်ဖြစ်ပါတယ်။ဒီလိုအချက်တွေကို သတိပြုပြင်ဆင်ထားပြီးပြီဆိုပါက ကိုယ်ပိုင်တိုက်ခန်းတစ်ခုကို ဝယ်ယူနိုင်ရန် အသင့်အနေအထား ရှိနေမှာဖြစ်ပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties