By Shwe Kyaw, Shweproperty.com
Updated at 15 May 2020
မြို့ပြတစ်ခုတည်ဆောက်တဲ့အခါ နိုင်ငံတကာက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အညီတည်ဆောက်မှသာ အများပြုသူအတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ် ။
ကောင်းမွန်တဲ့ မြို့ပြဖွဲ့စည်းပုံတစ်ခုဟာ အများပြည်သူရဲ့ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ကို အထောက်အကူဖြစ်စေပါတယ်။
မြို့ပြတစ်ခုမှာ Green Area ၊ လမ်းနေရာ ၊ စားသောက်ဆိုင် ဧရိယာ နဲ့ လူနေဧရိယာ စတဲ့ဧရိယာတွေကို အချိုးကျကျ စနစ်တကျသတ်မှတ်ပြီး မြို့ပြတစ်ခု တည်ဆောက်မှသာ အများပြည်သူအတွက် အကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ်။
မြို့ပြတည်ဆောက်တဲ့အခါ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိပါတယ်။
အဲဒါတွေက ဘာတွေလဲ?
ဧက (၁၀၀) မှာ လူနေရပ်ဝန်းတစ်ခုတည်ဆောက်မယ် ဆိုရင်
၁။ လူနေထိုင်အဆော်အအုံတည်ဆောက်ဖု့ိ ဧက (၂၀) ရှိရပါတယ်။
၂။ သစ်တော ၊ ပန်းခြံ ၊ ရေကန် ၊ အားကစားလုပ်ဖို့နေရာ စတဲ့ Green Area အတွက် ဧက (၃၀) ထားရပါမယ်။
၃။ ဧက (၂၀) ကို လမ်းမြေအဖြစ်ထားရပါတယ်။
၄။ ကျန် ဧက (၃၀) ကို စားသောက်ဆိုင်တွေ ၊ မီနီမတ်တွေအဖြစ်ထားရမယ်လို့ စံနှုန်းသတ်မှတ်ထားပါတယ်။
ဒီအချက်တွေကို လိုက်နာပြီး မြို့ပြတည်ဆောက်မှသာ အများပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties