By Social Media, Shweproperty.com
Updated at 17 January 2019
"ရှေးထုံးကိုလဲ မပယ်နဲ့ ...ဈေးသုံးလဲ မလွယ်နဲ့ " ဆိုသလိုပဲ အိမ်ဆောက်တဲ့အခါမှာ ပရိဘောဂ ပစ္စည်းထားတဲ့နေရာမှာ မြန်မာအယူတွေကိုလဲ မပယ်သင့်သလို ဗဟုသုတရစေမဲ့ ဖုန်းရွှေနည်းပညာတွေ ကို သိသလောက်မျှဝေပေးလိုက်ပါတယ်။
အိမ်တစ်အိမ်မှာ အရေးအပါဆုံးနေရာကို ပြပါဆိုရင် 'ဧည့်ခန်း' ကိုပြရမှာပါ။
'ဧည့့်ခန်း' ဟာအိမ်ရှင်၊အိမ်ထောင်ဦးစီးရဲ့ သြဇာအာဏာအရှိန်အဝါတည်ရာအရပ်ပါပဲ။ 'ဖုန်းရွှေ'မှာ 'ဧည့်ခန်း' ကိုအိမ်ထောင်ဦးစီးရဲ့ 'ရာဇပလ္လင်' လို့တောင် ခေါ်ဝေါ်သုံးစွဲတယ်။ 'ဧည့်ခန်း' နဲ့ပတ်သက်ပြီ ငိထားရမယ့် နေရာကြီးသုံးနေရာရှိတယ်။
(က) နဂါးနေရာ (Dragon Seats) (ခ) ရွှေဧည့်သည်နေရာ (Honoured Guest Seats) (ဂ) ဝါးပင်ကိုင်းတဲ့နေရာ (Bending Bamboo Deats) ဆိုပြီး အရေးကြီးတဲ့နေရာသုံးနေရာကို 'ဖုန်းရွှေ' မှာသတ်မှတ်ပေးထားတယ်။
'နဂါးနေရာ' (Dragon Seats) ဆိုတာ ‘အိမ်တံခါးမကြီး' (Main Door) ကိုကောင်းစွာ လှမ်းပြီးမြင်နိုင်တဲ့ အဲ့ဒီ 'အိမ်တံခါးမကြီး' (Main Door) ရဲ့ ဓားလွယ်ခုတ်နေရာကို ခေါ်တာပါ။အဲ့ဒီနေရာမှာ...ကုလားထိုင်(ဆက်တီ) ရှိမယ်။ အဲ့ဒီ ကုလားထိုင်(ဆက်တီ) ကိုလည်း 'နဂါးနေရာ'(Dragon Seats) လို့ခေါ်ရမယ်။
'ဧည့်ခန်း' မှာ 'နဂါးနေရာ' (Dragon Seats) ဟာ အရေးအပါဆုံးပါပဲ။ အိမ်ထောင်ဦးစီးဟာ အဲ့ဒီ 'နဂါးနေရာ' (Dragon Seats) နေရာ .,ကုလားထိုင်(ဆက်တီ) မှာ အမြဲနေရာယူပြီးထိုင်ရမယ်။
ဒါမှ အိမ်ထောင်ဦးစီးဟာ ကျက်သရေမင်္ဂလာတိုးဝေဖြာပြီး မိမိရဲ့မိသားစု အိမ်သူအိမ်သားတွေအပေါ်မှာ ကောင်းစွာစီမံအုပ်ချုပ်နိုင်မယ်။ သြဇာညောင်းမယ်။အိမ်သူအိမ်သားတွေပဲဖြစ်ဖြစ်...ဧည့်သည်တွေနဲ့ပဲဖြစ်ဖြစ် အခြေအတင်ပြောဆိုဆွေးနွေး တိုင်ပင်ညှိနိုင်းစရာ ပြသနာတွေ၊ကိစ္စတွေရှိနေခဲ့ရင် အိမ်ထောင်ဦးစီးက 'နဂါးနေရာ' (Dragon Seats) နေရာ... ကုလားထိုင်(ဆက်တီ) မှာ နေရာယူထိုင်ပြီး ဆွေးနွေးပါ။ တိုင်ပင်ပါ။ ညှိနိုင်းပါ။ အိမ်ထောင်ဦးစီးကပဲ အနိုင်ရမှာ... အသာစီးရမှာ ကြိမ်းသေမုချပါပဲ။
'ဧည်ခန်း' ထဲက ရှိသမျှနေရာတွေအားလုံးမှာ 'နဂါးနေရာ' (Dragon Seats)နေရာကတော့ တန်ခိုးအာဏာအရှိဆုံးနေရာပါ။ အဲ့ဒါကြောင့် ' နဂါးနေရာ' (Dragon Seats) နေရာကိုဧည်ခန်းထဲမှာ အရေးအပါဆုံးနေရာလို့ပြောတာပါ။
အဲ့ဒီ 'နဂါးနေရာ' (Dragon Seats) မှာရှိတဲ့ ကုလားထိုင် (ဆက်တီ) ကထိုင်ပြီး ကြည့်လိုက်ရင်' အိမ်တံခါးမကြီး' (Main Door) ကိုစီးပြီး မြင်နေရတယ်။ ဧည်ခန်းတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့ မြင်ကွင်းနေရာပါ။
တကယ်လို့များ 'အိမ်တံခါးမကြီး' (Main Door) က နှစ်ခုဖြစ်နေခဲ့ရင်...အဲ့ဒီနှစ်ခုစလုံးကိုပါလှမ်းပြီး မြင်နိုင်တဲ့နေရာဖြစ်ရမယ်။'အိမ်တံခါးမကြီး' (Main Door) ကနှစ်ခုဖြစ်နေခဲ့ရင်...အဲ့ဒီနှစ်ခုလုံးကိုပါလှမ်းပြီး မြင်နိုင်တဲ့နေရာဖြစ်ရမယ်။
အိမ်တံခါးမကြီး' (Main Door) က နှစ်ခုရှိပေမယ့်... တစ်ခုကပိတ်ထားရင် ဖွင့်ထားတဲ့တံခါးကိုစီးပြီး မြင်ရတဲ့ ဓါးလွယ်ခုတ်နေရာကို အိမ်ထောင်ဦးစီးရဲ့ 'ရာဇပလ္လင်' လိုု့ခေါ်ဆိုတယ်လို့ ပြောခဲ့ပြီးပြီ။ အဲ့ဒီ အိမ်ထောင်ဦးစီးရဲ့ 'ရာဇပလ္လင်' ဟာ'နဂါးနေရာ' (Dragon Seats) နေရာဘဲလို့ မှတ်ထားပါ။
'ရွှေဧည်သည်နေရာ' (Honoured Guest Seats) ကလည်း 'အိမ်တံခါးမကြီး' (Main Door) ကိုမြင်နိုင်တဲ့ နေရာပါပဲ။ ဒါပေမဲ့... 'နဂါးနေရာ' (DDragon Seats) နေရာလိုတော့... 'အိမ်တံခါးမကြီး(Main Door) ကိုစီးပြီးမမြင်ရဘူး။
အဲ့ဒါကြေင့်' နဂါးနေရာ' (Dragon Seats) လောက်တော့ သြဇာအာဏာအရှိန်အဝါမရှိဘူး။ဒါပေမယ့်... အဲ့ဒီ' ရွှေဧည့်သည်နေရာ' ((Honoured Guest Seats) နေရာမှာ ဧည့်ကောင်းဆောင်ကောင်းတွေကို ပေထိုင်ရမယ့်' ကုလားထိုင်' (ဆက်တီ) ထားရမယ်။
အိမ်ရှင်...အိမ်ထောင်ဦးစီးက လေးစားတဲ့ ပုဂ္ဂိုလ်တွေ၊ ဆရာသမားတွေ၊ ုဏ်သရေရှိသူတွေ၊ လာဘ်လာဘတွေ ယူဆောင်လာတဲ့ ဧည့်သည်တွေအတွက် အိမ်ထောင်ဦးစီးက သတ်မှတ်ပေးထားတဲ့နေရာဟာ 'ရွှေဧည့်သည်နေရာ' (Honoured Guest Seats, H.S) နေရာပဲ ဖြစ်သင့်တယ်။ ဒီနေရာမှာ ရွှေဧည့်သည်တွေအတွက် 'ကုလားထိုင်' (ဆက်တီ) ကို ထားပေးပါ။
'ဝါးပင်ကိုင်းတဲ့နေရာ' (Bending Bamboo Seats B.S) နေရာကတော့ ဧည့်ခန်းထဲမှာရှိတဲ့ 'အိမ်တံခါးမကြီး'(MainDoor) ကို မမြင်နိုင်တဲ့ နေရာအားလုံးပါပဲ။အဲ့ဒီ 'ဝါးပင်ကိုင်းနေရာ' (Banding Bamboo Seats) မှာရှိတဲ့ 'ကုလားထိုင်' (ဆက်တီ) မှာ ထိုင်ရမယ့်သူတွေဟာ အိမ်ထောင်ဦးစီးရဲ့ တူ၊ တူမ၊ ဆွေမျိုး၊ ညီအစ်ငိုမောင်နှမ အောက်လက်ငယ်သားတွေ၊ သားသမီးတွေ၊ တပည့်တွေပဲ ဖြစ်သင့်တယ်။
အဲ့ဒီ' ဝါးပင်ကိုင်းတဲ့နေရာ' (Bending Bamboo Seats) နေရာက'ကုလားထိုင်' (ဆက်တီ) မှာ ထိုင်တဲ့သူတွေဟာ 'နဂါးနေရာ' (Dragon Seats) နေရာက 'ကုလားထိုင်' (ဆက်တီ) မှာ ထိုင်တဲ့ အိမ်ထောင်ဦးစီးကို ဝါးပင်ကိုင်းသလို ဦးညွှတ်ရလိမ့်မယ်။
'ဧည့်ခန်း' ထဲမှာ သတိထားရမှာက ကုလားထိုင် (ဆက်တီ) တွေကို အင်္ဂလိပ်အက္ခရာ (L) ပုံ ခင်းကျင်းပြသထားရင် 'ဖုန်းရွှေ' မှာ လုံးဝ ခွင့်မပြုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ 'ဧည့်ခန်း' ဟာ အိပ်ခန်းတစ်ခန်းနဲ့ ကပ်လျက်ရှိနေမယ်။ ပြီးတော့ နံရံတစ်ချပ်လောက်ပဲ ခြားနေခဲ့ပြီး ကုလားထိုင် (ဆက်တီ) ထောင့်စွန်းက အိပ်ခန်းထဲက ကုတင်ကို ဦးတိုက်နေလို့ကတော့ ကုတင်ပေါ်မှာ အိပ်တဲ့သူ ကျန်းမာရေးထိခိုက်လိမ့်မယ်။ အိပ်မပျော်တဲ့ရောဂါရပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းသွားနိုင်တာကြောင့် ဖုန်းရွှေ မှာ ခွင့်မပြုပါဘူး။
Ref : Social Media
Photo Credit : Mapio
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties