By Sint Sint, Shweproperty.com
Updated at 13 November 2020
ကံဆိုတာအလုပ်ပါ။ ကိုယ်ပြုတဲ့အတိုင်း ကိုယ်ပြန်ရတတ်ပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ ကိုယ်မမြင်နိုင်တဲ့စွမ်းအင်တချို့က ကိုယ့်ကိုကံကောင်းအောင်၊ ကံဆိုးအောင်ပြုလုပ်နိုင်ပါတယ်။
မိသားစုလိုက်ကျန်းမာရေးချူချာနေတာတွေ၊ ဘာလုပ်လုပ်အဆင်မပြေဘဲအထစ်အငေါ့လေးတွေအမြဲကြုံရတာတွေနဲ့ တခြားသော ကံဆိုးခြင်းတွေ မဖြစ်ရလေအောင် အိမ်ထဲမှာ ဒီအချက်တွေမဖြစ်အောင်သတိထားပါနော်.....
(၁) အိမ်ထဲမှာ ကြည့်မှန်တွေအများကြီးထားခြင်း
အိမ်တစ်အိမ်မှာ မှန်အကြီးကြီးတစ်ချပ်နှစ်ချပ်ထားတာမျိုး၊ နံရံအပြည့်ကြည့်မှန်ကပ်ထားတာမျိုးက ဘာပြဿနာမှမရှိပါဘူး။ ဒါပေမယ့် အိမ်တစ်အိမ်ထဲမှာ ကြည့်မှန်တွေ အချပ်ရေများများရှိနေခြင်းက အဲ့ဒီအိမ်မှာနေသူတွေရဲ့ ငွေကြေးကံမကောင်းခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် မှန်တွေအများကြီးရှိနေရင် အမြန်ဆုံးရှင်းထုတ်လိုက်ပါ။
(၂) နံရံအက်ကွဲကြောင်းများကိုမပြုပြင်ခြင်း
အိမ်နံရံမှာ အက်ကွဲကြောင်းတွေထင်ထင်ရှားရှားဖြစ်နေခြင်းက အဲ့ဒီအိမ်ထဲမှာနေထိုင်သူတွေကို ကျန်းမာရေးချို့ယွင်းစေတာ၊ မတော်တဆမှုဖြစ်စေတာမျိုးဖြစ်နိုင်တာကြောင့် နံရံအက်ကွဲကြောင်းတွေဖြစ်နေရင် ပြန်လည်ပြုပြင်တာ၊ ဆေးပြန်သုတ်တာတွေလုပ်ပေးသင့်ပါတယ်။
(၃) တံခါးမကြီးကွဲအက်နေခြင်း
ရှေးခေတ်အယူအဆမှာ အိမ်ရဲ့တံခါးမကြီးကွဲအက်နေတဲ့အခါ ကံကောင်းခြင်းတွေဝင်ရောက်မလာတော့ဘဲ တံခါးဝကနေလှည့်ပြန်သွားတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ကံကောင်းခြင်းတွေအိမ်ထဲဝင်လာစေချင်ရင် အိမ်တံခါးမကြီးကွဲအက်နေတာမျိုးမဖြစ်ပါစေနဲ့။
(၄) ထမင်းအိုး၊ဟင်းအိုး၊ပန်းကန်ခွက်ယောက်အကွဲများကိုဆက်လက်အသုံးပြုခြင်း
ထမင်းအိုး၊ဟင်းအိုးအကွဲတွေ၊ ပန်ကန်ခွက်ယောက်အကွဲတွေကို လွှင့်မပစ်ဘဲ၊ မပြုပြင်ဘဲ အကွဲအတိုင်းပဲဆက်သုံးနေတာက အဆင်မပြေမှုတွေကို ကြာရှည်ဖြစ်စေတယ်လို့ပြောနိုင်ပါတယ်။ အဆင်မပြေတာတွေအမြန်ဆုံးပြေလည်ချင်တယ်ဆိုရင်တော့ အဲ့ဒီအကွဲတွေကို ပြန်လည်ပြုပြင်ပြီးမှသုံးရင်သုံး ဒါမှမဟုတ်လည်း လွှင့်ပစ်ပြီး အသစ်ဝယ်သုံးပါ။
(၅) အိပ်ခန်းထဲမှာသံလိုက်ရှိနေခြင်း
သံလိုက်တွေကို ရေခဲသေတ္တာမှာကပ်ထားတာက ဘာပြဿနာမှမရှိပေမယ့် အိပ်ခန်းထဲမှာထားရင်တော့ သံလိုက်ကနေထုတ်လွှတ်တဲ့ သတ္တိတစ်မျိုးကြောင့် အချစ်ရေးနဲ့ငွေရေးကြေးရေးကံကိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အချစ်ရေးနဲ့ငွေကြေးကံကောင်းချင်ရင် သံလိုက်ကိုအိပ်ခန်းထဲမှာ မထားမိအောင် ဂရုစိုက်ပါ။
ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်နံပါတ်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့အကြောင်းအရာများ
အိမ်ဆောက်ရင် ဘေးအန္တရယ်ကင်းအောင် လှေကားထစ် ဘယ်နှထစ်ထားရမလဲ
ကံကောင်းစေဖို့ အိမ်တွင်းမှာထားသင့်တဲ့ အရာ(၇)မျိုး
အိမ်ဝင်းအတွင်း မစိုက်အပ်သောအပင်များနှင့် အိမ်ဆောက်တဲ့အခါ မဖြစ်မနေ သိထားသင့်တဲ့ အရေးကြီးတဲ့အချက်များ
Ref By: Ainnpya
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties