By Sint Sint, Shweproperty.com
Updated at 20 December 2020
မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်"မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။ ဖုန်းရွှေပညာစာအုပ်မှာတော့ (T) ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်။ "လှည်းဦးတိုက်၊ လှေဦးတိုက်" မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။
လမ်းဦးတိုက် အိမ်
လမ်းဦးတိုက် လှည်းဦးတိုက်အိမ်တွေမှာ နေတဲ့သူတွေဟာ အဲ့ဒီအိမ်ရဲ့ အခိုက်အညံ့ဒဏ်ကို ခံရလေ့ရှိပါတယ်။ လမ်းဦးတိုက်အိမ်ဆိုတာ က လမ်းတည့်တည့်ကြီးမှာ ဆောက်ထားတဲ့ အိမ်ကို ဆိုလိုတာပါ။ဆိုးကျိုးတွေ အနေနဲ့ကတော့ အဲ့ဒီအိမ်မှာ နေနေသမျှ ကာလပတ်လုံး စီးပွါးရေး ကျဆင်းလာခြင်း လုပ်သလောက် အရာမထင်ခြင်း သားတကွဲ မယားတကွဲဖြစ်ခြင်း ၊အမှုအခင်း ပြဿနာဖြစ်ခြင်း ကျန်းမာရေး ချုချာလာပြီး အိမ်သူ အိမ်သားတွေမှာ ဆေးရုံ ဆေးခန်းမပြတ်သွားလာနေရခြင်း စသော ဆိုးကျိုးတွေ တစ်ခုပြီး ကြုံတွေ့ရတတ်ပါတယ်။မြန်မာ့ရှေးထုံးစဉ်လာ ရိုးရာဗေဒင်အနေနဲ့ကတော့ အဲ့ဒီအိမ်မျိုးကို မနေသင့် မနေအပ်တဲ့ အိမ်လို့ ပြောကြလေ့ရှိပါတယ်။ အဲ့ဒီလို အိမ်မျိုးမှာ မဖြစ်မနေ နေထိုင်မိပြီဆိုရင်တော့ အခုဆရာပြောတဲ့ လုပ်နည်း ကိုင်နည်းတွေ စီရင်ပြီး အညံ့တွေကို ချေဖျက်ထားလိုက်ပါ။လမ်းဦးတိုက်မှာအိမ်ဆောက်ထားမိရင် ကာကွယ်ချေဖျက်ဖို့က အိမ်တံခါးမကြီးကို လမ်းနဲ့ တည့်တည့်နေရာကနေ လွှဲပေးလိုက်ပါ။ဒီနည်းထက်ပိုကောင်းတဲ့နည်းကလည်း အိမ်တံခါးရဲ့ အပေါ်မှာ ၆လက်မအရွယ်မှန်ဝိုင်းလေးတစ်ချပ်ကို ချိတ်ဆွဲလိုက်ပါ။
မှန်အလယ်မှာ မာကင်ပင်အနီနဲ့ စတုရန်းကွက်ဆွဲထားပြီး ချိတ်ဆွဲထားလိုက်ပါ။နောက်တစ်နည်းကလည်း အုတ်တံတိုင်းမြင့်မြင့် ကာထားတာမျိုး၊အိမ်ရှေ့ ခြံဝင်းထဲမှာ ရေပန်းတစ်ခု ချိတ်ဆွဲထားတာမျိုးကလည်း အညံ့တွေကို ပြေပျောက်စေပါတယ်။လမ်းဦးတိုက် အိမ်မှာ နေတဲ့လူတွေ အမြန်ဆုံး စီးပွါးဖြစ်ထွန်းချင်တယ်ဆိုရင်တော့ စတိုးဆိုင် လက်ဘက်ရည်ဆိုင် ကုန်စုံဆိုငိဖွင့်ထားနိုင်ရင် အမြန်ဆုံးစီးပွါးဖြစ်လာပါလိမ့်မယ်။နောက်တချက်ကလည်း ရုပ်ရှင်ရုံ ဗီဒီယိုရုံ အရက်ဆိုင် ဘီယာဆိုင် k .t .v ပျော်ပွဲစားရုံ စတဲ့စီးပွါးရေးတွေ လုပ်ဆောင်နိုင်ရင်လည်း အထူးကောင်းပါတယ်။အထက်ကပြောခဲ့တာတွေ တစ်ခုမှ မလုပ်နိုင်ဘူးဆိုရင်တော့ မဖြစ်မနေလုပ်ပေးရမှာက သင်နေတဲ့ လမ်းဦးတိုက် အိမ်ရှေ့မှာ ရေအိုးစင်လေးတော့ တည်ပေးလိုက်ပါဗျာ။အိမ်ရဲ့ အညံ့လေးတွေ လွတ်သွားအောင်လို့ပါ။
ဪတစ်ခုလောက် ထပ်ပြောဦးမယ်။မြန်မာနိုင်ငံက အိမ်ထောင်ဦးစီးတွေအတွက်ပါ။
အိမ်ထောင်ဦးစီးဟာ တနင်္ဂနွေသားသမီးဆိုရင် တောင်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ပါဘူး။ဘုမ္မိအရပ်မျက်နှာမူထားတဲ့ အိမ်ဖြစ်လို့ပါပဲ။ ကျန်းမာရေး စီးပွါးရေး လူမှုရေးကစလို့ အစစအရာရာ ဘာတစ်ခုမှ ကောင်းကွက်မရှိပါဘူး။ဘာယတြာမှလည်း လုပ်မနေပါနဲ့။အဲ့ဒီအိမ်ကနေ အမြန်ဆုံးပြောင်းပါလို့ပဲ အကြံပြုပါရစေ။
တနင်္လာသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ အနောက်တောင်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။
အင်္ဂါသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ အနောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။
ဗုဒ္ဓဟူးသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ အနောက်မြောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။
ကြာသပတေးသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ အရှေ့မြောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။
သောကြာသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ အရှေ့တောင်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။
စနေသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ မြောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအိပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။
"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်။ဖုန်းရွှေပညာမှာရော ၊ မြန်မာ့ရိုးရာ ရှေးထုံးအစဉ်လာနည်းမှာရော မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်။ဒါပေမယ့် မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာ နည်းမှာတော့ "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ဈေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။ စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့။
အမှန်တော့ " ဈေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်မယ်။ မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။" ဈေးကွက်မြင်ကွင်း"အားသာမှုရှိလို့ပြောရင်မှန်တယ်။လူနေရင်ခိုက်တယ်ဆိုတာပြန်ပြီးစဉ်းစားကြည့်ပါ။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်ကို ခိုးခြင်၊ ဝှက်ခြင်၊ လုယက်တိုက်ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်းတွေဟာ အိမ်ထဲတန်းဝင်လာမှာပဲ။ ရှေ့တူရှုလမ်းက အသုဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်။
ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံဝင်လာတာမျိုးကို ခနခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။ ဒါပေမယ့် "ဒီလို "လှည်းဦးတိုက်၊လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကွာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။
- တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။
- ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊ အိမ်အဝင်အ၀ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား၊ ချိတ်ဆွဲထားရမယ်။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်တွေမှာမှန် ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်တစ်ချပ်ရဲ့အလယ်မှာ အနီရောင်နဲ့ စတုရန်းအကွက်လေး(1"or 2")ပတ်လည် အကွက်လေးရေးထားရမယ်။
- အိမ်ဝမှာ အသောကပင်တွေ စိုက်ထားတာမျိုး အုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားအရ မဖြစ်နိုင်ပါဘူး၊ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။
လှေဦးတိုက်လှည်းဦးတိုက်လမ်းဦးတိုက်အိမ်တွေမခိုက်ရအောင်ဘယ်လိုလုပ်မလဲ?
တစ်ချို့သောယုံကြည်မှုအရလှေဦးတိုက် လှည်းဦးတိုက် လမ်းဦးတိုက်အိမ်မှမဟုတ်ပါဘူး ထောင့်ကျတဲ့နေရာက အိမ်တွေလည်း ခိုက်တတ်ပါတယ်တဲ့။ကဲဘယ်လိုမျိုးလေးကာကွယ်ကြမလဲ?
(၁) လူနေအိမ်ဆောက်မယ်ဆိုရင် မျက်နှာစာမှာ သစ်ဟောင်း (သို့) သံဟောင်း (သို့) )ဝါးဟောင်း တို့ထည့်ပြီးဆောက်ရပါတယ် ။အညံ့အခိုက်ပျောက်ကင်းစေအောင်ပါ။
(၂) ဆောက်ပြီးသားအိမ်ဖြစ်မယ်ဆိုလည်း လမ်းဘက်ကိုလှည့်ပြီး မှန်လေးတစ်ချပ်ချိတ်ထားပေးပါ။
(၃) တရုတ်လောကီအယူအဆတွေအရ လမ်းဘက်ကိုလှည့်ပြီး ကျားခေါင်းပုံတစ်ပုံချိတ်ဆွဲထားပေးပါ။
(၄) အများသူငါသောက်သုံးနိုင်ဖို့ ရေအိုးစင်လေးဆောက်ထားပေးပါ။
(၅) ဒါလေးကတော့ အရေးအကြီးဆုံးအချက်ပါ ။လှေဦးတိုက် လှည်းဦးတိုက် လမ်းဦးတိုက်နေရာမျိုးမှာ လူနေအိမ်ဆောက်တာထက် ဈေးဆိုင်အရောင်းဆိုင်မျိုးဖွင့်လှစ်မယ်ဆိုရင် စီးပွားတိုးတက်နိုင်ပါတယ်။
အရေးကြီးဆုံးကတော့ (Y) ပုံလမ်းဆုံ, "ကြက်လျှာစွန်းပုံမြေနေရာ", တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်က အရှောင်သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ
ဝါတွင်းကာလ အိမ်ပြောင်း၊ အိမ်ဆောက်၊အိမ်ထောင်မပြုရဆိုတာ မှန်သလား
စီးပွားတက်မည့်အိမ်နှင့် ရေဆန်အိမ်တို့ဆိုတာ
မြေဝယ်သူတွေ စိစစ်ရမယ့် အရေးကြီးဆုံး အချက် (၂၃) ချက်
အိမ်နံပါတ်နှင့် သင့် ကံကြမ္မာ
Credit : Nalonetardiary and ကို၀င်းဇော်(သစ်တော)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties