By U Myint Lwin, Shweproperty.com
Updated at 22 November 2017
(၁) ပေးကမ်းခြင်းဆိုုသည်မှာ တည်ရှိသည့် ရွှေ.ပြောင်းနိုုင်သည့်ပစ္စည်း(သိုု.) မရွှေ.မပြောင်းနိုုင်သည့် ပစ္စည်းတစ်စုံုတစ်ရာကိုု ပေးသူ(Donor) က လက်ခံရယူသူ (Donee)သိုု. အဖိုုးစားနားမပါဘဲ မေတ္တာသက်ဝင်၍ အလိုုအလျောက်လွဲှပြောင်းပေး၍ လက်ခံယူသူက(သိုု.) ၎င်း၏ကိုုယ်စားလှယ်က လက်ခံရယူလ ျှင် ထိုုသိုု.လွဲှပြောင်းပေးခြင်းကိုု ပေးကမ်းခြင်းဟုု ခေါ်သည်။
ထိုုသိုု.ပေးကမ်းခြင်းကိုု လက်ခံယူမည့်သူ အသက်ရှိနေစဉ် လက်ခံယူခြင်းဖြစ်ရမည်။ လက်ခံယူခြင်းမပြုမီ လက်ခံမည့်သူ သေဆုံုးလ ျှင် ပေးကမ်းခြင်းပျက်ပြယ်သည်။ (ပစ္စည်းလွဲှပြောင်းခြင်းဥပဒေ ပုုဒ်မ-၁၂၂)
(၂) ၁၉၂၂ ခုုနှစ်၊ ပစ္စည်းလွဲှပြောင်းခြင်းဥပဒေအရ မရွှေ.မပြောင်းနိုုင်သည့် ပစ္စည်းတစ်စုံုတစ်ရာကိုု ပေးကမ်းလိုုလ ျှင် ပုုဒ်မ-၁၂၂ အရ ပေးကမ်းခြင်းအထမြောက်ရန်အလိုု.ဌာ-
* ပေးကမ်းသူနှင့် လက်ခံသူ ရှိရမည်။
* ပေးကမ်းသည့်ပစ္စည်းသည် ပေးကမ်းသူ၏ လက်ရှိပစ္စည်းဖြစ်ရမည်။
* ပေးကမ်းသူက အလိုုအလျောက် အဖိုုးစားနားမရှိဘဲ ပေးကမ်းခြင်းဖြစ်ရမည်။
* ပေးကမ်းသူက မိမိပိုုင်ပစ္စည်းကိုု လွဲှပြောင်းပေးရမည်။
* ပေးကမ်းသောပစ္စည်းကိုု လက်ခံသူက ပေးသူအသက်ရှင်ဆဲ ပေးနိုုင်သည့်အခြေအနေရှိစဉ်က လက်ခံရမည်။
* ပေးကမ်းခြင်းကိုု မှတ်ပုံုတင်စာချုပ်ဖြင့်ပြုလုုပ်၍ အသိသက်သေနှစ်ဦး လက်မှတ်ရေးထိုုးရပါမည်။
(၃) စိန်၊ ရွှေ အစရှိသော ရွှေ.ပြောင်းနိုုင်သည့်ပစ္စည်းကိုု ပေးကမ်းလ ျှင် စာချုပ်ပြုလုုပ်၍ဖြစ်စေ၊ လက်ရောက်ဖြစ်စေ ပေးပါက ခိုုင်မာတည်မြဲပါသည်။
(၄)ပေးကမ်းခြင်းနှင့် လှူဒါန်းခြင်းမှာ အတူတူဖြစ်၍ လှူဒါန်းခြင်းကိုုလည်း ပေးကမ်းခြင်းအတိုုင်း ဆောင်ရွက်ရပါမည်။ (၅) ပေးကမ်းခြင်းကိုု အောက်ပါကိစ္စများပေါ်ပေါက်က ရပ်ဆိုုင်း/ဖျက်သိမ်းနိုုင်သည်။ * ပေးကမ်းသူ၏ဆန္ဒအရမဟုုတ်ဘဲ အကြောင်းတစ်စုံုတစ်ရာပေါ်ပေါက်က ပေးကမ်းခြင်းကိုု ရုုပ်သိမ်းနိုုင် သည်ဟုု သဘောတူညီထားခြင်း။
* ပေးကမ်းသူတစ်ဦးတည်း၏ ဆန္ဒအရ အားလုံုးသော်လည်းကောင်း၊ တစ်ချို.တစ်ဝက်သော်လည်းကောင်းပျက်ပြယ်စေရန် သဘောတူညီချက်ဖြင့် ပေးကမ်းခြင်း။
* ပျက်ပြယ်စေနိုုင်သောပဋိညာဉ်ပါ အကြောင်းတစ်ရပ်ရပ်ကြောင့် ပြုလုုပ်ခဲ့ရလ ျှင် (ပစ္စည်းလွဲှပြောင်းခြင်းအက်ဥပဒေ ပုုဒ်မ-၁၂၆)
(၆) တံဆိပ်ခေါင်းဥပဒေအရ တန်းဖိုုးငွေအလိုုက် မိသာစုုခံဝန်ချုပ်ဖြင့် ပေးကမ်းခြင်း ၁.၅% ထမ်းဆောင် ရမည်။
(၇) မှတ်ပုံုတင်ခမှာ စာချုပ်တန်ဖိုုးငွေ၏ ပထမ ၁၀၀၀၀၀ိ/- အတွက် (၃၁၀ိ/-)နှင့် ကျန်တန်ဖိုုးငွေများကိုု ၁၀၀၀ိ/- လ ျှင် (၂ိ/-) နှုုန်းဖြင့် ပေးဆောင်ရပါမည်။
(၈) မှတ်ပုံုတင်စာချုပ်စာတမ်းပြုလုုပ်၍ ပစ္စည်းလွဲှပြောင်းခြင်းအက်ဥပဒေနှင့်အညီ ပေးကမ်းသော်လည်း အမွေခံ အမွေစားများ၏ အခွင့်အရေးဆုံုးရံှုုးလောက်အောင် ရှိသမ ျှပစ္စည်းအားလုံုးကိုုမူကား မပေးကမ်းနိုုင်။(ဒေါ်သိုုင်းနှင့် ဒေါ်ငွတ်၊ ၁၉၄၉ ၊ မတစ၊ လွှတ်တော် ၄၇၁)
(၉) မရွှေ.မပြောင်းနိုုင်သော ပစ္စည်းတစ်ခုုခုုကိုု မှတ်ပုံုတင်စာချုပ်မပြုလုုပ်ဘဲ ပေးကမ်းလ ျှင် တရားမဝင်၊ ပစ္စည်းရသူသည် မှတ်ပုံုတင်စာချုပ်မရှိဘဲ ပစ္စည်းကိုု တောင်းဆိုုပိုုင်ခွင့်မရှိပေ။ (မောင်ပုုနှင့် ဦးသာပြေ၊ ၁၉၄၈၊ မတစ၊ ၇၁၇)
Ref : U Myint Lwin
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties