By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 23 April 2019
အိမ်အလည်သွားတဲ့အခါမှာ ကျောက်စိမ်းနဲ့ ထုထွင်းထားတဲ့ လိပ်ရုပ်အဆောင်လေးတွေ အိမ်တချို့ရဲ့ ဧည့်ခန်းမှာထားတက်ကြတာကို မြင်တွေ့ဖူးကြမှာပါ။ ဘာလို့ ဒီကျောက်စိမ်းလိပ်ကလေးကို ထားလဲဆိုတော့ ကျောက်စိမ်းဟာ အိမ်ရဲ့ ကြွယ်ဝမှုကို ပြနိုင်တဲ့ ရတနာတစ်မျိုးပါ။
လိပ်ကတော့ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး သတ္တဝါတစ်မျိုးဖြစ်တဲ့အပြင် ဖုန်းရွေသဘောအရ မိသားစုအချင်းချင်းကာကွယ်စောင့်ရှောက်တက်ခြင်း၊ စည်းလုံးခြင်း၊ အသက်ရှည်ခြင်း၊ ပိုင်ဆိုင်မှုပေါများခြင်းကို ဆောင်တဲ့ သင်္ကေတပါ။
ဒီတော့ လိပ်ရုပ်ကို ဘာလို့ အဆောင်အနေနဲ့ ထားရှိလဲဆိုတာကို အနဲအကျဉ်းသဘောပေါက်လိမ့်မယ် လို့ထင်ပါတယ်။ ဒီ့အပြင် လိပ်ရဲ့ ကျောကုန်းမှာ ဂမ္ဘီရဆန်ဆန် အကွက်အပြောက်တွေ ရှိနေတာကြောင့် ပိုပြီး အိမ်ရဲ့ချီဓာတ်တွေကို တိုးမြှင့်စေပါတယ်။
လိပ်သုံးကောင်ဆင့်ထားတဲ့ အဆောင်အရုပ်လေးတွေကိုတော့ အိမ်ရှိ မိသားစုရဲ့ စည်းစည်းလုံးလုံးနဲ့ ချစ်ခင်ရင်းနှီးစေပြီး အချင်းချင်းကူညီတက်စေဖို့အတွက် ဆောင်ထားသင့်ပါတယ်။
လိပ်ကို အိမ်ရဲ့မြောက်ဘက်မှာ အဆောင်အဖြစ်ထားသင့်ပါတယ်။ မိသားစုတွေရဲ့ အလုပ်ကံကောင်းစေဖို့၊ စီးပွားရေးတိုးတက်စေဖို့အတွက် ဧည့်ခန်း၊ ထမင်းစားခန်းတွေရဲ့ မြောက်အရပ်မှာ ထားရပါမယ်။ ကျန်းမာရေးနဲ့ ကံကောင်းစေဖို့အတွက် အိပ်ခန်း၊ ကုတင်ထောင့် အရှေ့အရပ်မှာ ထားရပါမယ်။ ရေချိုးခန်းနဲ့ မီးဖိုချောင်ကလွှဲပြီး မိမိစိတ်ကြိုက် အလှဆင်ရင်း ဆောင်ထားနိုင်ပါတယ်။
မွန်လူမျိုးတွေကတော့ လိပ်ကို ကံဆိုး၊ လာဘ်တိတ်စေတယ်လို့ အယူရှိပင်မယ့် ဖုန်းရွှေပညာမှာတော့ အိမ်တစ်အိမ်ရဲ့ ချမ်းသာကြွယ်ဝခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အသက်ရှည်ကျန်းမာခြင်းကို ဆောင်ကျဉ်းပေးနိုင်တဲ့ အတိတ်နိမိတ်ရှိစေတဲ့ အဆောင်ပါ။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Facebook
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties