By Ra Wai, Shweproperty.com
Updated at 17 June 2020
ရှေးမြန်မာမင်းများသည် အစဉ်အဆက်ဆက်ကပင် သာသနာ့မြေ(ဝတ္ထုကံမြေ) သုံးမျိုးသုံးစား ခွဲခြားထား ကြောင်း တွေ့ရပါသည်။
(က) ဘုရားစေတီ ပုထိုးဝတ္တုကံမြေ စေတီဝတ္ထက၊ အရှင်နာလက ဟုအဆိုရှိပါသည်။ ဂေါ်တမမြတ်စွာဘုရား ၏ သာသနာ့မြေတွင် မောနေယျအကျင့်ကိုကျင့်သောပုဂ္ဂိုလ်တို့အနက် အရှင်နာလကမထေရ်သည် မောနေယျ အကျင့်ကို အထက်ဆုံး အမြတ်ဆုံးပြု၍ ဖြည့်ကျင့်သော ဥက္ကဋ္ဌပုဂ္ဂိုလ်ဖြစ်သည်။ အရှင်နာလကမထေရ် ပရိနိဗ္ဗာန်စံဝင်သည့်အခါ သရီယဓာတ်တော်တို့ကို ကောက်ယူ၍ ဘုရားကိုယ်တိုင် စေတီတည်ထား စေတော်မှုရာမှ အစ ဘုရားစေတီဝတ္တကမြေ ဖြစ်ပေါ်သည်ဟု သိရပါသည်။
မြတ်စွာဘုရား၏ဆံတော်ကို ပင့်ဆောင်သော တဖုဿ၊ ဖလိက ညီနောင်သည် ဘုရားမတည်မီ ဆံတော်များကို နည်းတော်အတွင်းတွင် ကိုးကွယ်ခဲ့သည်။ နောင်ရွှေတိဂုံဆံတော်တည်ထားသည့်အခါ စေတီတော်ဝတ္တက မြေဖြစ်လာသည်။ ပုဂံရာဇဝင်တွင် ကျန်စစ်မင်းကြီးသည် စေတီတော်များပြုပြင်ထိန်းသိမ်းမှုရှိစေရန် မြေနှင့် တကွ ရွာများမှ ထွက်ရှိသော အခွန်ဘဏ္ဍများကို ဘုရားဝေယျာဝစ္စများအတွက် လှူဒါန်းကြောင်း ပုဂံရာဇဝင် ကုသိုလ်တော်စာများတွင် တွေ့ရသည်။ ထို့ကြောင့် ဘုရားစေတီ ဝတ္ထကံမြေသည် ဗုဒ္ဓဝင်မဟာဝင်နှင့် ရာဇဝင် များ တွင် ရှိနှင့်ပြီးဖြစ်ပါသည်။ ဘုရားစေတီဝတ္ထကံမြေသည် သာသနာငါးထောင်ကာလပတ်လုံး တည်တံ့စေရန် ရည်ရွယ်လှူဒါန်းသော မြေဖြစ်ပါသည်။ ထိုမြေပေါ်မှရရှိသော အခွန်အတုတ်မြေများကို ဘုရားစေတီဝေယျာဝစ္စ အတွက်သုံးစွဲရန် ရည်ရွယ်ကြပါသည်။
(ခ) ပိဋကတ်ဝတ္ထုကံမြေအစ ပဉ္စမသင်္ဂါယနာတင်ရာမှ အစဟု ဆိုကြပါသည်။ ပိဋကတ်ဝတ္ထကံမြေမှာ ရှေးယခင်က သီးသန့်ဖြစ်ပေါ်မှုမရှိပေ။ တတိယသင်္ဂါယနာတင်ပြီးနောက်ပိုင်း ကာလတွင် လင်္ကာဒီပကျွန်း၊ သီရိလင်္ကာနိုင်ငံတွင် သူပုန်သူကန်ဘေးကျရောက်ခဲ့သည်။ ဘုရားရှင် ပိဋကတ်တော်ကိုဆောင်သော ရဟန်း သံဃာအရှင်သူမြတ်တို့သည် သူပုန်သူကန်ဘေးကြောင့် ခန္ဓာမကြွေရုံ ပြေးလွှားကြရသည်။ ပစ္စည်းလေးပါးကို ပင်ပန်းကြီးစွာရှာကြ ရသည်။ ဘုရားရှင် ဓမ္မစစ် ဓမ္မအနှစ်သာရများ မပျောက်မပျက် မတိမ်ကောရန် ဒုက္ခဆင်းရဲကြားမှ နုတ်ငုံဆောင်ခွဲ ကြရသည်။ သာသနာပြုမင်းများလက်ထက်တွင် ဘုရားရှင် တရားစစ် တရားမှန် ပိဋကတ်တော်များ ကွယ်ပျောက်မည်စိုး၍ စတုတ္ထသင်္ဂယနာ တင်ပြီးနောက် ပေထက်အက္ခရာတင် ခဲ့သည်။ ပိဋကတ်ပေစာများ သိုမှီးထားရှိရန် ကျောက်တိုင်များ လှူရာကအစ ပိဋကတ်ကျောင်း ဝတ္ထကမြေ များဖြစ်လာသည်ဟု သိရပါသည်။
ထို့နောက် ပဉ္စမသင်္ဂါယနာတင်သည့်အချိန်တွင် ဆရာတော် သံဃာတော်ကြီးများ မိန့်ကြားချက်အရ မင်းတုန်း မင်းတရားကြီးသည် ဗုဒ္ဓတရားနှင့်စာပေများကို ပေထက်အက္ခရာအဖြစ်တင်၍ ကျောက်စာတိုင်များ စိုက်ထူ လှူဒါန်းနိုင်ခဲ့ပါသည်။ မန္တလေးနန်းတော် အရှေ့ဘက် အတုမရှိကျောင်းတော်တွင် ဘုရားမြေနှင့် ပိဋကတ် ကျောက်စာတိုင်မြေ တွဲဖက်လှူဒါန်းခဲ့ရာမှ ပိဋကတ်ဝတ္တုကံမြေဖြစ်လာသည်ဟု မှတ်သားရပါသည်။ ပိဋကတ်ဝတ္ထုကံမြေသည် မပျောက်ပျက်စေရန် ထိန်းသိမ်းထားရှိရန် ရည်ရွယ်လှူဒါန်း ထားသော မြေဖြစ် ပါသည်။ ထိုမြေယာပေါ်မှ ရရှိသည့် အခွန်အတုတ်၊ မြေစုမြေခွန်များဖြင့် ကျမ်းဂန်များပြုစုရေး၊ ထိန်းသိမ်းစောင့် ရှောက်ရေး ပိဋကတ်စာပေသင်ကြားပို့ချရေး စသည့် သာသနာအတွက် သုံးစွဲရန်ရည်ရွယ်ကြပါသည်။
(ဂ) သံဃာ့ဝတ္ထုကံမြေမှာ ဘုရားရှင်းနှင့် တပည့်သံဃာတော်များ သီတင်းသုံးရာမြေဖြစ်သည့် အတွက် ဘုရား ရှင်အား လှူဒါန်းသော ဝေဋ္ဌုဝန်ကျောင်းမြေကအစ ဘုရားရှင် သံဃာတော်များ၏ ဝတ္ထုကံမြေ ခေါ်လောက်သည် ဟု မဟာဗုဒ္ဓဝင်ကျမ်းအရ သိရပါသည်။ သံဃာ့ဝတ္ထုကံမြေသည် သံဃာတော်တစ်ပါးအတွက် ဖြစ်စေ၊ သံဃာတော်အများအတွက်ဖြစ်စေ၊အသုံးပြုရန်ရည်ရွယ် လှူဒါန်းသောမြေမျိုးဖြစ်ပါသည်။ ရဟန်းတစ်ပါးသည် မိမိအတွက်ရည်ရွယ်လှူဒါန်းသည့် မြေကိုစွန့် ပစ်ခဲ့သော “အသာမိက” မြေအဖြစ်ရောက်၍ အရာတော်မြေဖြစ်သွားပါသည်။ စွန့်ပစ်ခြင်းမရှိဘဲ ပျံလွန်တော်မူ လျှင် သံဃာ့မြေအဖြစ်ပြောင်း၍ သံဃာတော်များပိုင်သွားသည့် သံဃာ့ဝတ္ထုကံမြေဖြစ်၍ သာသနာတည်မြဲသမျှ တည်မြဲပါသည်။
( ဦးအောင်မြတ်ကျော် ၊ မြန်မာနိုင်ငံမြေယာအုပ်ချုပ်မှု ယန္တရားနှင့် အသုံးချမြေယာဥပဒေများ၊ စာ ၄၁ ) ။
Ref & Photo Credit: DVB LawLab
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties