By Sint Sint, Shweproperty.com
Updated at 4 December 2020
Unicode
(၁)အိမ်ထဲမှာထီးမလှန်းပါနဲ့။အိမ်စောင့်နတ်ကိုယ့်မျက်တတ်တယ်။
(၂) နာရီအကွဲအပျက်ချိတ်မထားပါနဲ့။ရုတ်တရက်မြည်လျှင်သေနိမိတ်ပါ။
(၃)ဘယ်ပန်းအိုးမှပန်းဖြူ၊ပန်းနီနှစ်မျိူးထည့်တွဲမထိုးပါနဲ့။မတော်တဆထိခိုက်မူဖြစ်တတ်တယ်။
(၄)နံရံကိုဆေးအစိမ်းရောင်မသုတ်ပါနဲ့။ရုတ်တရက်အဆိပ်မိတာမျိူးဖြစ်တတ်ပါတယ်။
(၅)အိမ်ထဲမှာပုဆိန်၊ပေါက်တူး၊စတာတွေမထားပါနဲ့။အိမ်သားတွေမကြာခဏခိုက်ရန်ဖြစ်ပွားတတ်တယ်။
(၆)အိမ်ထဲမှာလုပ်ကုလားထိုင်မထားပါနဲ့မကျွတ်မလွတ်တွေရှိရင်မြူးတတ်ပါတယ်။
(၇)ဆူးပါတဲ့ပန်းတွေအပင်တွေအိမ်ထဲမှာမစိုက်ပါနဲ့။အလုပ်အကိုင်အဆင်မပြေဖြစ်တတ်ပါတယ်။
(၈)အိမ်ထောင်သည်တွေကုတင်၊အိပ်ယာဘေးမှန်မချိတ်ပါနဲ့။ဖောက်ပြန်တတ်ပါတယ်။(အိပ်ရင်းကြည့်မရအောင်လွှဲချိတ်ထားပါ)
(၉)မနက်အိပ်ယာမသိမ်းပဲမထားပါနဲ့။ညတော်တော်နဲ့အိပ်မပျော်ဖြစ်တတ်ပါတယ်။
(၁၀)တိရစ္ဆာန်အစစ်တွေရဲ့အေရခြံ၊အရိုး၊ဦးခေါင်းစတာတွေနဲ့အိမ်ကိုအလှမဆင်ပါနဲ့။ကံညံနေတတ်တယ်။
(၁၁) နံရံမွာလှေကားထောင်ရက်မထားပါနဲ့။အမူအခင်းကြုံ၊စွပ်စွဲခံရတတ်ပါတယ်။
(၁၂) တစ်အိမ်တည်းဘုရားစင်နှစ်နေရာခွဲမထားပါနဲ့။သားသမီးတွေကံညံတတ်ပါတယ်။
အိမ်အသစ်ဆောက်မည့်သူများအိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လားမဆိုင်လားဗဟုသုတအနေဖြင့်ဖတ်ပါ.......
ကျနော်တို့အိမ်ပြောင်းပြီးမှအိမ်စီးပွားရေးသိသိသာသာကျသွားတယ်။မိသားစုအိမ်ထောင်ရေးတွေလည်းအဆင်မပြေဖြစ်နေတယ်မှန်မမှန်ပြောပြပေးပါနော်။အိမ်ဆောက်တော့မည်ဆိုလျှင် လှေခါးဘယ်နှစ်ထစ်လုပ်မလဲ။
အိမ်တွေ အဆောက်အဦးတွေ အမျိုးမျိုးဆောက်လုပ်ကြတယ်။အိမ်ဆောက်တဲ့အခါ အိမ်သာဖို့နဲ့အိမ်မခိုက်ရအောင် လောကီမင်္ဂလာအရသတိပြု ဆင်ခြင်စရာဆောင်ရန်ရှောင်ရန်တွေအတော်အများများရှိတဲ့အထဲကလှေခါးနဲ့ပတ်သက်ပြီးမှတ်သားရမိသလောက်တင်ပြပါရစေ။
တိုက်အိမ်တွေ သစ်သားအိမ်တွေ ဝါးအိမ်တွေ အမျိုးမျိုးပေါ့။ဘယ်လိုအမျိုးအစားဘဲဆောက်ဆောက် တစ်ထပ်နှစ်ထပ်ကအစ အထပ်မြင့်တွေဆောက်လဲ လှေခါးကတော့လုပ်ရတာပါဘဲ။
လှေခါးသုံးမျိုးရှိတယ်။အဲဒါတွေကဒီလိုဗျာ့ (၁) လာဘလှေခါးထစ် (၂) သုခလှေခါးထစ် (၃) မရဏလှေခါးထစ်ဆိုပြီးရှိပါတယ်။လှေခါးအထစ်အရေ အတွက်ပေါ်မူတည်ပြီး အကျိုးပြုတာရှိသလို အကျိုးမဲ့စေတဲ့လှေခါးရှိတယ်။
ဒီလိုဗျာ့ ၁ထစ် ၄ထစ် ၇ထစ် ၁၀ထစ် ၁၃ထစ်လို အရေအတွက်ရှိတဲ့လှေခါးမျိုးကို လာဘလှေခါးထစ်လို့ခေါ်ပြီး အိမ်ထောင်မိသားစုအတွက် လာဘ်လာဘရွှင်စေတဲ့ အကျိုးကိုခံစားရသတဲ့။
၂ထစ် ၅ထစ် ၈ထစ် ၁၁ထစ် ၁၄ထစ်လိုအရေအတွက်ရှိတဲ့လှေခါးကိုတော့ သုခလှေခါးထစ်လို့ခေါ်ပြီး အိမ်ထောင်မိသားစု အတွက်စိတ်ချမ်းမြေ့ခြင်းအကျိုးကိုခံစားရပါသတဲ့။
၃ထစ် ၆ထစ် ၉ထစ် ၁၂ထစ် ၁၅ထစ်လို အရေအတွက်ရှိတဲ့ လှေခါးကို မရဏလှေခါးထစ်လို့ခေါ်ပြီး အိမ်ထောင်မိသားစုအတွက် ဘေးအန္တရာယ်ကြုံခြင်းအိမ်ခိုက်ခြင်းစတဲ့ မကောင်းတဲ့အကျိုးကိုခံစားရတတ်ပါတယ်လို့ ဆိုတယ်။
အလွယ်မှတ်လို့ကောင်းတာကတော့ လှေခါး၃မျိုးကို အစဉ်လိုက်၁၊၂၊၃မှတ်ပြီး ၁ကို၃ဂဏန်းကိုအစဉ်လိုက်လိုက်ပေါင်းသွားရတဲ့ ပေါင်းလဒ်တွေဟာ လာဘလှေခါးထစ်တွေဘဲ။အလားတူ ၂ကသုခလှေခါးထစ် ၃ဂဏန်းတွေပေါင်းရတဲ့ပေါင်းလဒ်တွေဟာသုခလှေခါးထစ်ဒီလိုဘဲ ၃ကမရဏလှေခါးထစ် ၃ဂဏန်းတွေပေါင်းရတဲ့ပေါင်းလဒ်တွေဟာ မရဏလှေခါးထစ်တွေပါဘဲလို့တင်ပြရင်း မိတ်ဆွေတို့အဆောက်အဦးဆောက်ရင်စဉ်းစားချင့်ချိန်ရွေးချယ်နိုင်ကြပါစေလို့........
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ မိဘများက သားသမီးအမည်ဖြင့် ဝယ်ထားသည့် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်
မြေအမျိုးအစားများနှင့် မြေကွက်နှင့်တိုက်ခန်းတွေကို ရောင်း/ဝယ်တဲ့အခါ အလိမ်မခံရအောင် တစ်ဆင့်ခြင်း ဘယ်လိုစာရွက်စာတမ်းတွေကို စစ်ဆေးယူရမလဲ
တိုက်ခန်းများအတွက် ဖုန်းရွှေ အပိုင်း ၁
Zawgyi
သတိမထားမိကြတဲ့အိမ်နိမိတ် ၁၂ ချက်နှင့် အိမ်အသစ်ဆောက်မည့်သူများအိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လား
Credit : Eainshinma
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties